မန္တလေးတိုင်း မိတ္ထိလာခရိုင်ကနေ မဲပေးမည့်သူများအတွက်
မန္တလေးတိုင်း မိတ္ထိလာခရိုင်ကနေ မဲပေးမည့်သူများအတွက်
မန္တလေး- အောက်တိုဘာ ၁၈-၂၀၂၀
ဆွေလင်းထွန်း( VOM)
၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် Voice Of Myanmar (VOM) က အချိန်ယူပြီး မဲဆန္ဒရှင်တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိတွေ ပြည်သူတွေဘယ်လောက်သိထားသလဲ လို့ စစ်တမ်းသဘောမျိုးမေးကြည့်တဲ့အခါ မဲပေးဖို့သာ စိတ်အားထက်သန်ကြပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်၊ မိမိပေးရမယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းကို မသိကြသူအများစုဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ မိတ္ထီလာခရိုင်ထဲက မဲဆန္ဒရှင်တွေအတွက် သိသင့်တဲ့ အချက်အလက်တွေကိုတင်ပြပေးလိုက်ပါတယ်။
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်မှာနေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရှမ်းတိုင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မဲ စုစုပေါင်း မဲကဒ်ပြား ၃ခု ထုတ်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ ပါတီနဲ့ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ မဲရုံကထုတ်ပေးတဲ့ တံဆိပ်တုံးကို နှိပ်ရမှာဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားတွေအတွက်ကတော့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ပါပေးရမှာမို့ မဲပေးရမယ့်လက်မှတ်ကဒ်ပြား တစ်ခု ထပ်ထည့်ရမှာမို့ ၄ မဲပေးရမှာဖြစ်ပါတယ်။ မဲလက်မှတ်တွေကို ထုတ်ယူတဲ့အခါ စုတ်ပြဲတာ ရေစိုတာ မှင်စွန်းတာ စတာတွေကိုသေချာစစ်ဆေးပြီး မကြိုက်ရင် ချက်ချင်းလဲလှယ်ခိုင်းလို့ရပါတယ်။ မိတ္ထီလာခရိုင်က မဲပေးမယ့်သူတွေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်းကို ရွေးကြမလဲ ဆက်ဖတ်ကြည့်ပါ။
မိတ္ထီလာခရိုင်က အမျိုးသားလွှတ်တော်နေရာအတွက် ဘယ်သူတွေပြိုင်မလဲ?
မိတ္ထီလာခရိုင်ဟာ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၇) နဲ့ (၈) ဖြစ်ပါတယ်။ ဒီနေရာအတွက် ယှဉ်ပြိုင်မယ့်ပါတီ ၆ ခု ရှိပါတယ်။ ဘယ်ပါတီတွေလဲဆိုတော့
ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ(YDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(NUP) စတဲ့ နိုင်ငံရေးပါတီ ၆ ခုက ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ မလှိုင်မြို့နယ်နဲ့ မိတ္ထီလာမြို့နယ်မှာ‌ နေထိုင်သူတွေက အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၇) အတွက် မဲပေးရမှာဖြစ်ပြီး သာစည်မြို့နယ်နဲ့ ဝမ်းတွင်းမြို့နယ်မှာ နေထိုင်သူတွေက အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၈) အတွက် မဲပေးရမှာ ဖြစ်ပါတယ်။ ဒီထဲက မိမိတို့နှစ်သက်ရာ ပါတီနဲ့ ကိုယ်စားလှယ်လောင်းဘေးမှာ အမှန်ခြစ်တံဆိပ်တုံးလေး အကွက်ထဲမှာ သေချာရိုက်နှိပ်ပေးရမှာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်အတွက် ဘယ်ပါတီကိုရွေးမလဲ?
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်၊ မိတ္ထီလာမြို့နယ်၊ သာစည်မြို့နယ်၊ ဝမ်းတွင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(NUP)နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) စတဲ့ နိုင်ငံရေးပါတီ ၇ ခုက ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ ဒီထဲက မိမိတို့နှစ်သက်ရာ ပါတီနဲ့ ကိုယ်စားလှယ်လောင်းဘေးမှာ အမှန်ခြစ်တံဆိပ်တုံးလေး အကွက်ထဲမှာ သေချာရိုက်နှိပ်ပေးရမှာဖြစ်ပါတယ်။
မိတ္ထီလာခရိုင် မလှိုင်မြို့နယ်၊ မိတ္ထီလာမြို့နယ်၊ သာစည်မြို့နယ်၊ ဝမ်းတွင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ မှာ ဘယ်ပါတီတွေပြိုင်မလဲ ?
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်က တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(NUP) စတဲ့ နိုင်ငံရေးပါတီ ၆ ခုက ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမှာပါ ။ ဒီထဲက မိမိတို့နှစ်သက်ရာ ပါတီနဲ့ ကိုယ်စားလှယ်လောင်းဘေးမှာ အမှန်ခြစ်တံဆိပ်တုံးလေး အကွက်ထဲမှာ သေချာရိုက်နှိပ်ပေးရမှာဖြစ်ပါတယ်။
မိတ္ထီလာခရိုင် မလှိုင်မြို့နယ်၊ မိတ္ထီလာမြို့နယ်၊ သာစည်မြို့နယ်၊ ဝမ်းတွင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ ဘယ်ပါတီတွေပြိုင်မလဲ ?
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်က တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(NDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(NUP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)နဲ့ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ(YDP) စတဲ့ နိုင်ငံရေးပါတီ ၈ ခုက ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ ဒီထဲက မိမိတို့နှစ်သက်ရာ ပါတီနဲ့ ကိုယ်စားလှယ်လောင်းဘေးမှာ အမှန်ခြစ်တံဆိပ်တုံးလေး အကွက်ထဲမှာ သေချာရိုက်နှိပ်ပေးရမှာဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) စတဲ့ နိုင်ငံရေးပါတီ ၅ ခုက ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ ဒီထဲက မိမိတို့နှစ်သက်ရာ ပါတီနဲ့ ကိုယ်စားလှယ်လောင်းဘေးမှာ အမှန်ခြစ်တံဆိပ်တုံးလေး အကွက်ထဲမှာ သေချာရိုက်နှိပ်ပေးရမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုကြေငြာထားတဲ့ ပါတီအလိုက် ကိုယ်စားလှယ်လောင်းစာရင်းနဲ့ ပါတီအမှတ်တံဆိပ်ကို သေချာကြည့်ပြီး ၅နှစ်မှ တခါပေးရတဲ့ မိမိတို့အသည်းကြားက မဲတပြားအတွက် မမှားဖို့နဲ့ ပယ်မဲမဖြစ်ဖို့ ပုံတွေကို သေချာကြည့်ရှုပေးကြပါရန် ပူးတွဲ တင်ပြပေးလိုက်ပါသည်။
#voiceofmyanmar #VOM #Votereducation #မဲဆန္ဒရှင်ပညာပေး #မိတ္ထိလာခရိုင်
Zawgy
ဆွေလင်းထွန်း( VOM)
Related posts
Leave a Comment
VOM News
FREE
VIEW