မြစ်ကြီးနားကာဝင်းမှာ ဝင်ထွက်နေတဲ့ မော်တော်ယာဉ်တွေ စည်းကမ်းလိုက်နာမှု အားနည်း

မြစ်ကြီးနားကာဝင်းမှာ ဝင်ထွက်နေတဲ့ မော်တော်ယာဉ်တွေ စည်းကမ်းလိုက်နာမှု အားနည်း

မြစ်ကြီးနား၊ အောက်တိုဘာ- ၂၄- ၂၀၂၀
ရန်အောင်ထွန်း(VOM)

မြစ်ကြီးနားမြို့ကားဝင်းအတွင်းမှာ ဝင်ထွက်နေတဲ့ ယာဉ်တွေနဲ့ ယာဉ်မောင်းအများစုဟာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာကြဘူးလို့ မြစ်ဖျားဧရာကားဝင်း အတွင်း တာဝန်ကျနေတဲ့ ကျန်းမာရေးဝန်ထမ်းရဲ့ ပြောကြာချက်အရ သိရပါတယ်။

Covid-19 ရောဂါကာကွယ်ထိန်းချုပ်နေတဲ့ ကာလအတွင်း ကုန်စည်စီးဆင်မှု ရပ်တန့်မသွားအောင် တိုင်းကျော်နယ်ကျော်ဒေသကို ကုန်စည်နဲ့ထွက်မယ့် ကားတွေနဲ့ ပြည်နယ်အတွင်း လူစီးကားတွေကို ကားအသင်းရဲ့ထောက်ခံချက်၊ မော်တော်ယာဉ်များကြီးကြပ်ရေး ကော်မတီ (ယကတ)ရဲ့ ထောက်ခံချက်နဲ့ လိုက်ပါမယ့် ယာဉ်မောင်းနဲ့ ယာဉ်အကူရဲ့ ကျန်းမာရေးထောက်ခံချက် ဝင်ထွက်သွားလာခွင့်ပြုပေးနေတာ ဖြစ်ပါတယ်။

တစ်ရက်ကို ကားအစီးရေ ၃၀ လောက်ဝင်နေပြီး ဗန်းမော်၊ တနိုင်း၊ ပူတာအို၊ မိုးကောင်း နဲ့ အင်းတော်ကြီး ဒေသက ကားတွေအများဆုံး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးနေရတယ်လို့ မြစ်ဖျားဧရာကားဝင်း တာဝန်ကျကျန်းမာရေးဝန်ထမ်း သားဖွားဆရာမ ဒေါ်မာမာဦးက ပြောပါတယ်။

မြစ်ဖျားဧရာကားဝင်း မော်တော်ယာဉ်များ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်ဦး ပြောပြတာကတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အချက်အလက်တွေ စုံအောင်စစ်ဆေးပြီးမှ ခွင့်ပြုခဲ့လို့ ပြောပါတယ်။ ဒါပေမယ့် လက်ရှိမှာ ယာဉ်တွေအနေနဲ့ အဆင်မြေမှု မရှိတောကြောင့် အရင်ကားအစီ ၁၀၀ ဝင်နေရာကနေ ၂၀ လောက်ပဲ ပြေးဆွဲနိုင်တော့တယ်လို့ ပြောပါတယ်။

မြစ်ဖျားဧရာကားဝင်းအတွင်းမှာ မော်တော်ယာဉ် ၅၉ သင်းရှိပြီး အမြဲတမ်းပုံမှန် သွားလာနေတဲ့ ကားအစီးရေ ၃၀၀ ဝန်းကျင်ရှိနေတာပါ။ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကာလမှာ အစီး ၁၀၀ လောက်ပြေးဆွဲခဲ့ပေမယ့် ယာဉ်လိုင်းတစ်ခုက ဂိတ်မှူးမှာ ရောဂါပိုးတွေ့လို့ အသွားအလာကန့်သတ်မှု ပြုလုပ်ပြီးနောက်ပိုင်း ကားအစီးရေ ၈၀ လောက် ရပ်နားသွားကြတာဖြစ်ပါတယ်။

#VOM #VoiceofMyanmar #မြစ်ကြီးနား #COVID-19 #ကျန်းမားရေးလိုက်နာမှုအားနည်း

zawgy

ျမစ္ႀကီးနားကာဝင္းမွာ ဝင္ထြက္ေနတဲ့ ေမာ္ေတာ္ယာဥ္ေတြ စည္းကမ္းလိုက္နာမႈ အားနည္း

ျမစ္ႀကီးနား၊ ေအာက္တိုဘာ- ၂၄- ၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ျမစ္ႀကီးနားၿမိဳ႕ကားဝင္းအတြင္းမွာ ဝင္ထြက္ေနတဲ့ ယာဥ္ေတြနဲ႔ ယာဥ္ေမာင္းအမ်ားစုဟာ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကို မလိုက္နာၾကဘူးလို႔ ျမစ္ဖ်ားဧရာကားဝင္း အတြင္း တာဝန္က်ေနတဲ့ က်န္းမာေရးဝန္ထမ္းရဲ႕ ေျပာၾကာခ်က္အရ သိရပါတယ္။

Covid-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေနတဲ့ ကာလအတြင္း ကုန္စည္စီးဆင္မႈ ရပ္တန႔္မသြားေအာင္ တိုင္းေက်ာ္နယ္ေက်ာ္ေဒသကို ကုန္စည္နဲ႔ထြက္မယ့္ ကားေတြနဲ႔ ျပည္နယ္အတြင္း လူစီးကားေတြကို ကားအသင္းရဲ႕ေထာက္ခံခ်က္၊ ေမာ္ေတာ္ယာဥ္မ်ားႀကီးၾကပ္ေရး ေကာ္မတီ (ယကတ)ရဲ႕ ေထာက္ခံခ်က္နဲ႔ လိုက္ပါမယ့္ ယာဥ္ေမာင္းနဲ႔ ယာဥ္အကူရဲ႕ က်န္းမာေရးေထာက္ခံခ်က္ ဝင္ထြက္သြားလာခြင့္ျပဳေပးေနတာ ျဖစ္ပါတယ္။

တစ္ရက္ကို ကားအစီးေရ ၃၀ ေလာက္ဝင္ေနၿပီး ဗန္းေမာ္၊ တႏိုင္း၊ ပူတာအို၊ မိုးေကာင္း နဲ႔ အင္းေတာ္ႀကီး ေဒသက ကားေတြအမ်ားဆုံး က်န္းမာေရးစစ္ေဆးမႈ ျပဳလုပ္ေပးေနရတယ္လို႔ ျမစ္ဖ်ားဧရာကားဝင္း တာဝန္က်က်န္းမာေရးဝန္ထမ္း သားဖြားဆရာမ ေဒၚမာမာဦးက ေျပာပါတယ္။

ျမစ္ဖ်ားဧရာကားဝင္း ေမာ္ေတာ္ယာဥ္မ်ား ႀကီးၾကပ္ေရးေကာ္မတီ အတြင္းေရးမႉး ဦးမ်ိဳးျမင့္ဦး ေျပာျပတာကေတာ့ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး လိုအပ္တဲ့ အခ်က္အလက္ေတြ စုံေအာင္စစ္ေဆးၿပီးမွ ခြင့္ျပဳခဲ့လို႔ ေျပာပါတယ္။ ဒါေပမယ့္ လက္ရွိမွာ ယာဥ္ေတြအေနနဲ႔ အဆင္ေျမမႈ မရွိေတာေၾကာင့္ အရင္ကားအစီ ၁၀၀ ဝင္ေနရာကေန ၂၀ ေလာက္ပဲ ေျပးဆြဲႏိုင္ေတာ့တယ္လို႔ ေျပာပါတယ္။

ျမစ္ဖ်ားဧရာကားဝင္းအတြင္းမွာ ေမာ္ေတာ္ယာဥ္ ၅၉ သင္းရွိၿပီး အၿမဲတမ္းပုံမွန္ သြားလာေနတဲ့ ကားအစီးေရ ၃၀၀ ဝန္းက်င္ရွိေနတာပါ။ Covid-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ကာလမွာ အစီး ၁၀၀ ေလာက္ေျပးဆြဲခဲ့ေပမယ့္ ယာဥ္လိုင္းတစ္ခုက ဂိတ္မႉးမွာ ေရာဂါပိုးေတြ႕လို႔ အသြားအလာကန႔္သတ္မႈ ျပဳလုပ္ၿပီးေနာက္ပိုင္း ကားအစီးေရ ၈၀ ေလာက္ ရပ္နားသြားၾကတာျဖစ္ပါတယ္။

#VOM #VoiceofMyanmar #ျမစ္ႀကီးနား #COVID-19 #က်န္းမားေရးလိုက္နာမႈအားနည္း

 

Related posts

Leave a Comment

VOM News

FREE
VIEW