အားကောင်းတဲ့ လာနီညာ ကျရောက်တဲ့ နှစ်ဖြစ်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အအေးပိုမယ်

နိုဝင်ဘာ၂-၂၀၂၀
ယဉ်ပပထွန်း(VOM)

အခုနှစ်က အားကောင်းတဲ့ လာနီညာ ကျရောက်တဲ့ နှစ်ဖြစ်တာကြောင့် နိုဝင်ဘာလနဲ့ဒီဇင်ဘာလတွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အအေးပိုမှာ ဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမူဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ် ။

ပင်လယ်ပြင်မျက်နှာပြင်မှာ အပူချိန်က အခုလနဲ့ဒီဇင်ဘာလတွေမှာ ၁ ဒဿမ ၅ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လာနိုင်တဲ့အနေအထားမျိုး ရှိနေတဲ့အတွက် ပိုမိုအားကောင်းတဲ့ လာနီညာ ဖြစ်ပေါ်လာတဲ့ နှစ် ဖြစ်တယ်လို့သိရပါတယ်။

” ကချင်ပြည်နယ် ၊ ချင်းပြည်နယ် နဲ့ရှမ်းပြည်နယ်တွေမှာ ဆောင်းကာလမှာ အပူချိန်က ကဏန်းတစ်လုံးအမြဲရောက်တယ် ။ တခါတလေ အနတ်ဘက်တောင် ရောက်သွားတဲ့အနေအထားမျိုးရှိတယ်။ ဒီနှစ်က လာနီညာလည်း ရှိတဲ့အချိန်ရောက်တော့ အဲ့ဒီဒေသတွေမှာက ပိုပြီးအေးမယ်။ ကျန်တဲ့ တိုင်းဒေသကြီး ပြည်နယ်တွေမှာကလည်း ပုံမှန်ထက် ပိုအေး နိုင်တယ်၊ အခုနှစ်က လာနီညာ ရှိနေတဲ့အတွက် ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေ ပိုမိုဖြစ်ပွားတာတွေ၊ အရှေ့မြောက်မုတ်သုံလေ အားကောင်းမူကြောင့်လည်း ညအပူချိန်တွေလျော့ပြီး အအေးပိုနိုင်တာတွေ၊ အရှေ့ဘက်က လေပွေတွေ တိုက်ခတ်တာတွေနဲ့အတူ အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေဖြစ်လာပြီး မြူ၊ဆိုင်းကျတာတွေကလည်း အခုနှစ်မှာ ပိုမိုကျနိုင်တဲ့အတွက် သတိပြုနေထိုင်ဖို့လည်း လိုအပ်ပါတယ်”လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောပါတယ်။

လာနီညာက ၄ နှစ်မှ တစ်ကြိမ် ဖြစ်ပေါ်လာခဲ့ပေမယ့်လည်း နောက်ပိုင်း ပင်လယ်ပြင်မျက်နှာပြင်မှာ အပူချိန်တွေ ၊ ရေးအေးစီးကြောင်းတွေ နဲ့ရေနွေးစီးကြောင်းတွေ ပြောင်းလဲ လာမူတွေကြောင့် လာနီညာက ၂ နှစ်တစ်ကြိမ် ၃ နှစ်တစ်ကြိမ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မိုးလေဝသ #လာနီညာ #အအေးပိုမယ်

Related posts

Leave a Comment

VOM News

FREE
VIEW