ရိုဟင်ဂျာတွေအတွက် ရန်ပုံငွေမလုံလောက်လို့ အရေးပေါ်အလှူရှင်အစည်းအဝေး ကုလခေါ်ယူ

ရိုဟင်ဂျာတွေအတွက် ရန်ပုံငွေမလုံလောက်လို့ အရေးပေါ်အလှူရှင်အစည်းအဝေး ကုလခေါ်ယူ

ကုလသမဂ္ဂ၊ အောက်တိုဘာ-၂၁-၂၀၂၀
မျိုးဆက် (VOM)

ရိုဟင်ဂျာဒုက္ခသည်အတွက် ရန်ပုံငွေအထောက်အပံ့တွေ လုံလောက်မှုမရှိတော့တာကြောင့် နိုင်ငံတကာအလှူရှင်တွေရဲ့ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို အောက်တိုဘာ ၂၂ ရက်မှာ အွန်လိုင်းကနေကျင်းပသွားမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံပြင်ပနဲ့ ပြည်တွင်းမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်စည်းနိုင်ဖို့အတွက် ဒီလိုအရေးအပေါ်အစည်းအဝေး ခေါ်ယူရတာဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNHCR) ကဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ရှစ်သိန်းကျော်အတွက် လိုအပ်ချက်တွေကိုဖြည့်စည်းပေးဖို့ ဒေါ်လာ တစ်ဘီလီယံကို ကုလသမဂ္ဂက တောင်းခံထားပါတယ်။

ဒါပေမယ့် ဒီရန်ပုံငွေဟာ ထည့်ဝင်မှုနည်းတာတွေကြောင့် ပြည့်မီခြင်းမရှိသေးဘဲ လက်ရှိအချိန်ထိ တစ်ဝက်တောင်မရှိသေးဘူးလို့ UNHCR ပြောရေးဆိုခွင့်ရှိသူ Andrej Mahecic ကပြောပါတယ်။

ဒီအစည်းအဝေးကိုတော့ အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီကနေ ၂ နာရီ ၃၀ မိနစ်အထိကျင်းပသွားမှာဖြစ်ပြီး UNHCR ၊ အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့က ပူးတွဲစီစဉ်ကျင်းပတာဖြစ်ပါတယ်။

ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့မှုတွေ အရေးပေါ်လိုအပ်နေချိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် စိန်ခေါ်မှုအသစ်တွေ ဖြစ်ပေါ်နေပြီး ဒုက္ခသည်အရေး ဖြေရှင်းဖို့နှစ်ဆတိုးပြီး လုပ်ဆောင်ရမယ်လို့ ပြောရေးဆိုခွင့်ရှိသူ Andrej Mahecic ကပြောပါတယ်။

Ref : alarabiya.net
Photo:Getty Images
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Zawgyi

ရိုဟင္ဂ်ာေတြအတြက္ ရန္ပံုေငြမလံုေလာက္လို႔ အေရးေပၚအလွဴရွင္အစည္းအေ၀း ကုလေခၚယူ

ကုလသမဂၢ၊ ေအာက္တိုဘာ-၂၁-၂၀၂၀
မ်ိဳးဆက္ (VOM)

ရိုဟင္ဂ်ာဒုကၡသည္အတြက္ ရန္ပံုေငြအေထာက္အပံ႔ေတြ လံုေလာက္မႈမရိွေတာ႔တာေၾကာင္႔ နိုင္ငံတကာအလွဴရွင္ေတြရဲ႕ အေရးေပၚအစည္းအေ၀းတစ္ရပ္ကို ေအာက္တိုဘာ ၂၂ ရက္မွာ အြန္လိုင္းကေနက်င္းပသြားမယ္လို႔ ကုလသမဂၢက ထုတ္ျပန္လိုက္ပါတယ္။

ျမန္မာနုိင္ငံျပင္ပနဲ႔ ျပည္တြင္းမွာရိွတဲ႔ ရိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ လိုအပ္ခ်က္ေတြကို ျဖည္႔စည္းနုိင္ဖို႔အတြက္ ဒီလိုအေရးအေပၚအစည္းအေ၀း ေခၚယူရတာျဖစ္တယ္လို႔ ကုလသမဂၢ ဒုကၡသည္ေအဂ်င္စီ (UNHCR) ကဆိုပါတယ္။

ဘဂၤလားေဒ႔ရွ္ရိွ ဒုကၡသည္စခန္းေတြမွာေနထိုင္ေနၾကတဲ႔ ရိုဟင္ဂ်ာဒုကၡသည္ ရွစ္သိန္းေက်ာ္အတြက္ လိုအပ္ခ်က္ေတြကိုျဖည္႔စည္းေပးဖို႔ ေဒၚလာ တစ္ဘီလီယံကို ကုလသမဂၢက ေတာင္းခံထားပါတယ္။

ဒါေပမယ္႔ ဒီရန္ပံုေငြဟာ ထည္႔၀င္မႈနည္းတာေတြေၾကာင္႔ ျပည္႔မီျခင္းမရိွေသးဘဲ လက္ရိွအခ်ိန္ထိ တစ္၀က္ေတာင္မရိွေသးဘူးလို႔ UNHCR ေျပာေရးဆိုခြင္႔ရိွသူ Andrej Mahecic ကေျပာပါတယ္။

ဒီအစည္းအေ၀းကိုေတာ႔ ေအာက္တိုဘာ ၂၂ ရက္ ေန႔လယ္ ၁၂ နာရီကေန ၂ နာရီ ၃၀ မိနစ္အထိက်င္းပသြားမွာျဖစ္ျပီး UNHCR ၊ အေမရိကန္၊ ျဗိတိန္နဲ႔ အီးယူတို႔က ပူးတြဲစီစဥ္က်င္းပတာျဖစ္ပါတယ္။

ဒုကၡသည္ေတြအတြက္ ကူညီေထာက္ပံ႕မႈေတြ အေရးေပၚလိုအပ္ေနခ်ိန္မွာ ကိုဗစ္-၁၉ ကပ္ေရာဂါျဖစ္ပြားမႈေၾကာင္႔ စိန္ေခၚမႈအသစ္ေတြ ျဖစ္ေပၚေနျပီး ဒုကၡသည္အေရး ေျဖရွင္းဖို႔နွစ္ဆတိုးျပီး လုပ္ေဆာင္ရမယ္လို႔ ေျပာေရးဆိုခြင္႔ရိွသူ Andrej Mahecic ကေျပာပါတယ္။

Ref : alarabiya.net
Photo:Getty Images
#voiceofmyanmar #VOM #ကုလသမဂၢ

Related posts

Leave a Comment

VOM News

FREE
VIEW