လုပ်ငန်းခွင်သုံး ယာဉ်အစီးရေ ၃၀၀ ကျော်နဲ့ NLD ထောက်ခံဝန်းရံသူတွေက အင်အားပြလှည့်လည်

လုပ်ငန်းခွင်သုံး ယာဉ်အစီးရေ ၃၀၀ ကျော်နဲ့ NLD ထောက်ခံဝန်းရံသူတွေက အင်အားပြလှည့်လည် အောက်တိုဘာ ၂၁-၂၀၂၀ ကိုလတ် (VOM) ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး မြေသယ်ယာဉ်တွေ၊ ကုန်တင်ယာဉ်တွေ၊ ထော်လာဂျီတွေ၊ အိမ်စီးကားတွေ အပါအဝင် ယာဉ်အစီးရေ ၃၀၀ ကျော်က NLD ပါတီကို ထောက်ခံဝန်းရံမှုအနေနဲ့ အင်အားပြလှည့်လည်မှုတွေကို ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ “ကျနော်တို့က ကိုယ့်စားရိတ်ကိုယ်စားပြီး အမေစုကိုဝန်းရံချင်လို့ ပါဝင်ဖြစ်တာ။ အကုန်လုံးကလည်း ကိုယ့်စားရိတ်နဲ့ ကိုယ်ပဲ ကားတွေကို အုံနာက ပေးတယ်။ ကျနော်တို့က ဆီထည့်မောင်းတယ်။ လမ်းမှာ စားဖို့သောက်ဖို့အတွက် အလှူရှင်တွေက ကုသိုလ်ပြုတယ် ဒါပဲလေ၊ ပြည်သူတွေအားလုံးကချစ်ပြီးသား ဒါကြောင့်လည်း ကိုယ့်ဆန္ဒနဲ့ကိုယ်လိုက်တာ”လို့ ဝန်းရံလှည့်လည်မှုမှာ ပါဝင်ခဲ့တဲ့ မြေသယ်ယာဉ်မောင်း ကိုနိုင်အေးက ပြောပါတယ်။ အဲ့ဒီလို လှည့်လည်မှုကို တပ်ကုန်းမြို့ကလွဲပြီး ပြည်ထောင်စုနယ်မြေ ၈ မြို့ကို အကုန်ဖြတ်သန်းမောင်းနှင်ကာ အင်အားပြလှည့်လည်ခဲ့တာဖြစ်ပါတယ်။…

Read More

တောင်ကုတ်မြို့ ANP ပါတီ မဲဆွယ်စည်းရုံးပွဲ ဒေသခံထောင်ချီ ဝန်းရံ

တောင်ကုတ်မြို့ ANP ပါတီ မဲဆွယ်စည်းရုံးပွဲ ဒေသခံထောင်ချီ ဝန်းရံ အောက်တိုဘာ ၂၁- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ တောင်ကုတ်မြို့မှာ ဒီကနေ့ မနက်ပိုင်းက မြို့တွင်းမှာ လှည့်လည်ပြီး ပါတီဝင်တွေ မဲဆွယ်စည်းရုံးရေးပြုလုပ်ကြရာ ဒေသခံမြို့သူမြို့သား (၂၀၀၀) ထောင်နီးပါး ဝန်းရံခဲ့တယ်လို့ သိရပါတယ်။ အခုလိုမျိုး ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ မဲဆွယ်စည်းရုံးရေးကို မြို့တွင်းလှည့်လည်ပြီး ပြုလုပ်နေစဉ် ဒေသခံတွေဝန်းရံလာတာဖြစ်ကြောင်းနဲ့ ရခိုင်အမျိုးသားပါတီအနေနဲ့ မဲဆွယ်စည်းရုံးရေးမှာ လူအကန့်အသတ်နဲ့ ပြုလုပ်နေကြောင်း တောင်ကုတ်မြို့နယ်၊ ရခိုင်အမျိုးသားပါတီကိုယ်စားပြု ဝင်ရောက်ယဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ခင်ထားက ပြောပါတယ်။ “ အဲ့ဒါက ANPပါတီက အင်အားပြတာပါ။ ပါတီဝင်တွေလည်း ပါပါတယ်။ မြို့ပေါ် (၄) ရပ်ကွက်က မဲဆန္ဒရှင် ပြည်သူတွေလည်း ပါပါတယ်။ နောက်ပြီးတော့ ပါတီကို အားပေး၊ ထောက်ခံဝန်းရံသူတွေလည်း ပါပါတယ်။ ကျမတို့…

Read More

မုံရွာ အကျဉ်းထောင်ထဲက အကျဉ်းသား ၁ ယောက် အသက်ရှုကြပ်ရောဂါနဲ့သေဆုံး

မုံရွာ အကျဉ်းထောင်ထဲက အကျဉ်းသား ၁ ယောက် အသက်ရှုကြပ်ရောဂါနဲ့သေဆုံး အောက်တိုဘာ ၂၁-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာအကျဉ်းထောင်အတွင်း အကျဉ်းကျနေတဲ့ အမျိုးသား တစ်ဦး ဒီကနေ့မနက်ပိုင်းက အသက်ရှုကြပ်၊ အားအလွန်နည်းရောဂါနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသူဟာ အရာတော်မြို့နယ်၊ ဟသ်ာမကျေးရွာမှာနေတဲ့ အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သူဟာ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ထဲက ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့တာကြောင့် အခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဖမ်းဆီးခံထားရသူ ဖြစ်ပါတယ်။ ” ဆိုင်ကယ်ခိုးမှုနဲ့ တရားရင်ဆိုင်နေရသူဖြစ်တယ် ၊ မုံရွာမြို့နယ်တရားရုံး ရာကြီးအမှုအမှတ် ၁၃၁၅ / ၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၉ နဲ့ဖြစ်တယ်”လို့ အမည်မဖော်လိုတဲ့ ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ သေဆုံးသူ အကျဉ်းသားဟာ အသက်ရှုကြပ် ရောဂါလက္ခဏာဖြစ်နေတာကြောင့် ဒီမနက်စောစောပိုင်းမှာ…

Read More

ရိုဟင်ဂျာတွေအတွက် ရန်ပုံငွေမလုံလောက်လို့ အရေးပေါ်အလှူရှင်အစည်းအဝေး ကုလခေါ်ယူ

ရိုဟင်ဂျာတွေအတွက် ရန်ပုံငွေမလုံလောက်လို့ အရေးပေါ်အလှူရှင်အစည်းအဝေး ကုလခေါ်ယူ ကုလသမဂ္ဂ၊ အောက်တိုဘာ-၂၁-၂၀၂၀ မျိုးဆက် (VOM) ရိုဟင်ဂျာဒုက္ခသည်အတွက် ရန်ပုံငွေအထောက်အပံ့တွေ လုံလောက်မှုမရှိတော့တာကြောင့် နိုင်ငံတကာအလှူရှင်တွေရဲ့ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို အောက်တိုဘာ ၂၂ ရက်မှာ အွန်လိုင်းကနေကျင်းပသွားမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံပြင်ပနဲ့ ပြည်တွင်းမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်စည်းနိုင်ဖို့အတွက် ဒီလိုအရေးအပေါ်အစည်းအဝေး ခေါ်ယူရတာဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNHCR) ကဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ရှစ်သိန်းကျော်အတွက် လိုအပ်ချက်တွေကိုဖြည့်စည်းပေးဖို့ ဒေါ်လာ တစ်ဘီလီယံကို ကုလသမဂ္ဂက တောင်းခံထားပါတယ်။ ဒါပေမယ့် ဒီရန်ပုံငွေဟာ ထည့်ဝင်မှုနည်းတာတွေကြောင့် ပြည့်မီခြင်းမရှိသေးဘဲ လက်ရှိအချိန်ထိ တစ်ဝက်တောင်မရှိသေးဘူးလို့ UNHCR ပြောရေးဆိုခွင့်ရှိသူ Andrej Mahecic ကပြောပါတယ်။ ဒီအစည်းအဝေးကိုတော့ အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီကနေ ၂ နာရီ…

Read More

ရန်ကုန်နာမှုကူညီရေးအသင်းက ဦးကျော်သူအပါအဝင် အသင်းသား(၂)ဦးမှာ ကိုဗစ်ပိုးတွေ့

ရန်ကုန်နာမှုကူညီရေးအသင်းက ဦးကျော်သူအပါအဝင် အသင်းသား(၂)ဦးမှာ ကိုဗစ်ပိုးတွေ့ အောက်တိုဘာ ၂၁-၂၀၂၀ သိင်္ဂီထွန်း (VOM) နာရေးကူညီမှုအသင်း(ရန်ကုန်)တည်ထောင်သူ ဦးကျော်သူ နဲ့ အသင်းသား ၂ဦးမှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရတယ်လို့ နာမှုကူညီရေးအသင်း(ရန်ကုန်)က မော်တော်ယာဉ်ကြီးကြပ်ရေးမှူး ကိုအောင်လေးက အတည်ပြုပြောပါတယ်။ “လက်ရှိ ဥက္ကဋ္ဌ ဒေါင်ဒေါင်မြည်ပါပဲ။ ဒီနေ့မနက်သိရတာပါ။ လောလောဆယ်ကျန်းမာရေးကလည်း လာလိမ့်မယ်။ ခုတော့ကျနော်တို့ကတော့ ကျနော်တို့အစီအမံနဲ့ အုပ်စုခွဲပြီးတော့ အများပြည်သူကို ပေးဆပ်နေပါတယ်။ ကျန်တာတော့ ကျန်းမာရေးက ဆက်လက်ဆောင်ရွက်ပါလိမ့်မယ်”လို့ ကိုအောင်လေးကပြောပါတယ်။ ကိုဗစ်ပိုးတွေ့ရှိတဲ့ နာရေးကူညီမှုအသင်း ရန်ကုန်က အသင်းသား ၂ ဦးဟာ ပြန်ကြားရေးဌာနက တစ်ဦးနဲ့ ပစ္စည်းထိနိးသမ်းရေးက တစ်ဦးဖြစ်တယ်လို့ပြောပါတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးကျော်သူအပါအဝင် ၃ ဦး ပိုးတွေ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး မြောက်ဒဂုံမြို့နယ် ၊ တိုင်းလွတ်တော်အမတ် ဦးဇော်လင်းနိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ ဦးကျော်သူမှာ ပိုးတွေ့တယ်ဆိုတာ ကျနော်လည်းသိတယ်။ လိုင်းပေါ်မှာတွေ့တယ်။…

Read More

ဝေါမြို့မှာ NLDပါတီအောင်နိုင်ရေး ဂီတဖျော်ဖြေမှုပြုလုပ်တဲ့အပေါ် ဝေဖန်မှုတွေထွက်ပေါ်

ဝေါမြို့မှာ NLDပါတီအောင်နိုင်ရေး ဂီတဖျော်ဖြေမှုပြုလုပ်တဲ့အပေါ် ဝေဖန်မှုတွေထွက်ပေါ် အောက်တိုဘာ၂၁-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ဝေါမြို့နယ်ထဲမှာ ကိုဗစ်ဒုတိယလှိုင်း ရောဂါကူးစက်မှုမြင့်တက်နေချိန် မနေ့ အောက်တိုဘာ၂၀ ရက်နေ့ညပိုင်းက NLDပါတီ အောင်နိုင်ရေးအတွက် ဂီတဖျော်ဖြေမှု ပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး ဒေသခံအချို့နဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုတွေရှိနေတယ်လို့ သိရပါတယ်။ ” ကျွန်တော်ကိုယ်တိုင်NLD ပါတီကိုအားပေးသူပါ။ မ‌နေ့ညမှာ ပြည်သူ‌တွေ စိတ်အပန်းပြေဖို့ ဟော်လို‌ဂစ်တာလောက်နဲ့ ဖျော်ဖြေမှုလုပ်ဖို့ကျ ထွေအုပ်က ည ၆ နာရီလောက်မှ မလုပ်ဖို့တားတယ်။ အခုလို သူတို့ ဖျော်ဖြေမှုကိုတော့ ခွင့်ပြုထားသလိုဖြစ်တော့ စိတ်ထဲခံစားရပါတယ်” လို့ ကိုဗစ်ကာလ ပြည်သူ့ကိုဂီတနဲ့ဖျော်‌ဖြေခွင့်ပြုဖို့ အသိပေးတောင်းခံခဲ့သူ ဦးဇာနည်ကပြောပါတယ်။ မနေ့ညပိုင်းက NLD ပါတီတံဆိပ်အမှတ်သားပါ ဖျော်ဖြေရေးယာဉ်တစ်စီးနဲ့ ဝေါမြို့ပေါ်လှည့်လည်ဖြေဖျော်မှုတွေပြုလုပ်ခဲ့ပြီး လူစုလူဝေး ရာဂဏန်းခန့်ကြည့်ရှူနေကြတဲ့ ဓါတ်ပုံမှတ်တမ်းတွေ လူမှုကွန်ရက်စာမျက်နှာပေါ်တက်လာခဲ့ပြီးနောက်ပိုင်း ထောက်ခံသူ၊ ဝေဖန်သူ၊ မှတ်ချက်ပြုသူနဲ့ပြန်လည်မျှဝေတာတွေ ထောင်နဲ့ချီရှိခဲ့တာလည်း ဖြစ်ပါတယ်။ ” ကျွန်‌မတို့…

Read More

တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဘရာဇီးမှာ အသုံးပြုတော့မယ်

တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဘရာဇီးမှာ အသုံးပြုတော့မယ် ဘရာဆီးလီးယား၊ အောက်တိုဘာ-၂၁-၂၀၂၀ မျိုးဆက် (VOM) ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတစ်မျိုးကို အသုံးပြုဖို့စီစဉ်နေတယ်လို့ ဘရာဇီးတာဝန်ရှိသူတွေက ကြေညာပါတယ်။ တရုတ်နိုင်ငံထုတ် CoronaVac လို့အမည်ရတဲ့ ကာကွယ်ဆေး ၄၆ သန်းကိုဝယ်ယူဖို့ ဘရာဇီးအစိုးရနဲ့ သဘောတူညီပြီးဖြစ်တယ်လို့ ဆော်ပေါ်လိုအုပ်ချုပ်ရေးမှူး João Doria ကပြောပါတယ်။ ကပ်ရောဂါတိုက်ဖျက်ရေးအစီအစဉ်အရ ကာကွယ်ဆေးထိုးနံှတာတွေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီအစောပိုင်းမှာ စတင်မှာဖြစ်ပြီး ဒါဟာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာပေါ်မှာပထမဆုံးအားထုတ်လုပ်ဆောင်မှုထဲက တစ်ခုဖြစ်တယ်လို့ သူကဆိုပါတယ်။ ဘရာဇီးနိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး လက်ရှိအချိန်ထိကူးစက်မှု ၅ ဒသမ ၃ သန်းနီးပါးရှိနေကာ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံပြီးရင် တတိယနေရာမှာ ရပ်တည်နေပါတယ်။ တရုတ်ကုမ္ပဏီ Sinovac Biotech ကထုတ်လုပ်တဲ့ CoronaVac ကာကွယ်ဆေးကို…

Read More

ပြည်ခိုင်ဖြိုး မဲဆွယ်ယာဉ်တန်းကို NLD အလံ ဝှေ့ရမ်းပြတဲ့ ရဲတပ်သား ၁ ယောက် အရေးယူခံထားရ

ပြည်ခိုင်ဖြိုး မဲဆွယ်ယာဉ်တန်းကို NLD အလံ ဝှေ့ရမ်းပြတဲ့ ရဲတပ်သား ၁ ယောက် အရေးယူခံထားရ အောက်တိုဘာ ၂၁-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ ၊ တန့်ဆည် – ကံထူးမသွားတဲ့ကားလမ်းပေါ်မှာ မနေ့ အောက်တိုဘာ ၂၀ရက် မနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးယာဉ်တန်းကို ရဲတပ်သား တစ်ယောက်က NLD ပါတီ လက်ကိုင်အလံကို ဝှေ့ရမ်းပြတဲ့အတွက် အဲ့ဒီ ရဲတပ်သားကို အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ တန့်ဆည်မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား ဆန်းဝင်း ဆိုသူဟာ မနေ့မနက်က ကင်းရုံတာဝန်ချထားစဉ်မှာ သူရဲ့ သူငယ်ချင်းဖြစ်သူ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်မှာနေတဲ့ ကိုအောင်အောင်နဲ့အတူ စူပါကပ်အမျိုးအစား ယာဉ်နံပါတ်မပါ အစိမ်းရောင် ဆိုင်ကယ်ပေါ် နောက်ကထိုင်ပြီး လိုက်ပါသွားခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးလာတဲ့ယာဉ်တန်းကို NLDပါတီ လက်ကိုင်အလံကိုင်ဆောင်ကာ ဝှေ့ရမ်းပြခဲ့တာပဲဖြစ်ပါတယ်။…

Read More

သတင်းမှန်၊ မှား သတိထားဖို့

” Covid-19 ကာလမှာ ကောလဟာလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့ အရမ်းအရေးကြီးပါတယ်..” 🔘 ကိုဗစ် ၁၉ နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်ထိတ်လန့်စေသည့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုရ (ဒေသန္တရအမိန့်) 🔘 လူမှုကွန်ယက်စာမျက်နှာတွင် လူများ၏ အကြောက်တရားကို အခြေခံပြီး စိတ်ဝင်စားမှု များများရအောင် လုပ်ကြံဖန်တီးဖြန့်ဝေသည့် သတင်းအမှားများ ယခုလို ကပ်ရောဂါဘေးကာလတွင် အများအပြား ရှိနေတာကြောင့် ဖန်တီးဖြန့်ဝေသူများကို အရေးယူနိုင်မည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါသည်။ 🔘 သတင်းမှားများမှ ရောဂါကာကွယ်ရေးအသိလွဲမှားကာရောဂါကူးစက်ခံရနိုင်တာကြောင့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုဘဲ မိမိနှင့် ပတ်ဝန်းကျင်ကို COVID 19 ဘေးမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုလျှင် ☑️ သတင်းရေးသူကို စိစစ်ပါ။ ☑️ ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။ ☑️ သတင်းကို အစအဆုံးဖတ်ပါ။ ☑️ သတင်းထုတ်ဝေတဲ့ နေ့စွဲကို…

Read More

အမရပူရတရားရုံးက ဗကသကျောင်းသား ၂ ဦးကို ထောင်ဒဏ် ၁ နှစ်ချ

အမရပူရတရားရုံးက ဗကသကျောင်းသား ၂ ဦးကို ထောင်ဒဏ် ၁ နှစ်ချ အောက်တိုဘာ ၂၁ – ၂၀၂၀ လင်းခိုင်(VOM) ဗကသများအဖွဲ့ချုပ်က ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ ၂ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ – ၅၀၅(က)/၅၀၅(ခ)နဲ့ တရားစွဲထားတဲ့အမှုကို ဒီကနေ့မနက်ပိုင်း အမရပူရမြို့နယ်တရားရုံးကနေ ထောင်ဒဏ် (၁)နှစ် ချမှတ်ခဲ့ပါတယ်။ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်ရှေ့မှာ ရခိုင်ပြည်နယ်အရေးနဲ့ တပ်မတော်ဆန့်ကျင်ကြောင်းစာသားပါတဲ့ စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့တဲ့အမှုကို ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး ပုဒ်မ-၅၀၅(က)(ခ)အမှုနှစ်ခုအတွက်တပေါင်းတည်း ထောင်ဒဏ် ၁နှစ် ကျခံစေဖို့ အမိန့်ချခဲ့တာဖြစ်ပါတယ်။ ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ ၂ဦးကို မဟာအောင်မြေမြို့နယ်တရားရုံးကနေ ပုဒ်မ-၅၀၅(က)(ခ)နဲ့ ထောင်ဒဏ် ၂နှစ်၊ ချမ်အေးသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် ၁နှစ်၊ အောင်မြေသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် ၂နှစ် ချမှတ်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးဈေးချိုရှေ့မှာ ရခိုင်အရေးလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ဗကသကျောင်းသား (၁၃)ဦးထဲက ကျောင်းသား(၈)ဦးကိုလည်း…

Read More
VOM News

FREE
VIEW