တပ်မတော်က ရွေးကောက်ပွဲမကျင်းပဖို့ပြောထားတဲ့ ပလက်ဝမှာ အစိုးရက ဘာကြောင့် ကျင်းပချင်တာလဲ

အောက်တိုဘာ ၂၄-၂၀၂၀
ကိုလတ် (VOM)

တပ်မတော်အနေနဲ့ နယ်မြေလုံခြုံရေးအရ ပလက်ဝမြို့မှာ ရွေးကောက်ပွဲမကျင်းပဖို့ အကြံပြုတင်ပြခဲ့ပေမယ့် အစိုးရအနေနဲ့ကတော့ အဲ့ဒီနယ်မြေမှာ ကျင်းပနိုင်အောင် လုပ်ဆောင်ပေးဖို့ ပြောဆိုခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ကျနော်တို့က ဘယ်လိုအကြံပြုထားတယ်ဆိုတဲ့ အချိုးတွေ ပြောခဲ့ပါတယ်။ ကျနော်တု့ိက နယ်မြေ ၃၃၀/ ၂၇၁/ ၂၀/ ၃၉ ဆိုတာ ပြောခဲ့ပြီးပါပြီ။ ၃၉ နယ်မြေထဲမှာ ပလက်ဝပါတယ်လို့ ပြောပါတယ်။ ပလက်ဝနဲ့ပတ်သက်ပြီးတော့ ညှိနှိုင်းတယ်၊ ညှိနှိုင်းတဲ့အတွက်ကြောင့်မလို့ မဖြစ်မနေလုပ်ပေးပါပြောတယ်။ ပြောတဲ့အတွက် လုပ်ပေးပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီကနေ့ နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုအပေါ် ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါအပြင် အဲ့ဒီနယ်မြေမှာ အစိုးရအနေနဲ့ မည်သည့်အတွက်ကြောင့်လုပ်ချင်တာလဲလို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပလက်ဝမှာတော့ သူတို့ ကျင်းပချင်ပါတယ်လို့ ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ပေးပါလို့ပြောခဲ့တာဖြစ်တယ်။ သူတို့လုပ်ချင်လို့ လုပ်ချင်တာပေါ့ဗျာ”လို့ ပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာတော့ နယ်မြေလုံခြုံရေးအရ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေ ဒေသ ၁၅ ခုရှိပြီး တိုင်းရင်းသားဒေသတွေဖြစ်တာကြောင့် ဝေဖန်ပြောဆိုမှုတွေလည်း အမျိုးမျိုးထွက်ပေါ်နေတာကို တွေ့ရပါတယ်။

#voiceofmyanmar #VOM #ရွေးကောက်ပွဲ #ပလက်ဝ #တပ်မတော်

Related posts

Leave a Comment

VOM News

FREE
VIEW