ရိုဟင်ဂျာတွေပြန်လက်ခံရေး မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင် ဆွေးနွေးဖွယ်ရှိ

ဒါကာ၊ အောက်တိုဘာ-၂၄-၂၀၂၀
မျိုးဆက် (VOM)

ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အာမခံချက်တွေကို တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို အသိပေးအကြောင်းကြားခဲ့တယ်လို့ The Nation သတင်းဌာနက ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲပြီးရင် ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေးနဲ့ပတ်သက်တဲ့ နောက်ထပ်ဆွေးနွေးမှုတွေကို ပြန်စဖို့မြန်မာနိုင်ငံက ဆန္ဒရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါအခြေအနေတွေ တိုးတက်ကောင်းမွန်လာမယ့်အချိန်မှာ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေး လုပ်ဆောင်သွားမယ်လို့ မြန်မာဘက်က တရုတ်ကိုအကြောင်းကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကတော့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့အကြား သံအမတ်ကြီးတွေအဆင့် ဆွေးနွေးပွဲနဲ့ ထိပ်တန်းတာဝန်ရှိသူတွေအကြား ဆွေးနွေးပွဲတွေလုပ်ဖို့ အဆိုပါပြုထားပါတယ်။ ဒီသုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ဒါကာမှာ ကျင်းပနိုင်တယ်လို့ ဝမ်ယီကဆိုပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို သုံးနှစ်ကျော်ကြာတဲ့အချိန်ထိ နေရပ်ပြန်ပို့တဲ့လုပ်ငန်းစဉ် မစတင်နိုင်တာကို စိတ်ပျက်မိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီဂျင်မိုင်က အောက်တိုဘာ ၁၁ ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Ref : The Nation
Photo: The Daily Star/ANN
#voiceofmyanmar #VOM #ဒါကာ #ရိုဟင်ဂျာအရေး

Related posts

Leave a Comment

VOM News

FREE
VIEW