လုပ်ငန်းခွင်သုံး ယာဉ်အစီးရေ ၃၀၀ ကျော်နဲ့ NLD ထောက်ခံဝန်းရံသူတွေက အင်အားပြလှည့်လည်

လုပ်ငန်းခွင်သုံး ယာဉ်အစီးရေ ၃၀၀ ကျော်နဲ့ NLD ထောက်ခံဝန်းရံသူတွေက အင်အားပြလှည့်လည်

အောက်တိုဘာ ၂၁-၂၀၂၀
ကိုလတ် (VOM)

ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး မြေသယ်ယာဉ်တွေ၊ ကုန်တင်ယာဉ်တွေ၊ ထော်လာဂျီတွေ၊ အိမ်စီးကားတွေ အပါအဝင် ယာဉ်အစီးရေ ၃၀၀ ကျော်က NLD ပါတီကို ထောက်ခံဝန်းရံမှုအနေနဲ့ အင်အားပြလှည့်လည်မှုတွေကို ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

“ကျနော်တို့က ကိုယ့်စားရိတ်ကိုယ်စားပြီး အမေစုကိုဝန်းရံချင်လို့ ပါဝင်ဖြစ်တာ။ အကုန်လုံးကလည်း ကိုယ့်စားရိတ်နဲ့ ကိုယ်ပဲ ကားတွေကို အုံနာက ပေးတယ်။ ကျနော်တို့က ဆီထည့်မောင်းတယ်။ လမ်းမှာ စားဖို့သောက်ဖို့အတွက် အလှူရှင်တွေက ကုသိုလ်ပြုတယ် ဒါပဲလေ၊ ပြည်သူတွေအားလုံးကချစ်ပြီးသား ဒါကြောင့်လည်း ကိုယ့်ဆန္ဒနဲ့ကိုယ်လိုက်တာ”လို့ ဝန်းရံလှည့်လည်မှုမှာ ပါဝင်ခဲ့တဲ့ မြေသယ်ယာဉ်မောင်း ကိုနိုင်အေးက ပြောပါတယ်။

အဲ့ဒီလို လှည့်လည်မှုကို တပ်ကုန်းမြို့ကလွဲပြီး ပြည်ထောင်စုနယ်မြေ ၈ မြို့ကို အကုန်ဖြတ်သန်းမောင်းနှင်ကာ အင်အားပြလှည့်လည်ခဲ့တာဖြစ်ပါတယ်။

အခုလို အင်အားပြလှည့်လည်မှုအနေနဲ့ ယာဉ်ကြီးတွေရဲ့ စက်သုံးဆီ ကုန်ကျမှုဟာ သုံးလေးသောင်းအထိ ကုန်ကျတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

လုပ္ငန္းခြင္သုံး ယာဥ္အစီးေရ ၃၀၀ ေက်ာ္နဲ႔ NLD ေထာက္ခံဝန္းရံသူေတြက အင္အားျပလွည္႔လည္

ေအာက္တိုဘာ ၂၁-၂၀၂၀
ကိုလတ္ (VOM)

ေဆာက္လုပ္ေရးလုပ္ငန္းခြင္သုံး ေျမသယ္ယာဥ္ေတြ၊ ကုန္တင္ယာဥ္ေတြ၊ ေထာ္လာဂ်ီေတြ၊ အိမ္စီးကားေတြ အပါအ၀င္ ယာဥ္အစီးေရ ၃၀၀ ေက်ာ္က NLD ပါတီကို ေထာက္ခံဝန္းရံမႈအေနနဲ႔ အင္အားျပလွည္႔လည္မႈေတြကို ဒီကေန႔မနက္ပိုင္းက ေနျပည္ေတာ္မွာ ျပဳလုပ္ခဲ႔ပါတယ္။

“က်ေနာ္တို႔က ကိုယ္႔စားရိတ္ကိုယ္စားၿပီး အေမစုကို၀န္းရံခ်င္လို႔ ပါ၀င္ျဖစ္တာ။ အကုန္လုံးကလည္း ကိုယ္႔စားရိတ္နဲ႔ ကိုယ္ပဲ ကားေတြကို အုံနာက ေပးတယ္။ က်ေနာ္တို႔က ဆီထည္႔ေမာင္းတယ္။ လမ္းမွာ စားဖို႔ေသာက္ဖို႔အတြက္ အလွဴရွင္ေတြက ကုသိုလ္ျပဳတယ္ ဒါပဲေလ၊ ျပည္သူေတြအားလုံးကခ်စ္ၿပီးသား ဒါေၾကာင္႔လည္း ကိုယ္႔ဆႏၵနဲ႔ကိုယ္လိုက္တာ”လို႔ ၀န္းရံလွည္႔လည္မႈမွာ ပါ၀င္ခဲ႔တဲ႔ ေျမသယ္ယာဥ္ေမာင္း ကိုႏိုင္ေအးက ေျပာပါတယ္။

အ႔ဲဒီလို လွည္႔လည္မႈကို တပ္ကုန္းၿမိဳ႕ကလြဲၿပီး ျပည္ေထာင္စုနယ္ေျမ ၈ ၿမိဳ႕ကို အကုန္ျဖတ္သန္းေမာင္းႏွင္ကာ အင္အားျပလွည္႔လည္ခဲ႔တာျဖစ္ပါတယ္။

အခုလို အင္အားျပလွည္႔လည္မႈအေနနဲ႔ ယာဥ္ႀကီးေတြရဲ႕ စက္သုံးဆီ ကုန္က်မႈဟာ သုံးေလးေသာင္းအထိ ကုန္က်တာျဖစ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW