မုံရွာ အကျဉ်းထောင်ထဲက အကျဉ်းသား ၁ ယောက် အသက်ရှုကြပ်ရောဂါနဲ့သေဆုံး

မုံရွာ အကျဉ်းထောင်ထဲက အကျဉ်းသား ၁ ယောက် အသက်ရှုကြပ်ရောဂါနဲ့သေဆုံး

အောက်တိုဘာ ၂၁-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာအကျဉ်းထောင်အတွင်း အကျဉ်းကျနေတဲ့ အမျိုးသား တစ်ဦး ဒီကနေ့မနက်ပိုင်းက အသက်ရှုကြပ်၊ အားအလွန်နည်းရောဂါနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အရာတော်မြို့နယ်၊ ဟသ်ာမကျေးရွာမှာနေတဲ့ အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သူဟာ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ထဲက ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့တာကြောင့် အခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဖမ်းဆီးခံထားရသူ ဖြစ်ပါတယ်။

” ဆိုင်ကယ်ခိုးမှုနဲ့ တရားရင်ဆိုင်နေရသူဖြစ်တယ် ၊ မုံရွာမြို့နယ်တရားရုံး ရာကြီးအမှုအမှတ် ၁၃၁၅ / ၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၉ နဲ့ဖြစ်တယ်”လို့ အမည်မဖော်လိုတဲ့ ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

သေဆုံးသူ အကျဉ်းသားဟာ အသက်ရှုကြပ် ရောဂါလက္ခဏာဖြစ်နေတာကြောင့် ဒီမနက်စောစောပိုင်းမှာ အကျဉ်းထောင်ကနေ မုံရွာပြည်သူ့ဆေးရုံကြီးကို သွားရောက်ပို့ဆောင်နေစဉ် လမ်းမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ အကျဉ်းသား သေဆုံးမှုနဲ့ ပတ်သက်လို့ မုံရွာအကျဉ်းထောင် လက်ထောက်ကြီးကြပ်ရေးမှူးက တရားလိုပြုလုပ်ပြီး မုံရွာမြို့မရဲစခန်းမှာ တိုင်တန်းခဲ့တာကြောင့် ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၆ / ၂၀၂၀ အရ အမှုရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #အကျဉ်းသားတစ်ဦသေဆုံး

Zawgyi

မုံ႐ြာ အက်ဥ္းေထာင္ထဲက အက်ဥ္းသား ၁ ေယာက္ အသက္ရႈၾကပ္ေရာဂါနဲ႔ေသဆံုး

ေအာက္တိုဘာ ၂၁-၂၀၂၀
ကိုတိုးႀကီး (VOM)

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕၊ မုံ႐ြာအက်ဥ္းေထာင္အတြင္း အက်ဥ္းက်ေနတဲ့ အမ်ိဳးသား တစ္ဦး ဒီကေန႔မနက္ပိုင္းက အသက္ရႈၾကပ္၊ အားအလြန္နည္းေရာဂါနဲ႔ ေသဆုံးသြားတယ္လို႔ သိရပါတယ္။

ေသဆုံးသူဟာ အရာေတာ္ၿမိဳ႕နယ္၊ ဟသ္ာမေက်း႐ြာမွာေနတဲ့ အသက္ ၃၅ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး သူဟာ မုံ႐ြာၿမိဳ႕၊ နႏၵဝန္ရပ္ကြက္ထဲက ဆိုင္ကယ္တစ္စီးကို ခိုးယူခဲ့တာေၾကာင့္ အခုႏွစ္ ဇူလိုင္လ ၂ ရက္ေန႔က ဖမ္းဆီးခံထားရသူ ျဖစ္ပါတယ္။

” ဆိုင္ကယ္ခိုးမႈနဲ႔ တရားရင္ဆိုင္ေနရသူျဖစ္တယ္ ၊ မုံ႐ြာၿမိဳ႕နယ္တရား႐ုံး ရာႀကီးအမႈအမွတ္ ၁၃၁၅ / ၂၀၂၀၊ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၇၉ နဲ႔ျဖစ္တယ္”လို႔ အမည္မေဖာ္လိုတဲ့ ရဲဝန္ထမ္းတစ္ေယာက္က ေျပာပါတယ္။

ေသဆုံးသူ အက်ဥ္းသားဟာ အသက္ရႈၾကပ္ ေရာဂါလကၡဏာျဖစ္ေနတာေၾကာင့္ ဒီမနက္ေစာေစာပိုင္းမွာ အက်ဥ္းေထာင္ကေန မုံ႐ြာျပည္သူ႔ေဆး႐ုံႀကီးကို သြားေရာက္ပို႔ေဆာင္ေနစဥ္ လမ္းမွာ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီ အက်ဥ္းသား ေသဆုံးမႈနဲ႔ ပတ္သက္လို႔ မုံ႐ြာအက်ဥ္းေထာင္ လက္ေထာက္ႀကီးၾကပ္ေရးမွဴးက တရားလိုျပဳလုပ္ၿပီး မုံ႐ြာၿမိဳ႕မရဲစခန္းမွာ တိုင္တန္းခဲ့တာေၾကာင့္ ရဲစခန္းက ေသမႈေသခင္း အမွတ္စဥ္ ၂၆ / ၂၀၂၀ အရ အမႈေရးဖြင့္ကာ စစ္ေဆးေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ #အက်ဥ္းသားတစ္ဦေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW