၉ရက်ကြာပျောက်ဆုံးသွားတဲ့ ၄နှစ်အရွယ်မိန်းကလေးကို သေဆုံးလျက်တွေ့ရှိ

အောက်တိုဘာ ၂၆-၂၀၂၀
ဂျန်ကိုးလ်(VOM)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်က ၉ရက်ကြာပျောက်ဆုံးသွားတဲ့ ၄နှစ်အရွယ် မိန်းကလေးကို ဒီကနေ့နေ့လယ်ပိုင်းက သေဆုံးလျှက်ပြန်တွေ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြည်မြို့လူမှု့ကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကူညီခဲ့တဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုညီသုတကိုဆက်သွယ်ရာမှာတော့ ”ကလေးမိသားစုကပဲ သမီးလေးယတြာချောဖို့ ရွာကနတ်စင်သွားရင်းနဲ့ အနံ့ထွက်တော့သိကြတယ်၊ ကလေးကို စပါးခင်းအစပ်မှာ တွေ့တယ်၊ ကလေးက တော်တော်လေးရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။အပေါ်ပိုင်းအင်္ကျီမရှိတော့ဘူး၊ ဘောင်းဘီတော့ဝတ်ထားတယ်၊ လည်ပင်းကတော့ပြတ်နေသလား သေချာမသိဘူး၊ တော်တော်လေးတော့ရုပ်ပျက်နေပြီ” လို့ ပြောပါတယ်။

သေဆုံးလျက်ပြန်တွေ့တဲ့ မိန်းကလေးဟာ ရွှေတောင်မြို့နယ်၊ ကျောက်ဖူးကျေးရွာကဖြစ်ပြီး အောက်တိုဘာ ၁၈ရက် ညနေပိုင်းက ကလေးငယ်ချင်းဆော့ကစားနေရာကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

ပျောက်ဆုံးသွားတဲ့နေ့ကစပြီး ရဲတပ်ဖွဲ့ နဲ့ပရဟိတအဖွဲ့တွေက နေ့စဉ်ရှာဖွေနေခဲ့တာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ ကျောက်ဖူးကျေးရွာနဲ့ ကန်သုံးဆင့်ကျေးရွာကြားက လယ်ကွင်းမှာသေဆုံးလျက်တွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့မိန်းကလေးရဲ့ရုပ်အလောင်းကို ရွှေတောင်ပြည်သူ့ဆေးရုံကိုသယ်ဆောင်သွားပြီး ရဲတပ်ဖွဲ့ကတော့ အမှုနဲ့ပတ်သက်လို့ ရဲလုပ်ငန်းစဉ်တွေဆောင်ရွက်နေတဲ့အတွက် သတင်းမထုတ်ပြန်နိုင်သေးဘူးလို့ သိရပါတယ်။

Photo – ကျီးသဲနာမှုကူညီရေးအသင်း
#voiceofmyanmar #VOM #ရွှေတောင် #ပျောက်ဆုံးမိန်းကလေး #သေဆုံးလျက်ပြန်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW