ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၂၈ဦးမှာ ကိုဗစ်ပိုးတွေ့

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၂၈ဦးမှာ ကိုဗစ်ပိုးတွေ့

အောက်တိုဘာ ၁၂-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၂၈ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် (၂၅၀)ကျော်ကို မနေ့ အောက်တိုဘာ ၁၁ရက်နေ့က ကျန်းမာရေးစစ်ဆေးခဲ့ရာ အခုလို ရောဂါပိုးကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

“တာဝန်ထမ်းဆောင်နေတဲ့ (၂၅၀)ကျော် စစ်တာတော့ (၂၈) ယောက်တွေ့တယ်။ ရဲမှူး တစ်ယောက်တော့ပါတယ်။ ကျန်တာကတော့ ရဲတပ်ဖွဲ့ဝင်တွေပဲ။ တိုင်းရုံးကတော့ ဦး၊ ရေး၊ ထောက် အကုန်ရှိတာပေါ့”လို့ ရဲအရာရှိကရှင်းပြပါတယ်။

လက်ရှိမှာတော့ ကိုဗစ်ပိုးတွေ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကျန်းမာရေးဌာနက လာရောက်ခေါ်ဆောင်သွားပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို အသွားအလာကန့်သတ်တာတွေလုပ်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေ COVID-19 ကူးစက်ခံရတာတွေရှိနေတဲ့အပြင် ရွေးကောက်ပွဲ မဲရုံလုံခြုံရေးအတွက် သင်တန်းပေးနေတဲ့ အထူးရဲတွေ နဲ့ သင်တန်းနည်းပြရဲတပ်ဖွဲ့ဝင်တွေလည်း ကိုဗစ်ကူးစက်ခံနေရတယ်လို့ စမ်းချောင်းမြို့နယ်တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ်ဦးသော်တာအောင်က ပြောပါတယ်။

“အစ်ကိုဆီက အထူးရဲသင်တန်းမှာတစ်ယောက်ကူးတယ်၊ ကျန်တဲ့ သင်တန်းသား ၅၀ပါစစ်တယ် ၊အခုတော့ အဲ့ဒီသင်တန်းသား ၅၀လည်း Negativeအဖြေထွက်ပါတယ်”လို့ ဦးသော်တာအောာင်က ပြောပါတယ်။

လမ်းမတော်မြို့နယ်မှာ မဲရုံလုံခြုံရေးအတွက် အထူးရဲသင်တန်းပို့ချခဲ့တဲ့ သင်တန်းမှာလည်း သင်တန်းသား ၉ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် ကျန်းမာရေးဦးစီးဌာနဲ့ ညိုနှိုင်းလုပ်ဆောင်နေရတယ်လို့ လမ်းမတော်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးကျော်ထွန်းက ပြောပါတယ်။

ဒါ့အပြင် ဒေါပုံမြို့မှာ ၂၀၂၀အထွေထွေရွေးကောက်ပွဲ မဲရုံလုံခြုံရေးအတွက်အထူးရဲသင်တန်းသား ၂၂ဦးမှာလည်း ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့အတွက် သင်တန်းကို ခေတ္တရပ်နားထားရတယ်လို့ ဒေါပုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ကပြောပါတယ်။

ရန်ကုန်တိုင်းမှာ ၂၀၂၀အထွေထွေရွေးကောက်ပွဲ မဲရုံလုံခြုံရေးအတွက် အထူးရဲသင်တန်းကိုပို့ချခဲ့တဲ့ စမ်းချောင်း၊ လမ်းမတော်၊ ဒေါပုံ၊ ကမာရွတ်၊ ဗိုလ်တထောင်မြို့နယ်တွေက အထူးရဲတွေနဲ့ သင်တန်းနည်းပြတွေမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပေမယ့် စာရင်းအတိအကျကိုတော့ မသိရှိရသေးဘူးလို့ အထူးရဲသင်တန်းနည်ပြဆရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။

Photo – ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ် #ရဲတပ်ဖွဲ့ဝင်များကူးစက်မှု

Zawgyi

ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွူး႐ုံးမွ ရဲမွဴးတစ္ဦးနဲ႔ ရဲတပ္ဖြဲ႔ဝင္ ၂၈ဦးမွာ ကုိဗစ္ပုိးေတြ႔

ေအာက္တိုဘာ ၁၂-၂၀၂၀
ေအးခ်မ္းသူ(VOM)

ရန္ကုန္တိုင္းရဲတပ္ဖြဲ႔မွဴး႐ုံးက ရဲမွဴးတစ္ဦးအပါအဝင္ ရဲတပ္ဖြဲ႔ဝင္ ၂၈ဦးမွာ ကိုဗစ္ေရာဂါပုိးေတြ႔တယ္လို႔ ရန္ကုန္တိုင္းရဲတပ္ဖြဲ႔ကေန သိရပါတယ္။

ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွူး႐ုံးမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲတပ္ဖြဲ႕ဝင္ (၂၅၀)ေက်ာ္ကို မေန႔ ေအာက္တိုဘာ ၁၁ရက္ေန႔က က်န္းမာေရးစစ္ေဆးခဲ့ရာ အခုလို ေရာဂါပိုးကူးစက္ခံရတဲ့ ရဲတပ္ဖြဲ႔ဝင္ေတြကို ေတြ႕ရွိခဲ့တာျဖစ္တယ္လို့ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွဴးရံုးမွ တာဝန္႐ွိသူ ရဲအရာ႐ွိတစ္ဦးက ေျပာပါတယ္။

“တာဝန္ထမ္းေဆာင္ေနတဲ့ (၂၅၀)ေက်ာ္ စစ္တာေတာ့ (၂၈) ေယာက္ေတြ႔တယ္။ ရဲမွူး တစ္ေယာက္ေတာ့ပါတယ္။ က်န္တာကေတာ့ ရဲတပ္ဖြဲ႕ဝင္ေတြပဲ။ တိုင္း႐ုံးကေတာ့ ဦး၊ ေရး၊ ေထာက္ အကုန္ရွိတာေပါ့”လို႔ ရဲအရာရွိက႐ွင္းျပပါတယ္။

လက္႐ွိမွာေတာ့ ကိုဗစ္ပုိးေတြ႔တဲ့ ရဲတပ္ဖြဲ႔ဝင္ေတြကို က်န္းမာေရးဌာနက လာေရာက္ေခၚေဆာင္သြားၿပီး ရဲတပ္ဖြဲ႕ဝင္ေတြရဲ႔ မိသားစုဝင္ေတြကို အသြားအလာကန႔္သတ္တာေတြလုပ္ထားတယ္လို႔ သိရပါတယ္။

ရန္ကုန္တိုင္းမွာ ရဲတပ္ဖြဲ႕ဝင္ေတြ COVID-19 ကူးစက္ခံရတာေတြရွိေနတဲ့အျပင္ ေရြးေကာက္ပြဲ မဲ႐ုံလုံျခဳံေရးအတြက္ သင္တန္းေပးေနတဲ့ အထူးရဲေတြ နဲ႔ သင္တန္းနည္းျပရဲတပ္ဖြဲ႔ဝင္ေတြလည္း ကိုဗစ္ကူးစက္ခံေနရတယ္လို႔ စမ္းေခ်ာင္းၿမိဳ႕နယ္တိုင္းေဒသႀကီး(၂)လႊတ္ေတာ္ကုိယ္စားလွယ္ဦးေသာ္တာေအာင္က ေျပာပါတယ္။

“အစ္ကုိဆီက အထူးရဲသင္တန္းမွာတစ္ေယာက္ကူးတယ္၊ က်န္တဲ့ သင္တန္းသား ၅၀ပါစစ္တယ္ ၊အခုေတာ့ အဲ့ဒီသင္တန္းသား ၅၀လည္း Negativeအေျဖထြက္ပါတယ္”လို႔ ဦးေသာ္တာေအာာင္က ေျပာပါတယ္။

လမ္းမေတာ္ၿမိဳ႕နယ္မွာ မဲ႐ုံလုံျခဳံေရးအတြက္ အထူးရဲသင္တန္းပုိ႔ခ်ခဲ့တဲ့ သင္တန္းမွာလည္း သင္တန္းသား ၉ ဦးမွာ ေရာဂါပိုးေတြ႔႐ွိ္ခဲ့တဲ့အတြက္ က်န္းမာေရးဦးစီးဌာနဲ႔ ညဳိႏိႈင္းလုပ္ေဆာင္ေနရတယ္လို႔ လမ္းမေတာ္ၿမိဳ႕နယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းဦးေက်ာ္ထြန္းက ေျပာပါတယ္။

ဒါ့အျပင္ ေဒါပုံၿမိဳ႕မွာ ၂၀၂၀အေထြေထြေရြးေကာက္ပြဲ မဲ႐ုံလုံျခဳံေရးအတြက္အထူးရဲသင္တန္းသား ၂၂ဦးမွာလည္း ကိုဗစ္ပုိးေတြ႔႐ွိခဲ့တဲ့အတြက္ သင္တန္းကုိ ေခတၱရပ္နားထားရတယ္လို႔ ေဒါပုံၿမိဳ႕နယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ ဦးသန္႔ဇင္ကေျပာပါတယ္။

ရန္ကုန္တိုင္းမွာ ၂၀၂၀အေထြေထြေရြးေကာက္ပြဲ မဲ႐ုံလုံျခံုေရးအတြက္ အထူးရဲသင္တန္းကုိပုိ႔ခ်ခဲ့တဲ့ စမ္းေခ်ာင္း၊ လမ္းမေတာ္၊ ေဒါပုံ၊ ကမာရြတ္၊ ဗိုလ္တေထာင္ၿမိဳ့နယ္ေတြက အထူးရဲေတြနဲ႔ သင္တန္းနည္းျပေတြမွာ ကုိဗစ္ပုိးေတြ႔႐ွိခဲ့ေပမယ့္ စာရင္းအတိအက်ကုိေတာ့ မသိ႐ွိရေသးဘူးလို႔ အထူးရဲသင္တန္းနည္ျပဆရာ ရဲတပ္ဖြဲ႔ဝင္တစ္ဦးရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

Photo – ရဲတပ္ဖြဲ႔
#voiceofmyanmar #VOM #ရန္ကုန္ #ကိုဗစ္ #ရဲတပ္ဖြဲ႔ဝင္မ်ားကူးစက္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW