ရဲအရာရှိလင်မယား စကားများရာကနေ ဇနီးဖြစ်သူက ဓားနဲ့ထိုးလို့ ရဲအရာရှိသေဆုံး

အောက်တိုဘာ ၂၆-၂၀၂၀
ကိုတိုးကြီး(VOM)

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် အမှတ် (၇)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှာ မနေ့ အောက်တိုဘာ ၂၅ ရက် ညပိုင်းက ရဲအရာရှိလင်မယား စကားများ ရန်ဖြစ်ရာက ဇနီးဖြစ်သူရဲ့ ခုခံကာကွယ်မှုကြောင့် ရဲအရာရှိတစ်ယောက်သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

အမှတ် (၇)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ အမှတ် (၂) အရာခံ အကြပ်ကြီးလိုင်းမှာနေထိုင်တဲ့ ရဲအုပ်တစ်ဦးဟာ မနေ့ အောက်တိုဘာ ၂၅ရက်ညပိုင်းက ဇနီးဖြစ်သူနဲ့ နေအိမ်လိုင်းခန်းမှာ စကားများ ရန်ဖြစ်ချိန် နေအိမ်အတွင်းက အရိုး၊အသွား ၁၂ လက်မ ဓားဦးချွန်တစ်ချောင်းနဲ့ ဇနီးဖြစ်သူကို ထိုးမယ်လို့ ဟန်ပြုခြိမ်းခြောက်စဉ် ဇနီးဖြစ်သူက အဲ့ဒီ ဓားကိုလုယူပြီး ခင်ပွန်းဖြစ်သူရဲ့ ဝဲဘက်နံကြားကို ထိုးသွင်းခဲ့ခြင်းဖြစ်တယ်လို့ ရဲမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

” ဖြစ်တာက မနေ့ကည ၈ နာရီနဲ့ ၉ နာရီအကြားလောက်မှာဖြစ်တာပါ ၊ ဗိုလ်ကြီးကို ကျောက်တန်းပြည်သူ့ဆေးရုံကို ပို့ပြီး ဆေးကုသခံနေတုန်း ည ၉ နာရီ ၃၀ မှာ ဆုံးသွားတာပါ ” လို့ အဲ့ဒီ ရဲတပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

အဲ့ဒီလူသတ်မှုကို အမှတ် (၇)လုံခြုံရေးရဲတပ်ဖွဲ့ ခွဲက တာဝန်မှူးက တရားလိုပြုလုပ်ပြီး ကျောက်တန်းမြို့မရဲစခန်းကို အမှုဖွင့် တိုင်တန်းခဲ့တဲ့အတွက် (ပ) ၁၁၉၇ / ၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ အရ သေဆုံးသူ ရဲအရာရှိရဲ့ ဇနီးဖြစ်သူကို အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

Photo-ကျောက်တန်းမြို့မရဲစခန်း
#voiceofmyanmar #VOM #ကျောက်တန်း #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW