ပါတီဝန်းရံသူတွေ ပြဿနာဖြစ်ပွားတဲ့ကိစ္စဟာ တစ်ဖက်အဖွဲ့အစည်းတွေရဲ့ လွန်ကဲမူကြောင့်လို့NLDရဲ့ထုတ်ပြန်မူက နိုင်ငံရေးမှာ မဖြစ်သင့်

အောက်တိုဘာ၂၄-၂၀၂၀
ယဉ်ပပထွန်း(VOM)

NLD ကိုဝန်းရံသူတွေ အင်အားပြတဲ့အချိန် တခြားပါတီဝင်တွေနဲ့ပြသာနာဖြစ်ပွားခဲ့တဲ့အပေါ် တစ်ဖက်အဖွဲ့အစည်းတွေရဲ့ လွန်ကဲမူအပြုအမူတွေကြောင့် ဖြစ်ပွားခဲ့တယ်လို့NLDရဲ့ထုတ်ပြန်ထားမူက ကိုယ့်အဖွဲ့အစည်းကို ထိန်းဖို့မကြိုးစားဘဲ အခြားအဖွဲ့အစည်းတွေကို ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်စေတဲ့အပြင် နိုင်ငံရေးမှာမဖြစ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်လို့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အတွင်းအရေးမှူး ဒေါက်တာနဒ္ဒာလှမြင့်က VOM ကိုပြောါတယ် ။

” အဲ့လိုရေးသားထုတ်ပြန်မူမျိုးက မဖြစ်သင့်ပါဘူး ။ ဘာဖြစ်လို့လဲဆိုရင် အွန်လိုင်းပေါ်မှာရော၊ video ဖိုင်တွေမှာရော အထောက်အထားတွေ အများကြီးရှိနေပါတယ်။ ပြဿနာဖြစ်တာကိုကြည့်ရင် ဘယ်အဖွဲ့အစည်းက စတယ်၊လုပ်တယ် ဘယ်အဖွဲ့အစည်းကြောင့် ပြဿနာတတ်နေတယ်ဆိုတာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့မြင်ကြသိကြပါတယ်။ ကျွန်တော်တို့အနနဲ့ဘာမှမဖြစ်ဘူး။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ကတော့ မည်သည့်ပါတီနဲ့မှ ပြဿနာမဖြစ်ဖို့တစ်ဖက်ပါတီကရှိလာရင်လည်း ဥပဒေအရဖြေရှင်းဖို့၊ မူးယစ်ရမ်းကားမူလုံးဝမလုပ်ဖို့၊ ရန်မစွဖို့သေချာမှာထားပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ဒီအပေါ်မှာ ဘာမှအသိအမှတ်ပြုစရာအကြောင်းမရှိဘူး ။ ကျွန်တော်တို့အလုပ်ကို ကျွန်တော်တို့လုပ်သွားမယ်။ ပြည်သူကပဲ အဆုံးအဖြတ်ပေးမှာ ဖြစ်တဲ့အတွက် ဘာမှတုန့်ပြန်စရာအကြောင်းတော့မရှိပါဘူး”လို့ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

ဒါ့အပြင် ဒီလိုထုတ်ပြန်တာက အာဏာရပါတီကြီးအနေနဲ့ နိုင်ငံရေးယဉ်ကျေးမူမရှိစွာ ထင်ထင်ရှားရှားရေးသားလိုက်တဲ့ စကားတွေပါပဲလို့ ပြည်သူ့ရှေ့ဆောင်(PPP)ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက သုံးသပ်ပြောဆိုပါတယ်။

” အမှန်က အဲ့လိုဖော်ပြလိုက်တာကိုက သူကပြန်ပြီးစွပေးသလိုဖြစ်နေတယ်။ ပါတီက တရားသူကြီးမှမဟုတ်တာ ၊ တရားရုံးချုပ်မှ မဟုတ်တာ ၊ တရားလွှတ်တော်မှ မဟုတ်တာ ။ အခုလို သူ့ပါတီရဲ ့သဘောထားပြောလိုက်တာက တစ်ဖက်ပါတီကလူတွေ ဟုတ်သောရှိ မဟုတ်သောရှိ ပြန်ပြီးတော့စွပေးတဲ့သဘောဖြစ်နေတယ် ” လို့ဦးကျော်ဇေယျကပြောပါတယ်။

အခုလို ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး NLDပါတီက ဒဂုံမြို့သစ်တောင်ပိုင်း အမှတ်(၁) တိုင်းကိုယ်စားလှယ်ဦးညီညီကလည်း” လူမူကွန်ယက်တွေမှာရော တိုင်တန်းချက်တွေရော ရှိနေကြတယ်။အဖွဲ့ချုပ်အနေနဲ့ပြဿနာတွေကို မဖြစ်ပွားအောင် ရှောင်ရှားကြပါတယ်။ ဖြစ်လာခဲ့မယ်ဆိုရင်လည်း ပြန်လုပ်မယ်ဆိုတဲ့ အရာမရောက်အာင် ပါတီဝင်တွေကို မှာကြားထားတယ်။ ကျွန်တော် တောင်ဒဂုံမှာဆိုရင်လည်း သတ်မှတ်ချက်မှာပါနေတဲ့ စည်းမျဉ်းစည်းကမ်းနဲ့နေဖို့မှာကြားထားတယ်။ ရန်စလာတာမျိုးရှိလာရင်လည်း ဘာမှမတုန့်ပြန်ဘဲနဲ့ဥပဒေအကြောင်းရ သည်းခံနိုင်ဖို့မှာကြားထားပါတယ် ။ တောင်ဒဂုံမြို့နယ်မှာက ယှဉ်ပြိုင်မယ့်ပါတီတွေ နဲ့အေးးအေးချမ်းချမ်းပါပဲ”လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက အောက်တိုဘာ ၂၃ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ချက်ထဲမှာ NLD ဝန်းရံသူများက အင်အားပြလှုပ်ရှားကြရာမှာ အခြားပါတီများနဲ့လည်း ရံဖန်ရံခါ ထိပ်တိုက်ဆုံကြပြီး ပြသာနာအမျိုးမျိုး ဖြစ်နေတာကိုလည်း တွေ့ရှိရကြောင်း ဖြစ်စဉ်အများစုမှာ တစ်ဖက်သောအဖွဲ့အစည်းများရဲ့ လွန်ကဲတဲ့ အပြုအမူတွေကြောင့် ဖြစ်ပွားခဲ့တယ်လို့တွေ့ရပါတယ်ဆိုပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ် ။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW