မုံရွာက တည်းခိုခန်းတစ်ခုမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသား အလောင်းတွေ့

နိုဝင်ဘာ ၂-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ တရုတ်တန်းလမ်းနဲ့ ကန်းနားလမ်းထောင့်အနီးက အဆင့်မြင့်တည်းခိုခန်းတစ်ခုမှာ ဒီကနေ့ နိုဝင်ဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းက အပုပ်နံ့ရတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာ အမျိုးသားတစ်ယောက်ရဲ့အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဘုရားကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအာယုကပြောပါတယ်။

” ကိုဗစ်-၁၉ ဒုတိယလှိုင်း ပြန်ထတဲ့အချိန်ကစလို့ အဲ့ဒီတည်းခိုခန်းက ပိတ်ထားတာဖြစ်တယ်၊ ပတ်ဝန်းကျင်အိမ်တွေက အပုပ်နံ့မခံနိုင်လို့ အကြောင်းကြားလို့ သွားစစ်ဆေးတော့ အခန်းထဲက မျက်နှာကျက် ပန်ကာမှာ သံကြိုးနဲ့ချည်ပြီး ကြိုးဆွဲချထားတဲ့ အလောင်းတွေ့ရတာဖြစ်တယ်”လို့ ဦးအာယုက ပြောပါတယ်။

သေဆုံးသူဟာ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ နယ်မြေ-၁၃ မှာနေတဲ့ အသက် ၂၀ အရွယ် သမိုင်းဘာသာ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား ဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

အဲ့ဒီ ရုပ်အလောင်းဟာ လည်ပင်းမှာ သံကြိုးနဲ့ ချည်နှောင်ထားတာကြောင့် လူမှုကူညီရေး အဖွဲ့က စေတနာ့ဝန်ထမ်းတွေဟာ အချိန်အတော်ကြာ လုပ်ဆောင်ခဲ့ရပြီး မုံရွာဆေးရုံ အအေးတိုက်ကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက် စောစောပိုင်းကလည်။ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့က ကွာရန်တင်းစင်တာမှာ ကျန်းမာရေးစစ်ဆေးခံနေသူ လူငယ်တစ်ယောက်ဟာလည်း ကြိုးဆွဲချ သေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ပုပ်ပွအလောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW