မွန်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲကို SKYNET နဲ့MRTV သာ ဖိတ်ခေါ်မှု ဒေသတွင်းမီဒီယာသမားတွေဝေဖန်

မွန်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲကို SKYNET နဲ့MRTV သာ ဖိတ်ခေါ်မှု ဒေသတွင်းမီဒီယာသမားတွေဝေဖန်

အောက်တိုဘာ ၁၂-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်အစိုးရအဖွဲ့က မော်လမြိုင်မြို့နယ် ပြည်နယ်အစိုးရရုံးမှာ အောက်တိုဘာ ၉ ရက်နေ့က COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသ‌ရေးလုပ်ငန်းများနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ SKYNETသတင်းဌာနနဲ့ MRTV အဖွဲ့ကိုသာခေါ်ယူပြီး ရှင်းလင်းမှုပြုလုပ်ခဲ့တဲ့အပေါ် ဒေသတွင်းသတင်းမီဒီယာသမားတွေက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

“သတင်းမီဒီယာဥပဒေရဲ့အခန်း(၃)မှာ သတင်းသမားတွေရပိုင်ခွင့်မှာ သတင်းအချက်အလက်ရယူခွင့်ရှိတယ်ဆိုတာ တိတိလင်းလင်းဖော်ပြထားတယ်။ သူတို့သတင်းစာရှင်းလင်းပွဲလုပ်တယ်။ပုဂ္ဂလိက‌မီဒီယာတွေမဖိတ်ဘဲ သူတို့နဲ့ပလဲနံသင့်သူတွေကိုသာ ခေါ်ယူရှင်းလင်းသွားတဲ့ကိစ္စ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်”လို့မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ယက်ညှိနှိုင်းရေးမှူး ကိုဇော်လွင်ထွဋ်က ပြောပါတယ်။

RFA သတင်းဌာနရဲ့မော်လမြိုင်မြို့ခံသတင်းထောက် ကိုညဏ်စိုးဝင်းပြောတာက “သတင်းစာရှင်းလင်းပွဲဆိုတာကို နားလည်သိရှိထားတာက ရှင်းလင်းသူက လက်ရှိလုပ်ဆောင်နေတာတွေ၊ဖြစ်‌နေတာတွေကို ပြောပြရှင်းလင်းပြီး သတင်းသမားဘက်က သိချင်တဲ့ကိစ္စတွေကို ပြန်လည်မေးမြန်းပြီး ပြည်သူတွေ သိသင့် သိထိုက်တဲ့ ကိစ္စရပ်မတွေကို သတင်းရေးသားဖို့ ဖြစ်တယ်၊ သူတို့ပြောဖို့ လိုတာပဲပြောပြီး သတင်း ဌာနတွေက ပြန်မေးခွန်းထုတ်တာတွေ မဖြေချင်ပါဘူးဆို မဟုတ်တော့ဘူးလို့ပဲ ပြောရမှာပါ”လို့ ပြောပါတယ်။

အခုလိုဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံသတင်းမီဒီယာအဖွဲ့အစည်းတွေက စောင့်ကြည့်နေပြီး အခုလိုအပြုအမူမျိုး ထပ်မံကြုံတွေ့ခဲ့မယ်ဆိုရင် စာရေးသားထုတ်ပြန်ကာ ကန့်ကွက်တာတွေပြုလုပ်သွားမယ့်အပြင် သတင်းမီဒီယာကောင်စီနဲ့တာဝန်ရှိသူ အဆင့်ဆင့်ကို တင်ပြသွားမယ်လို့လည်း သိရပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “သတင်းစာရှင်းလင်းပွဲဆိုတာထက် မိမိတို့အစိုးအဖွဲ့က ရောဂါကာကွယ်ကွယ်ထိန်းချုပ်ကုသရေး လုပ်ကိုင်ဆောင်ရွက်နေတဲ့အကြောင်းအရာတွေကို ပြည်သူကိုအသိပေးတင်ပြတဲ့သဘောသာဖြစ်တဲ့အပြင် ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် လူနည်းနည်းနဲ့ကျင်းပလိုက်ရတဲ့ အနေထားမျိုးသာဖြစ်တယ်”လို့ ပြောပါတယ်။

အများပြည်သူ သိသင့်သိထိုက်တဲ့ အကြောင်းရာတွေကို သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ သတင်းမီဒီယာအားလုံးကို ဖိတ်ကြားမှုမပြုဘဲ အစိုးရပိုင်မီဒီယာနဲ့ နီးစပ်သူတချို့ကိုသာ ဖိတ်ကြားခဲ့တဲ့ကိစ္စဟာ ပြည်နယ်အစိုးရအနေနဲ့ခွဲခြားဆက်ဆံမှုတွေရှိနေတယ်ဆိုတာ ပြလိုက်သလိုဖြစ်တယ်လို့ ဒေသခံ သတင်းထောက်အချို့က ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။

Photo-မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး
#voiceofmyanmar #VOM #မွန် #အစိုးရရှင်စလင်းပွဲ #ဝေဖန်မှု

Zawgyi

မြန္အစိုးရအဖြဲ႕ သတင္းစာရွင္းလင္းပြဲကို SKYNET နဲ႔MRTV သာ ဖိတ္ေခၚမႈ ေဒသတြင္းမီဒီယာသမားေတြေဝဖန္

ေအာက္တိုဘာ ၁၂-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္အစိုးရအဖြဲ႕က ေမာ္လၿမိဳင္ၿမိဳ႕နယ္ ျပည္နယ္အစိုးရ႐ုံးမွာ ေအာက္တိုဘာ ၉ ရက္ေန႔က COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ ကုသ‌ေရးလုပ္ငန္းမ်ားနဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ရာမွာ SKYNETသတင္းဌာနနဲ႔ MRTV အဖြဲ႕ကိုသာေခၚယူၿပီး ရွင္းလင္းမႈျပဳလုပ္ခဲ့တဲ့အေပၚ ေဒသတြင္းသတင္းမီဒီယာသမားေတြက ေဝဖန္ေျပာဆိုခဲ့ၾကပါတယ္။

“သတင္းမီဒီယာဥပေဒရဲ႕အခန္း(၃)မွာ သတင္းသမားေတြရပိုင္ခြင့္မွာ သတင္းအခ်က္အလက္ရယူခြင့္ရွိတယ္ဆိုတာ တိတိလင္းလင္းေဖာ္ျပထားတယ္။ သူတို႔သတင္းစာရွင္းလင္းပြဲလုပ္တယ္။ပုဂၢလိက‌မီဒီယာေတြမဖိတ္ဘဲ သူတို႔နဲ႔ပလဲနံသင့္သူေတြကိုသာ ေခၚယူရွင္းလင္းသြားတဲ့ကိစၥ ျပင္းျပင္းထန္ထန္ကန႔္ကြက္ပါတယ္”လို႔ျမန္မာျပည္ေတာင္ပိုင္း ဂ်ာနယ္လစ္ကြန္ယက္ညႇိႏႈိင္းေရးမႉး ကိုေဇာ္လြင္ထြဋ္က ေျပာပါတယ္။

RFA သတင္းဌာနရဲ႕ေမာ္လၿမိဳင္ၿမိဳ႕ခံသတင္းေထာက္ ကိုညဏ္စိုးဝင္းေျပာတာက “သတင္းစာရွင္းလင္းပြဲဆိုတာကို နားလည္သိရွိထားတာက ရွင္းလင္းသူက လက္ရွိလုပ္ေဆာင္ေနတာေတြ၊ျဖစ္‌ေနတာေတြကို ေျပာျပရွင္းလင္းၿပီး သတင္းသမားဘက္က သိခ်င္တဲ့ကိစၥေတြကို ျပန္လည္ေမးျမန္းၿပီး ျပည္သူေတြ သိသင့္ သိထိုက္တဲ့ ကိစၥရပ္မေတြကို သတင္းေရးသားဖို႔ ျဖစ္တယ္၊ သူတို႔ေျပာဖို႔ လိုတာပဲေျပာၿပီး သတင္း ဌာနေတြက ျပန္ေမးခြန္းထုတ္တာေတြ မေျဖခ်င္ပါဘူးဆို မဟုတ္ေတာ့ဘူးလို႔ပဲ ေျပာရမွာပါ”လို႔ ေျပာပါတယ္။

အခုလိုျဖစ္တဲ့က္ိစၥနဲ႔ပတ္သက္ၿပီး ေဒသခံသတင္းမီဒီယာအဖြဲ႕အစည္းေတြက ေစာင့္ၾကည့္ေနၿပီး အခုလိုအျပဳအမူမ်ိဳး ထပ္မံႀကဳံေတြ႕ခဲ့မယ္ဆိုရင္ စာေရးသားထုတ္ျပန္ကာ ကန႔္ကြက္တာေတြျပဳလုပ္သြားမယ့္အျပင္ သတင္းမီဒီယာေကာင္စီနဲ႔တာဝန္ရွိသူ အဆင့္ဆင့္ကို တင္ျပသြားမယ္လို႔လည္း သိရပါတယ္။

အခုကိစၥနဲ႔ပတ္သက္ၿပီး မြန္ျပည္နယ္ လူမႈေရးဝန္ႀကီး ေဒါက္တာထိန္လင္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “သတင္းစာရွင္းလင္းပြဲဆိုတာထက္ မိမိတို႔အစိုးအဖြဲ႕က ေရာဂါကာကြယ္ကြယ္ထိန္းခ်ဳပ္ကုသေရး လုပ္ကိုင္ေဆာင္႐ြက္ေနတဲ့အေၾကာင္းအရာေတြကို ျပည္သူကိုအသိေပးတင္ျပတဲ့သေဘာသာျဖစ္တဲ့အျပင္ ကိုဗစ္ေရာဂါ ကာကြယ္ေရးအတြက္ လူနည္းနည္းနဲ႔က်င္းပလိုက္ရတဲ့ အေနထားမ်ိဳးသာျဖစ္တယ္”လို႔ ေျပာပါတယ္။

အမ်ားျပည္သူ သိသင့္သိထိုက္တဲ့ အေၾကာင္းရာေတြကို သတင္းစာရွင္းလင္းပြဲျပဳလုပ္ရာမွာ သတင္းမီဒီယာအားလုံးကို ဖိတ္ၾကားမႈမျပဳဘဲ အစိုးရပိုင္မီဒီယာနဲ႔ နီးစပ္သူတခ်ိဳ႕ကိုသာ ဖိတ္ၾကားခဲ့တဲ့ကိစၥဟာ ျပည္နယ္အစိုးရအေနနဲ႔ခြဲျခားဆက္ဆံမႈေတြရွိေနတယ္ဆိုတာ ျပလိုက္သလိုျဖစ္တယ္လို႔ ေဒသခံ သတင္းေထာက္အခ်ိဳ႕က ေဝဖန္ေျပာဆိုေနၾကတာျဖစ္ပါတယ္။

Photo-မြန္ျပည္နယ္အစိုးရအဖြဲ႕႐ုံး
#voiceofmyanmar #VOM #မြန္ #အစိုးရရွင္စလင္းပြဲ #ေဝဖန္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW