တမူးရဲစခန်းက အချုပ်တရားခံ ၁ ဦး ကိုဗစ်ရောဂါပိုးတွေ့

အောက်တိုဘာ ၃၁-၂၀၂၀
ကိုတိုးကြီး (VOM)

မြန်မာ – အိန္နိယ နယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့မရဲစခန်းက အချုပ်တရားခံ တစ်ယောက်ဟာ မနေ့ အောက်တိုဘာ ၃၀ ရက်နေ့က ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိပြီး အဲ့ဒီအချုပ်တရားခံနဲ့ ထိတွေ့ခဲ့သူ ရဲဝန်ထမ်း ၁၁ ယောက်ကိုလည်း ကွာရန်တင်းစင်တာမှာထားရှိပြီး ကျန်းမာရေးစစ်ဆေးနေတယ်လို့ သိရပါတယ်။

တမူးမြို့မရဲစခန်း မယ(ပ) ၉၁/၂၀၂၀၊ မူးစိတ်ပုဒ်မ-၁၉ (က)/၂၁ အမှုက အချုပ်တရားခံ အသက် (၃၉) နှစ်အရွယ် အမျိုးသားတစ်ယောက်နဲ့ အသက် (၂၁) နှစ်အရွယ် အမျိုးသမီး တစ်ယောက်ကို တမူးပြည်သူ့ဆေးရုံအချုပ်မှာ ကွာရန်တင်းထားရှိပြီး Tesk kit ဖြင့် စစ်ဆေးခဲ့ရာ အသက် (၃၉) နှစ်အရွယ် အမျိုးသား အချုပ်တရားခံမှာ ကိုဗစ် ၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

” ပိုးတွေ့လူနာ အချုပ်တရားခံဟာ မူးယစ်အမှုကဖြစ်တယ် ၊ သူ့ကိုဖမ်းဆီးစဉ်က ပါဝင်ခဲ့တဲ့ မူးယစ်တပ်ဖွဲ့စု(၇) တမူးက တပ်ဖွဲ့ဝင် ၁၁ ယောက်ကို BRTF ရုံး ကွာရန်တင်းစင်တာမှာပို့ထားပြီး ကျန်းမာရေးစစ်ဆေးနေတယ် ” လို့ တမူးခရိုင်ရဲတပ်ဖွဲ့ရုံးက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက ရဲစခန်း အချုပ်တွေမှာ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းဖြစ်ချိန်ကတည်းက အချုပ်တရားခံတွေကို ကူးဆက်ပြန့်ပွားမှုမရှိအောင် စနစ်တကျ ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီး အခု ကိုဗစ် ၁၉ ရောဂါပိုးတွေ့ အချုပ်တရားခံဟာ စစ်ကိုင်းတိုင်းအတွင်း ပထမဦးဆုံး ရောဂါပိုးတွေ့ရှိခဲ့ရတဲ့ အချုပ်တရားခံဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တမူး #အချုပ်တရားခံ #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW