၂၀၂၀ ရွေးကောက်ပွဲနဲ့ ကြိုတင်မဲရဲ့လားရာ
နိုဝင်ဘာ ၂-၂၀၂၀ ဆွေလင်းထွန်း(VOM) မြန်မာနိုင်ငံထက် ရောဂါပိုးကူးဆက်မှု ဆယ်ဆ၊ ဆယ့်ငါးဆပိုများတဲ့ နိုင်ငံတွေက ရွေးကောက်ပွဲကျင်းပပုံတွေကို အတွေ့အကြုံယူထားပြီး ကိုဗစ်ကပ်ကြားထဲမှာ ရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုပေမယ့် လက်တွေ့မှာတော့ အစရှိသေး ပြဿနာပေါင်း သောင်းခြောက်ထောင် တက်နေပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်အချိန်ဟာ တကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ တိုက်ဆိုင်နေတဲ့အတွက် မဲဆွယ်စည်းရုံးရေး၊ ဆန္ဒမဲပေးရေး ကိစ္စတွေမှာ အရင်ရွေးကောက်ပွဲတွေနဲ့မတူဘဲ ထူးခြားမှုတွေရှိခဲ့ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေအိမ်မှာ နေထိုင်ဖို့(Stay home) သတ်မှတ်ထားတဲ့ မြို့နယ်တွေနဲ့ လူဦးရေထူထပ်တဲ့ မြို့နယ်တွေက အသက် ၆၀ ကျော် သက်ကြီးရွယ်အိုတွေကို အောက်တိုဘာ ၂၉ရက်ကနေ နိုဝင်ဘာ ၅ရက်အထိ အိမ်တိုင်ရာရောက် ကြိုတင်မဲ လိုက်လံကောက်ခံနေတာ ဖြစ်ပါတယ်။ Stay home သတ်မှတ်မထားတဲ့ မြို့နယ်တွေက အသက် ၆၀ ကျော်သူတွေကိုလည်း သက်ဆိုင်ရာ ရပ်ကွက်၊…
Read More
၂၀၂၀ ရွေးကောက်ပွဲနဲ့ ကြိုတင်မဲရဲ့လားရာ
နိုဝင်ဘာ ၂-၂၀၂၀ ဆွေလင်းထွန်း(VOM) မြန်မာနိုင်ငံထက် ရောဂါပိုးကူးဆက်မှု ဆယ်ဆ၊ ဆယ့်ငါးဆပိုများတဲ့ နိုင်ငံတွေက ရွေးကောက်ပွဲကျင်းပပုံတွေကို အတွေ့အကြုံယူထားပြီး ကိုဗစ်ကပ်ကြားထဲမှာ ရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုပေမယ့် လက်တွေ့မှာတော့ အစရှိသေး ပြဿနာပေါင်း သောင်းခြောက်ထောင် တက်နေပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်အချိန်ဟာ တကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ တိုက်ဆိုင်နေတဲ့အတွက် မဲဆွယ်စည်းရုံးရေး၊ ဆန္ဒမဲပေးရေး ကိစ္စတွေမှာ အရင်ရွေးကောက်ပွဲတွေနဲ့မတူဘဲ ထူးခြားမှုတွေရှိခဲ့ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေအိမ်မှာ နေထိုင်ဖို့(Stay home) သတ်မှတ်ထားတဲ့ မြို့နယ်တွေနဲ့ လူဦးရေထူထပ်တဲ့ မြို့နယ်တွေက အသက် ၆၀ ကျော် သက်ကြီးရွယ်အိုတွေကို အောက်တိုဘာ ၂၉ရက်ကနေ နိုဝင်ဘာ ၅ရက်အထိ အိမ်တိုင်ရာရောက် ကြိုတင်မဲ လိုက်လံကောက်ခံနေတာ ဖြစ်ပါတယ်။ Stay home သတ်မှတ်မထားတဲ့ မြို့နယ်တွေက အသက် ၆၀ ကျော်သူတွေကိုလည်း သက်ဆိုင်ရာ ရပ်ကွက်၊…
Read More
မုံရွာက တည်းခိုခန်းတစ်ခုမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသား အလောင်းတွေ့
နိုဝင်ဘာ ၂-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ တရုတ်တန်းလမ်းနဲ့ ကန်းနားလမ်းထောင့်အနီးက အဆင့်မြင့်တည်းခိုခန်းတစ်ခုမှာ ဒီကနေ့ နိုဝင်ဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းက အပုပ်နံ့ရတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာ အမျိုးသားတစ်ယောက်ရဲ့အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဘုရားကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအာယုကပြောပါတယ်။ ” ကိုဗစ်-၁၉ ဒုတိယလှိုင်း ပြန်ထတဲ့အချိန်ကစလို့ အဲ့ဒီတည်းခိုခန်းက ပိတ်ထားတာဖြစ်တယ်၊ ပတ်ဝန်းကျင်အိမ်တွေက အပုပ်နံ့မခံနိုင်လို့ အကြောင်းကြားလို့ သွားစစ်ဆေးတော့ အခန်းထဲက မျက်နှာကျက် ပန်ကာမှာ သံကြိုးနဲ့ချည်ပြီး ကြိုးဆွဲချထားတဲ့ အလောင်းတွေ့ရတာဖြစ်တယ်”လို့ ဦးအာယုက ပြောပါတယ်။ သေဆုံးသူဟာ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ နယ်မြေ-၁၃ မှာနေတဲ့ အသက် ၂၀ အရွယ် သမိုင်းဘာသာ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား ဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ အဲ့ဒီ ရုပ်အလောင်းဟာ လည်ပင်းမှာ သံကြိုးနဲ့ ချည်နှောင်ထားတာကြောင့်…
Read More
ပန်းပညာရှင်မှသည် လွှတ်တော်ဆီသို့
Read More
သန်လျင်သဘာဝရိပ်သာမှာ ကိုဗစ်ပိုးတွေ့ရှိသူ ၂၆၀ ကျော်ထိရှိလာတဲ့အတွက် Semi Lockdownချထားရ
နိုဝင်ဘာ ၂-၂၀၂၀ သိင်္ဂီထွန်း(VOM) သန်လျင်သဘာဝတရားရိပ်သာမှာ ကိုဗစ်ပိုးတွေ့လူနာ (၂၆၂) ဦးအထိ ရှိလာနေတဲ့အတွက် ရိပ်သာကို ဒီကနေ့ နိုဝင်ဘာ ၂ရက်နေ့ကစပြီး Semi Lockdown ချထားတဲ့အပြင် မလိုအပ်တဲ့သူတွေကို ဝင်ထွက်ခွင့်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်ကူးစက်ခံရတဲ့ လူနာ ၂၆၀ ကျော်ထဲက ကျန်းမာရေးဦးစီးဌာနကနေ လူနာ ၁၅၀ ကိုသာ ခေါ်ဆောင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားနိုင်တယ်လို့ သန်လျင်သဘာဝရိပ်သာမှ ရုံးအဖွဲ့မှူး ဦးနန္ဒဝင်းကပြောပါတယ်။ “ ဒီနေ့ကစပြီးတော့ semi lockdown စနစ်နဲ့စသွားနေတယ်။semi lockdown ဆိုတာက အပြင်ကို လုံးဝမထွက်ရတဲ့အခြေအနေမဟုတ်ဘူး။ အုပ်ချုုပ်ရေးနဲ့ ဝေယျာဝစ္စအဖွဲ့တွေကတော့ ကန့်သတ်ချက်နဲ့ register လုပ်ပြီးတော့ မဖြစ်မနေသွားရတဲ့သူတွေကိုတော့ ပင်တိုင်ပေါ့၊ အပြင်စည်း အတွင်းစည်းခွဲလိုက်တဲ့သဘောမျိုးပေါ့။ မလိုအပ်တဲ့သူတွေကို ဝင်ထွက် သွားလာခွင့်ထိန်းချုပ်ထားတယ်။ ပိုးတွေ့လူနာတွေထဲက ၁၅၀ က ကွာရန်တင်းစင်တာတွေကနေ ခေါ်သွားတာဆိုတော့ သူတို့ စောင့်ရှောက်ထားတယ်။ နောက်ထပ်တွေ့တဲ့…
Read More
အားကောင်းတဲ့ လာနီညာ ကျရောက်တဲ့ နှစ်ဖြစ်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အအေးပိုမယ်
နိုဝင်ဘာ၂-၂၀၂၀ ယဉ်ပပထွန်း(VOM) အခုနှစ်က အားကောင်းတဲ့ လာနီညာ ကျရောက်တဲ့ နှစ်ဖြစ်တာကြောင့် နိုဝင်ဘာလနဲ့ဒီဇင်ဘာလတွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အအေးပိုမှာ ဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမူဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ် ။ ပင်လယ်ပြင်မျက်နှာပြင်မှာ အပူချိန်က အခုလနဲ့ဒီဇင်ဘာလတွေမှာ ၁ ဒဿမ ၅ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လာနိုင်တဲ့အနေအထားမျိုး ရှိနေတဲ့အတွက် ပိုမိုအားကောင်းတဲ့ လာနီညာ ဖြစ်ပေါ်လာတဲ့ နှစ် ဖြစ်တယ်လို့သိရပါတယ်။ ” ကချင်ပြည်နယ် ၊ ချင်းပြည်နယ် နဲ့ရှမ်းပြည်နယ်တွေမှာ ဆောင်းကာလမှာ အပူချိန်က ကဏန်းတစ်လုံးအမြဲရောက်တယ် ။ တခါတလေ အနတ်ဘက်တောင် ရောက်သွားတဲ့အနေအထားမျိုးရှိတယ်။ ဒီနှစ်က လာနီညာလည်း ရှိတဲ့အချိန်ရောက်တော့ အဲ့ဒီဒေသတွေမှာက ပိုပြီးအေးမယ်။ ကျန်တဲ့ တိုင်းဒေသကြီး ပြည်နယ်တွေမှာကလည်း ပုံမှန်ထက် ပိုအေး နိုင်တယ်၊ အခုနှစ်က လာနီညာ ရှိနေတဲ့အတွက် ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေ ပိုမိုဖြစ်ပွားတာတွေ၊…
Read More
မှားပြီးထုတ်ပေးထားတဲ့ မဲလက်မှတ်တွေကို ပယ်မဲသတ်မှတ်ပြီး မဲလက်မှတ်အသစ်နဲ့ ပြန်လည်ကောက်ခံ
နိုဝင်ဘာ ၂-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ချောင်းဖျားကျေးရွာမှာ တိုင်းဒေသကြီးမဲဆန္ဒနယ် မဲလက်မှတ်‌တွေကို မှားယွင်းထုတ်ပေးမိတာကြောင့် ကြိုတင်မဲပေးခဲ့သူ ၁၇၀ ဦးကျော်ရဲ့ မဲတွေကို ပယ်မဲအဖြစ်သတ်မှတ်ပြီး အစားထိုးဆန္ဒမဲတွေ ပြန်လည်ကောက်ခံနေရတယ်လို့သိရပါတယ်။ ချောင်းဖျားကျေးရွာမှာ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်-၁ ထဲပါဝင်ပေမယ့် ကြိုတင်မဲ ကောက်ခံသူတွေက ဆန္ဒမဲလာပေးသူတွေကို တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၂ မဲလက်မှတ်တွေနဲ့ မှားယွင်းထုတ်ပေးမိခဲ့တာဖြစ်ပါတယ်။ ” အခုလို ဆန္ဒမဲလက်မှတ်တွေ မှားယွင်းနေတာကို အောက်တိုဘာ ၃၁ ရက်က သိရှိခဲ့တာဖြစ်ပါတယ်။ မဲဆန္ဒရှင်လက်မှတ် စာအုပ်တွေမှာကိုက မှားနေတာဖြစ်ပါတယ်။ အဖုံးမှာက ၁ လို့ရေးထားပြီးတော့ အထဲမှာက ၂ ကဟာတွေ ဖြစ်နေတာဖြစ်ပါတယ်’လို့ ဧရာဝတီတိုင်း၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရေကြည်မြို့နယ် မဲဆန္ဒနယ်အမှတ်-၁ က လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးသက်ဦးက ပြောပါတယ်။ မဲလက်မှတ်မှားယွင်းပြီး ကြိုတင်မဲယူထားတဲ့ မဲဆန္ဒရှင် (၁၇၁) ဦးကို စာရင်းအတိုင်းကြိုတင်မဲတွေ ပြန်လည်ကောက်ခံနေတယ်လို့ရေကြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကနေ…
Read More
Q ဝင်နေရတဲ့သူတွေ ဆန္ဒမဲလက်မှတ်ကို ကိုယ်တိုင်ကိုင်ပြီး ပေးပိုင်ခွင့်ရမှာမဟုတ်
နိုဝင်ဘာ ၂- ၂၀၂၀ ရှိုင်းအောင် (VOM) ၂၀၂၀ ရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိတဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကနေ စက်တင်ဘာ ၅ ရက်အတွင်း သက်ဆိုင်ရာမြို့နယ်တွေမှာ Quarantine ဝင်နေရတဲ့သူတွေ ဆေးရုံတက်နေရသူတွေဟာ ကျန်းမာရေးအရ ဆန္ဒမဲလက်မှတ်တွေကို ကိုယ်တိုင်ကိုင်ပြီး ပေးပိုင်ခွင့်ရမှာ မဟုတ်ပါဘူး။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသော်တာထက် က ပြောပြတာကတော့ “ သတ်မှတ်ထားတာတော့ သက်ဆိုင်ရာ ဝန်ထမ်းကလည်း သက်ဆိုင်ရာ အကာအကွယ်ဝတ်စုံနဲ့သွားရမှာပေါ့၊ မဲပေးမယ့်သူတွေကတော့ မဲပြားကို ကိုင်ပြီးပေးခွင့်တော့ မရှိဘူး၊ ဥပမာ မောင်ဖြူပေးမယ်ဆိုရင် မဲလက်မှတ်ကိုပြမယ် သူ့ရှေ့မှာပဲ ခပ်ဝေးဝေးပေါ့ ဘယ်ဟာကိုထည့်မယ်ဆိုရင် တံဆိပ်တုံးထုပေးရမှာပေါ့ ပြီးရင်စာအိပ်ထဲထည့်ပြီး ကြိုတင်မဲသိမ်းပေါ့၊ ဒီလူကတော့ မဲကြီးကိုကိုင်ပြီးပေးလို့မရဘူး၊ ဆေးရုံမှာလည်းအဲ့လိုဘဲ ဆေးရုံတက်နေတဲ့ Positiveတွေကလည်း သက်ဆိုင်ရာဝန်ထမ်းကနေမှ ဘယ်ဟာကိုပေးမလဲ မဲကောက်တဲ့သူက ဒီလူဆန္ဒပြုတာကိုမှ ပြီးရင်သူ့ကို ဒါဆိုတာကို ပြမှာပေါ့ ဒီအတိုင်းမှန်ပါလားဆိုပြီးတော့…
Read More
ရွေးကောက်ပွဲနေ့မှာ အလုပ်သမားတွေကို အချိန်ပိုမခေါ်ဖို့ စက်ရုံ၊ အလုပ်ရုံတွေကို CTUM က အသိပေးထုတ်ပြန်
နိုဝင်ဘာ ၂-၂၀၂၀ သိင်္ဂီထွန်း(VOM) ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ စက်ရုံ၊ အလုပ်ရုံတွေအနေနဲ့ အလုပ်သမားတွေကို အချိန်ပို(OT)မခေါ်ဖို့အတွက် CTUM မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ အသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ အရင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကာလတွေမှာ စက်ရုံ၊ အလုပ်ရုံတချို့ဟာ အလုပ်သမားတွေကို အချိန်ပိုဆင်းခိုင်းခဲ့တာကြောင့် အလုပ်သမားတွေ မဲပေးခြင်းမရှိလိုက်ရတဲ့ ဖြစ်ရပ်တွေရှိခဲ့တဲ့အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲနေ့မှာ အလားတူ ကိစ္စရပ်တွေ ထပ်မဖြစ်စေဖို့ ၊ အလုပ်သမားတွေ မဲပေးခွင့်မဆုံးရှုံးစေဖို့အတွက် ကြိုတင်ပြီး သဘောထားထုတ်ပြန်ရခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)မှ ဗဟိုကော်မတီဝင် ဦးအောင်ကျော်ထွန်းနိုင်ဦးကပြောပါတယ်။ “ကျနော်တို့က အလုပ်သမားတွေကို မေးတဲ့အခါ သူတို့ကို OT ခေါ်တယ်၊ အလုပ်ဆင်းရတဲ့အတွက် မဲမပေးရဘူ။ တချို့ကျလည်း မဲပေးရကောင်းမှန်းမသိလိုက်ကြဘူး။ဒါကြောင့် အလုပ်သမားတွေကို အချိန်ပို မခေါ်ဖို့ပေါ့။ ခေါ်မယ်ဆိုရင် သူ့တို့ဟာ…
Read More
အလုပ်သမားဥပဒေသစ် ပြဌာန်းလိုက်တာကြောင့် အင်ဒိုနီးရှားမှာ လူထောင်ပေါင်းများစွာ ဆန္ဒပြနေ
ဂျကာတာ၊ နိုဝင်ဘာ-၂-၂၀၂၀ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ နည်းပါးသွားပြီး သဘာဝပတ်ဝန်းကျင်အပေါ် အကာအကွယ်ပေးမှုတွေ အားနည်းသွားစေတယ်လို့ ဝေဖန်သူတွေကဆိုကြတဲ့ အလုပ်သမားဥပဒေသစ်အပေါ် ထောင်ပေါင်းများစွာသော အလုပ်သမားတွေက နိုဝင်ဘာ ၂ ရက်မှာ ဆန္ဒပြမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ အနောက်ဂျာဗားနဲ့ အရှေ့ဂျာဗားပြည်နယ်တွေက အလုပ်သမားသမဂ္ဂ ၃၂ ခုကို ကိုယ်စားပြုတဲ့ ထောင်ပေါင်းများစွာသော အလုပ်သမားတွေဟာ ဂျကာတာရှိ သမ္မတနန်းတော်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအနီးတို့မှာ အကြီးအကျယ် ဆန္ဒပြနေကြတယ်လို့ အင်ဒိုနီးရှား ကုန်သွယ်ရေးသမဂ္ဂများအဖွဲ့ချုပ်ကပြောပါတယ်။ ဆန္ဒပြမှုတွေဟာ ယိုဂျာကာတာ၊ ဘန်ဒါအာချေး၊ မီဒန်နဲ့ မာကာဆာအပါအဝင် နိုင်ငံအတွင်းရှိ အခြားဒေသတွေမှာလည်း ဖြစ်ပွားနေပါတယ်။ ဆန္ဒပြသူတွေဟာ လုပ်အကိုင်ဖန်တီးရေး ဥပဒေကို ပယ်ဖျက်ပေးဖို့နဲ့ ၂၀၂၁ ခုနှစ်မှာ အခြေခံလုပ်ခလစာ တိုးမြင့်ရေးတို့ကို တောင်းဆိုနေကြတယ်လို့ ကုန်သွယ်ရေးသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ Said Iqbal ကပြောပါတယ်။ အလုပ်သမားသမဂ္ဂတွေဟာလည်း အလုပ်သမားဥပဒေသစ်ကို ပြန်လည်စစ်ဆေးသုံးသပ်ပေးဖို့…
Read More
VOM News
FREE
VIEW