ပါတီမဲဆွယ်ရေးအဖွဲ့နဲ့ ဆိုင်ကယ်ချင်းတိုက်မိချိန် ဆဲဆိုခဲ့တဲ့သူကို သံတူရွင်းနဲ့ရိုက်သတ်

အောက်တိုဘာ၂၅-၂၀၂၀
ကောင်းလက်ျာ(VOM)

‌ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကြူအင်‌းကျေးရွာမှာ မနေ့အောက်တိုဘာ၂၄ ရက် ညနေပိုင်းက ပါတီမဲဆွယ်စည်းရုံးရေးအဖွဲ့ဝင်တစ်ဦးနဲ့ ဆိုင်ကယ်ချင်းတိုက်မိချိန် ဆဲဆိုခဲ့သူတစ်ဦး
ကို ဆဲဆိုခံရသူက သံတူရွင်းနဲ့ စောင့်ဆိုင်းရိုက်သတ်ပြီး ထွက်ပြေး‌နေတယ်လို့ တောင်ငူမြို့နယ် အမှတ်(၂)နယ်မြေရဲစခန်းမှူး ရဲအုပ်စိုးသက်မောင်က ပြောပါတယ်။

” စုံစမ်းသိရှိရသလောက် မနက်ပိုင်းက မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ဆိုင်ကယ်ချင်းတိုက်မိတုန်းက ဆဲဆိုခဲ့တဲ့လူကို ရွာကဖြတ်သွားချိန် စောင့်ရိုက်တာပါ။ တရားခံက ထွက်ပြေးတိမ်းရှောင်သွားလို့ လိုက်လံစုံစမ်းရှာဖွေနေပါတယ်”လို့ ရဲအုပ်စိုးသက်မောင်ကပြောပါတယ်။

အခင်းဖြစ်တဲ့မနက်ပိုင်းက တောင်ငူမြို့နယ်NLDပါတီ မဲဆွယ်စည်းရုံးရေးအဖွဲ့မှ ရပ်ကျေးအဆင့်ဥက္ကဋ္ဌတစ်ဦးမောင်းလာပြီး အမျိုးသမီးတစ်ဦးလိုက်ပါလာတဲ့ ဆိုင်ကယ်ကို မြပင်ကူးရွာနားမှာ ကြူအင်းဒေသခံ ဇော်ထိုက်ဆိုသူမောင်းလာတဲ့ ဆိုင်ကယ်က နောက်ကနေ ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။

NLD ပါတီစည်းရုံးရေးအဖွဲ့မှ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး ပြန်သွားချိန် ညနေ၃ နာရီကျော်ခန့်မှာ တောင်ငူမြို့နယ်အနောက်နတ်စင်ကုန်းကျေးရွာနေသူ ဦး
ထွန်းနောင်တစ်ဦးတည်းဆိုင်ကယ်ကို မောင်းလာချိန် ကြူအင်းကျေးရွာအနောက်ပိုင်း ကုန်စုံဆိုင်တစ်ဆိုင်ရှေ့မှာ ဇော်ထိုက်ဆိုသူက သံတူရွင်းနဲ့ရိုက်သတ် ထွက်ပြေးသွားတာဖြစ်တယ်လို့ တောင်ငူမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းကနေ သိရပါတယ်။

လူသတ်ပြီးထွက်ပြေးနေတဲ့ ဇော်ထိုက်ဆိုသူဟာ ပါတီရပ်ကျေးဥက္ကဋ္ဌတစ်ဦးမောင်းလာတဲ့ဆိုင်ကယ်ကို အနောက်ကနေဝင်တိုက်ခဲ့သူဖြစ်ပေမယ့် သံတူရွင်းနဲ့ရိုက်သတ်ခံရလို့ သေဆုံးသွားသူကတော့ NLD ပါတီဝင်မဟုတ်ကြောင်း တောင်ငူမြို့နယ်အောင်နိုင‌်ရေးအဖွဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(တောင်ငူ)ရဲ့ ဖေ့စ်ဘုတ်သတင်းစာမျက်နှာမှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

လူသတ်မ‌ှုနဲ့ပတ်သက်လို့ ပြစ်မှုကျုးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဇော်ထိုက်ကို တောင်ငူမြို့နယ် အမှတ်၂ နယ်မြေရဲစခန်းမှ (ပ)၄၆၃/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၀၂)နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ငူ

Related posts

Leave a Comment

VOM News

FREE
VIEW