တောင်ကုတ်မြို့ ANP ပါတီ မဲဆွယ်စည်းရုံးပွဲ ဒေသခံထောင်ချီ ဝန်းရံ

တောင်ကုတ်မြို့ ANP ပါတီ မဲဆွယ်စည်းရုံးပွဲ ဒေသခံထောင်ချီ ဝန်းရံ

အောက်တိုဘာ ၂၁- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ တောင်ကုတ်မြို့မှာ ဒီကနေ့ မနက်ပိုင်းက မြို့တွင်းမှာ လှည့်လည်ပြီး ပါတီဝင်တွေ မဲဆွယ်စည်းရုံးရေးပြုလုပ်ကြရာ ဒေသခံမြို့သူမြို့သား (၂၀၀၀) ထောင်နီးပါး ဝန်းရံခဲ့တယ်လို့ သိရပါတယ်။

အခုလိုမျိုး ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ မဲဆွယ်စည်းရုံးရေးကို မြို့တွင်းလှည့်လည်ပြီး ပြုလုပ်နေစဉ် ဒေသခံတွေဝန်းရံလာတာဖြစ်ကြောင်းနဲ့ ရခိုင်အမျိုးသားပါတီအနေနဲ့ မဲဆွယ်စည်းရုံးရေးမှာ လူအကန့်အသတ်နဲ့ ပြုလုပ်နေကြောင်း တောင်ကုတ်မြို့နယ်၊ ရခိုင်အမျိုးသားပါတီကိုယ်စားပြု ဝင်ရောက်ယဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ခင်ထားက ပြောပါတယ်။

“ အဲ့ဒါက ANPပါတီက အင်အားပြတာပါ။ ပါတီဝင်တွေလည်း ပါပါတယ်။ မြို့ပေါ် (၄) ရပ်ကွက်က မဲဆန္ဒရှင် ပြည်သူတွေလည်း ပါပါတယ်။ နောက်ပြီးတော့ ပါတီကို အားပေး၊ ထောက်ခံဝန်းရံသူတွေလည်း ပါပါတယ်။ ကျမတို့ ပါတီကို ဝန်းရံကြတာကတော့ တစ်ထောင်ကျော်၊ နှစ်ထောင်ဝန်းကျင်လောက် ရှိမယ်ထင်ပါတယ်၊ ပထမပိုင်းကတော့ ဒီလို လူစုလူဝေးဖြစ်လာမယ်လို့ ရည်ရွယ်ချက်မရှိပါဘူး။ ဒါပေမယ့် ဝန်းရံတဲ့သူတွေက နောက်က လိုက်လာကြတာပေါ့။ ကျမတို့က ဒီလောက်ထိ များသွားမယ်လို့မထင်ထားဘူး။ နည်းနည်းပါးပါး မြို့ကိုပတ်ဖို့ ဟာလောက်ပဲ တွေးပါတယ်။ နောက်ပိုင်းမှာမှ ဝင်လာပြီး အင်အားပြကြတာပေါ့“လို့ တောင်ကုတ်မြို့နယ် အမှတ်(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ခင်ထားက ပြောပါတယ်။

အခုလိုမျိုး ကိုဗစ် (၁၉) ရောဂါဖြစ်နေတဲ့ကာလမှာ လူစုလူဝေးဖြစ်ပွားမှာကို စိုးရိမ်ကြောင်းနဲ့ စည်းရုံးရေးလုပ်တဲ့ပါတီဝင်တွေနဲ့ ဝန်းရံသူတွေဟာ Mask တွေတပ်၊ လက်အိတ်တွေ စွတ်ပြီး စည်းကမ်းရှိရှိစနစ်တကျနဲ့ လှည့်လည်အင်အားပြခဲ့တာဖြစ်တယ်လို့ ဒေါ်ခင်ခင်ထားကဆက်ပြောပါတယ်။

တောင်ကုတ်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် (၁၀) ခုနဲ့ ကျေးရွာအုပ်စုပေါင်း (၅၂) အုပ်စုကို ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၆) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Photo- မေယုထွန်း
#voiceofmyanmar #VOM #တောင်ကုတ် #ANPပါတီ #လူထောင်ချီမဲဆွယ်စည်းရုံးမှု

Zawgyi

ေတာင္ကုတ္ၿမိဳ႕ ANP ပါတီ မဲဆြယ္စည္း႐ုံးပြဲ ေဒသခံေထာင္ခ်ီ ဝန္းရံ

ေအာက္တိုဘာ ၂၁- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေတာင္ပိုင္းေဒသ ေတာင္ကုတ္ၿမိဳ႕မွာ ဒီကေန႔ မနက္ပိုင္းက ၿမိဳ႕တြင္းမွာ လွည့္လည္ၿပီး ပါတီဝင္ေတြ မဲဆြယ္စည္း႐ုံးေရးျပဳလုပ္ၾကရာ ေဒသခံၿမိဳ႕သူၿမိဳ႕သား (၂၀၀၀) ေထာင္နီးပါး ဝန္းရံခဲ့တယ္လို႔ သိရပါတယ္။

အခုလိုမ်ိဳး ရခိုင္အမ်ိဳးသားပါတီ (ANP) အေနနဲ႔ မဲဆြယ္စည္း႐ုံးေရးကို ၿမိဳ႕တြင္းလွည့္လည္ၿပီး ျပဳလုပ္ေနစဥ္ ေဒသခံေတြဝန္းရံလာတာျဖစ္ေၾကာင္းနဲ႔ ရခိုင္အမ်ိဳးသားပါတီအေနနဲ႔ မဲဆြယ္စည္း႐ုံးေရးမွာ လူအကန႔္အသတ္နဲ႔ ျပဳလုပ္ေနေၾကာင္း ေတာင္ကုတ္ၿမိဳ႕နယ္၊ ရခိုင္အမ်ိဳးသားပါတီကိုယ္စားျပဳ ဝင္ေရာက္ယဥ္ၿပိဳင္မယ့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒၚခင္ခင္ထားက ေျပာပါတယ္။

“ အဲ့ဒါက ANPပါတီက အင္အားျပတာပါ။ ပါတီဝင္ေတြလည္း ပါပါတယ္။ ၿမိဳ႕ေပၚ (၄) ရပ္ကြက္က မဲဆႏၵရွင္ ျပည္သူေတြလည္း ပါပါတယ္။ ေနာက္ၿပီးေတာ့ ပါတီကို အားေပး၊ ေထာက္ခံဝန္းရံသူေတြလည္း ပါပါတယ္။ က်မတို႔ ပါတီကို ဝန္းရံၾကတာကေတာ့ တစ္ေထာင္ေက်ာ္၊ ႏွစ္ေထာင္ဝန္းက်င္ေလာက္ ရွိမယ္ထင္ပါတယ္၊ ပထမပိုင္းကေတာ့ ဒီလို လူစုလူေဝးျဖစ္လာမယ္လို႔ ရည္႐ြယ္ခ်က္မရွိပါဘူး။ ဒါေပမယ့္ ဝန္းရံတဲ့သူေတြက ေနာက္က လိုက္လာၾကတာေပါ့။ က်မတို႔က ဒီေလာက္ထိ မ်ားသြားမယ္လို႔မထင္ထားဘူး။ နည္းနည္းပါးပါး ၿမိဳ႕ကိုပတ္ဖို႔ ဟာေလာက္ပဲ ေတြးပါတယ္။ ေနာက္ပိုင္းမွာမွ ဝင္လာၿပီး အင္အားျပၾကတာေပါ့“လို႔ ေတာင္ကုတ္ၿမိဳ႕နယ္ အမွတ္(၂) ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒၚခင္ခင္ထားက ေျပာပါတယ္။

အခုလိုမ်ိဳး ကိုဗစ္ (၁၉) ေရာဂါျဖစ္ေနတဲ့ကာလမွာ လူစုလူေဝးျဖစ္ပြားမွာကို စိုးရိမ္ေၾကာင္းနဲ႔ စည္း႐ုံးေရးလုပ္တဲ့ပါတီဝင္ေတြနဲ႔ ဝန္းရံသူေတြဟာ Mask ေတြတပ္၊ လက္အိတ္ေတြ စြတ္ၿပီး စည္းကမ္းရွိရွိစနစ္တက်နဲ႔ လွည့္လည္အင္အားျပခဲ့တာျဖစ္တယ္လို႔ ေဒၚခင္ခင္ထားကဆက္ေျပာပါတယ္။

ေတာင္ကုတ္ၿမိဳ႕နယ္အတြင္း ၿမိဳ႕ေပၚရပ္ကြက္ (၁၀) ခုနဲ႔ ေက်း႐ြာအုပ္စုေပါင္း (၅၂) အုပ္စုကို ေ႐ြးေကာက္ပြဲမက်င္းပႏိုင္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ၿပီးခဲ့တဲ့ စက္တင္ဘာလ (၁၆) ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

Photo- ေမယုထြန္း
#voiceofmyanmar #VOM #ေတာင္ကုတ္ #ANPပါတီ #လူေထာင္ခ်ီမဲဆြယ္စည္းရံုးမႈ

Related posts

Leave a Comment

VOM News

FREE
VIEW