နိုင်ငံရေးပါတီဝင်ဖြစ်ပြီး သတင်းထောက်ကဒ်ကိုင်ဆောင်သူ ၅ဦးကို ရွေးကောက်ပွဲသတင်းယူခွင့်ကဒ်ပြား ပြန်သိမ်းဖို့ တိုင်းတန်းထား

နိုဝင်ဘာ၂-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ ချောက်မြို့မှာ ပြည်ထောင်စုနေ့စဉ်သတင်းစာရဲ့သတင်းထောက် ၅ ဦးကို
သတင်းမီဒီယာကျင့်ဝတ်နဲ့မညီဘဲ ပါတီအလုပ်နဲ့တွဲစပ်လုပ်ကိုင်နေသလိုဖြစ်နေတဲ့အတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားတဲ့ သတင်းရယူခွင့်ကဒ်တွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ ချောက်မြို့NLDပါတီဥက္ကဋ္ဌက မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို စာရေးပို့တိုင်တန်းထားတယ်လို့ သိရပါတယ်။

ချောက်မြို့မှာ နိုင်ငံရေးပါတီဝင်ဖြစ်ပြီး သတင်းထောက်ကဒ်ကိုင်ဆောင်ထားသူ ၅ဦးက မီဒီယာကတ်ပြားနဲ့ မဲရုံတွေထဲကို ဝင်ထွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

”အခုကိစ္စမှာ မဲရုံနယ်မြေ ၁ ၊၂ ၊၁၅မှာ ဝင်ထွက်နေတာတွေမှာ သူတို့ရဲ့ဖောင်းတော့ရှိတယ်၊ သူတို့ကို သတင်းထောက်အဖြစ် မြို့မှာမသိကြဘူး၊ ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ်ပဲ သိကြတာ၊ သတင်းထောက်မဟုတ်ဘူးလို့ မပြောဘူး၊ ပြောချင်တာက အခုက သူတို့ရဲ့ဖောင်းကို တိုင်တာမဟုတ်ဘူး၊ သတင်းမီဒီယာကျင့်ဝတ်နဲ့မညီတဲ့အတွက်နဲ့ ကဒ်တွေကိုပြန်ရုတ်သိမ်းပေးဖို့ရယ်၊ နောက်ပြီး ပါတီအချင်းချင်း Code of contant ရှိတယ်၊ အဓိကကတော့ နိုဝင်ဘာ ၈ရက်အတွက်ပါ”လို့ချောက်မြို့NLDပါတီဥက္ကဋ္ဌဒေါက်တာမောင်မောင်ကျော်က ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ချောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်နု ပြောပြတာက“ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ အထက် ခရိုင်ကိုတင်ပြထားပါတယ်၊ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဲ့ဒီလိုပေါ့၊ လာပြောသူရှိတယ်၊ လောလောဆယ်တော့ တိုင်စာလက်ခံထားတဲ့အဆင့်ပဲရှိတယ်၊ ကျနော်တို့က လုပ်ပိုင်ခွင့်မရှိဘူး၊ အထက်ကို အစီရင်ခံစာပြန်တင်ထားပါတယ်”လို့ ပြောပါတယ်။

မကွေးတိုင်းမှာ ကြိုတင်မဲတွေ စတင်ကောက်ခံတဲ့ အောက်တိုဘာ၂၉ ရက်နေ့ကစပြီး အောက်တိုဘာ ၃၁ရက်နေ့အထိ မြို့နယ်အချို့မှာ ရွေးကောက်ပွဲကော်မရှင်နဲ့ ဆန္ဒမဲပေးသူတွေအကြား အငြင်းပွားဖွယ် ပြဿနာဖြစ်ပွားမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ချောက် #ပြည်ခိုင်ဖြိုးပါတီ #သတင်းထောက်ကဒ် #ပြန်သိမ်းဖို့ #NLDတိုင်တန်း

Related posts

Leave a Comment

VOM News

FREE
VIEW