TNPပါတီအနေနဲ့ မဲဆွယ်စည်းရုံးရာမှာ RCSS/SSAအဖွဲ့ရဲ့ခြိမ်းခြောက်မှုတွေကြောင့် အခက်အခဲရှိနေ

အောက်တိုဘာ ၂၅-၂၀၂၀
အေးချမ်းသူ(VOM)

၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်တောက်ပိုင်းမှာ မဲဆွယ်စည်းရုံးရာတွင် သျှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ(RCSS§/SSA)အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အခက်အခဲရှိနေတယ်လို့ တအာင်း-ပလောင်အမျိုးသားပါတီ(TNP)ဥက္ကဋ္ဌ မိုင်းနုပ်ဟန်က VOMကိုပြောပါတယ်။

“ရွာတွေမှာ မဲဆွယ်လို့မရဘူး။ RCSS/SSAက ရွာသားတွေကိုမှာတယ်။ သူကြီးတွေကိုပြောတယ်။ TPNကို မလာစေနဲ့ မဲမထည့်ဖို့ ဖိအားတွေပေးတယ်၊ လုပ်ရင်တော့ သူတို့အကြောင်းသိမယ်ဆိုပြီးပြောတယ်။ အဲ့ဒီလိုအခက်အခဲတွေကြောင့် မဲဆွယ်လို့မရဘူး”လို့ မိုင်းနုပ်ဟန်ကပြောပါတယ်။

TNPပါတီအနေနဲ့ မိုင်းကိုင်မြို့နယ်မှာ မဲဆွယ်စည်းရုံးတဲ့အခါ ကိုဗစ်ကာလာဖြစ်နေတာနဲ့ RCSS/SSAရဲ့ ခြိမ်းခြောက်ပြောဆိုနေတာတွေကြောင့် ပါတီဝင်တွေ ကြောက်လန့်နေရတဲ့အခါ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုမပြုလုပ်ရဘူးလို့ တအာင်း-ပလောင်အမျိုးသားပါတီဥက္ကဋ္ဌ မိုင်းနုပ်ဟန်က VOMကိုပြောပါတယ်။

“ကိုယ်စားလှယ်လောင်းစာရင်းကျပြီးကတည်းက နှောင့်ယှက်ခြိမ်းခြောက်နေတာ သြဂုတ်လကတည်းကပေါ့၊ ပါတီဝင်တွေကိုခေါ်ပြောတယ် မင်းတို့TNPနဲ့အဆက်အသွယ်လုပ်ရင်
မင်းတို့ ဒီထက်ဖိနှိပ်ရမယ်။ ဆိုင်းဘုတ်တွေလည်း ဖျက်သီမ်းပစ်တယ်”လို့ မိုင်းနုပ်ဟန်ကပောပါတယ်။

၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ မိုင်းကိုင်မြို့နယ်မပါဝင်ပေမယ့်လည်း ပြန်လည်ကျင်းပပေးဖို့တောင်းဆိုတဲ့ပါတီတွေထဲမှာ TNPပါတီမပါဝင်ရခြင်းဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ကြောင်းကို ယုံကြည်တာကြောင့်ဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌကပြောပါတယ်။

တအာင်း-ပလောင်အမျိုးသားပါတီဟာ လာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်၊ပြည်နယ်(၁)(၂)နေရာတို့မှာ ကိုယ်စားလှယ် ၄ ဦး၊ မိုင်းကိုင်ကနေ ကိုယ်စားလှယ် ၃ ဦး ဝင်ပြိုင်မှာဖြစ်ပြီး ပါတီဥက္ကဋ္ဌကတော့ ရှမ်းပြည်နယ်၊အမှတ်(၇)အမျိုးသားလွှတ်တော်နေရာက ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ၁၆ရက်နေ့မှာထုတ်ပြန်ကြေငြာခဲ့တဲ့ ရွေးကောက်ပွဲကျင်းပခွင့်မရှိတဲ့နယ်မြေစာရင်းထဲမှာ ရှမ်းပြည်နယ်ရှိ မြို့နယ် ၆ခု ရွေးကောက်ပွဲ လုံးဝမကျင်းပဖို့နဲ့ မြို့နယ် ၁၇ ခုရှိ ရပ်ကွက်အချို့နဲ့ ကျေးရွာအုပ်စုတွေထဲမှာ မိုင်းကိုင်မြို့နယ်လည်း ပါဝင်ခဲ့ပါတယ်။

တအာင်း-ပလောင်ပါတီအပေါ် မဲဆွယ်စည်းရုံးရာမှာ ခြိမ်းခြောက်ပြောဆိုတာတွေနဲ့ ပတ်သတ်ပြီူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ရဲ့ပြောရေးဆိုခွင့်ရှိသူ
ဒုတိယဗိုလ်မှူးကြီး အုပ်ခေးကို VOMကဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

Photo – TNP
#voiceofmyanmar #VOM #တအာင်း-ပလောင်ပါတီ #မဲဆွယ်မှုအခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW