ရန်ကုန်တိုင်းဒေသကြီးမှာ နေရာတချို့မှာမဲပေးခွင့်ဆုံးတာတွေနဲ့ မဲလက်မှတ်မပါတဲ့ ပြဿနာတချို့ရှိနေ

ရန်ကုန် နိုဝင်ဘာ၈ . ၂၀၂၀
ယဉ်ပပထွန်း ( VOM )

၂၀၂၀ အထွေထွရွေးကောက်ပွဲ နေ့ဖြစ်တဲ့ ဒီနေ့မှာ ဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီး မှာရှိနေတဲ့ မဲရုံတွေမှာဆိုရင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် မဲပေး ချင်ကြ သော်လည်းပဲ မဲပေးခွင့် မရခဲ့မှုတွေက နေရာအနှံအပြားဖြစ်ပွားနေခဲ့ပါတယ် ။

“ မဲစာရင်း ပထမအကြိမ်သွားးစစ်တုံးက မွေးစာရင်းမှားနေပြီး တိုင်းရင်းသား မဲစာရင်း မှာလဲ မပါဘူး။ အဲ့ဒါနဲ့ မှတ်ပုံတင်မူရင်း မိတ္တူသန်းခေါင်းစာရင်းယူပြီးတော့ ဒုတိအကြိမ် သွားပြင်ပါတယ်။ တိုင်းရင်းသားမဲစာရင်းကိုပါ သေချာပြင်ခဲ့ပါတယ် ။ ဒီနေ့ကျမှ တိုင်းရင်းသားမဲစာရင်းမှာ မပါဘူးတဲ့ ။ မှတ်ပုံတင်ပြတာလဲ မရဘူး ။ ရွှေပြည်သာမှာ့တော့ မှတ်ပုံတင်ပြရင် ပေးရတယ် ပြောလို့ မဲရုံကို ပြောပြ တာလဲ မရတော့ မဲပေးခွင့်မရခဲ့ပါဘူး ။ အဲ့ဒါနဲ့ ရပ်ကွက်ရုံးကို ဖုန်းဆက်ပြီးမေးတော့ သူတို့က မြို့နယ်ကို တင်ပေးတယ် ။ မြို့နယ်က မချပေးတာ မတတ်နိုင်ဘူးတဲ့ ပြီးတော့ ပြောသေးတယ် နောက် ၅နှစ် နေမှ ပေးတော့ဆိုပြီး ။ တာဝန်ယူမှုမရှိဘူး “ လို့ လှိုင်မြို့နယ် (၁) ရပ်ကွက် မဲရုံအမှတ် (၃) မှာ မဲပေးခဲ့တဲ့ မငြိမ်းချမ်းမေက VOM ကိုပြောပါတယ် ။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတုံးက ဆိုရင်တော့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးကို မဲပေးရာမှာ မှတ်ပုံတင်မှာ ရခိုင် လို့ အမည် ပါနေပါက အလွယ်တကူပေးလို့
ရပြီး ယခု နှစ် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနေ့ကျမှ မှတ်ပုံတင်ပြသော် လည်း ပဲ မဲပေးခွင့်တွေမရခဲ့တာကိုလဲ သိရပါတယ် ။

“ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးကို မဲပေးချင်လွန်းလို့ ရပ်ကွက် ရုံးမှာ မှတ်ပုံအစစ်ရော ၊ မိတ္တူရော သန်းခေါင်းစာရင်းရော အားလုံးပြည့်စုံသွားလုပ်ခဲ့ပေမယ့် ဒီနေ့ကျမှ စာရင်ထဲမှာ မပါဘူး တဲ့လေ ။ ရပ်ကွက်က ကော်မရှင်ကိုမေးတော့လဲ အထက်ကိုတင်ပြထားပေးတယ်လို့ပဲ ပြောတယ် ။ ကျွန်မ တို့က ဆုံးရှုံးရတာပေါ့လို့ ”

သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ် ရပ်ကွက် မဲရုံအမှတ် (၅) မှာ မဲလာပေးတဲ့ ရခိုင်တိုင်းရင်းသားတစ်ဦးက ပြောပါတယ် ။

ရွေးကောက်ပွဲနေ့မှာသာမက ကြိုတင်မဲပေးရာမှာလည်း မဲပေးခွင့်ဆုံးရှုံးသူတွေရှိနေတယ်လို့ သိရပါတယ်။ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ထုမေက

“၂၀၁၅တုန်းကလည်း မဲပေးရတယ်။ အခုမှ မပေးရဘူး ဒါက မဲပေးမယ့်ပြည်သူတွေနဲ့မဆိုင်ဘူး ကော်မရှင်နဲ့ပဲဆိုင်တာ သူတို့ဘယ်လိုဖြေရှင်းပေးမလဲကြည့်ရမယ်”လို့ VOM ကို ပြောပါတယ်။

လက်ရှိ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရန်ကုန်တိုင်းမှာ ဆိုရင်တော့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး မဲပေးရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ် ။

တိုင်းရင်းသားဝန်ကြီးနေရာသာမက တချို့မဲရုံတွေမှာလည်း မဲလက်မှတ်မှာ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းရဲ့ နာမည်တွေမပါတာလည်းကြုံတွေ့နေရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်(၁၂)ရပ်ကွက် မဲရုံ(၇)မှာ တိုင်းဒေသကြီးမဲဆန္ဒနယ်(၁)နဲ့ တိုင်းဒေသကြီးမဲဆန္ဒနယ်(၂)မဲလက်မှတ်၊ မဲအုပ်ရေ(၂၀)မှားယွင်းနေကြောင်းသိရပါသည်။
အစုံမပါဘဲ မှားယွင်းပေးသွားတဲ့ မဲ(၁၅၂)မဲရှိနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်းလွတ်တော်ကိုယ်စားလှယ် ဒေါ်ကြော့ကေခိုင်ကို ဆက်သွယ်ရာမှာတော့ အခုလက်ရှိ ဒီကိစ္စက မပြတ်သေးဘဲ ညှိနိုင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ သာစည်နဲ့ ဝမ်းတွင်းမြို့နယ်၊ မိတ္ထီလာနဲ့မလှိုင် အမျိုးသားလွှတ်တော်နေရာအတွက် မဲပြားတွေမှားနေတာတွေရှိတာကြောင့် ညှိနှိုင်းဖြေရှင်းနေရတယ်လို့ ပြည့်သူ့ရှေ့ဆောင်ပါတီရဲ့ ဝမ်းတွင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းနိုင်က VOM ကို ပြောပါတယ်။

#voiceofmyanmar #VOM #မဲပြားမှား #မဲပေးခွင့်ဆုံး

Zawgy

ရန္ကုန္တိုင္းေဒသႀကီးမွာ ေနရာတခ်ိဳ႕မွာမဲေပးခြင့္ဆုံးတာေတြနဲ႔ မဲလက္မွတ္မပါတဲ့ ျပႆနာတခ်ိဳ႕ရွိေန

ရန္ကုန္ ႏိုဝင္ဘာ၈ . ၂၀၂၀
ယဥ္ပပထြန္း ( VOM )

၂၀၂၀ အေထြထြေ႐ြးေကာက္ပြဲ ေန႔ျဖစ္တဲ့ ဒီေန႔မွာ ဆိုရင္ေတာ့ ရန္ကုန္တိုင္းေဒသႀကီး မွာရွိေနတဲ့ မဲ႐ုံေတြမွာဆိုရင္ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီး ေနရာအတြက္ မဲေပး ခ်င္ၾက ေသာ္လည္းပဲ မဲေပးခြင့္ မရခဲ့မႈေတြက ေနရာအႏွံအျပားျဖစ္ပြားေနခဲ့ပါတယ္ ။

“ မဲစာရင္း ပထမအႀကိမ္သြားးစစ္တုံးက ေမြးစာရင္းမွားေနၿပီး တိုင္းရင္းသား မဲစာရင္း မွာလဲ မပါဘူး။ အဲ့ဒါနဲ႔ မွတ္ပုံတင္မူရင္း မိတၱဴသန္းေခါင္းစာရင္းယူၿပီးေတာ့ ဒုတိအႀကိမ္ သြားျပင္ပါတယ္။ တိုင္းရင္းသားမဲစာရင္းကိုပါ ေသခ်ာျပင္ခဲ့ပါတယ္ ။ ဒီေန႔က်မွ တိုင္းရင္းသားမဲစာရင္းမွာ မပါဘူးတဲ့ ။ မွတ္ပုံတင္ျပတာလဲ မရဘူး ။ ေ႐ႊျပည္သာမွာ့ေတာ့ မွတ္ပုံတင္ျပရင္ ေပးရတယ္ ေျပာလို႔ မဲ႐ုံကို ေျပာျပ တာလဲ မရေတာ့ မဲေပးခြင့္မရခဲ့ပါဘူး ။ အဲ့ဒါနဲ႔ ရပ္ကြက္႐ုံးကို ဖုန္းဆက္ၿပီးေမးေတာ့ သူတို႔က ၿမိဳ႕နယ္ကို တင္ေပးတယ္ ။ ၿမိဳ႕နယ္က မခ်ေပးတာ မတတ္ႏိုင္ဘူးတဲ့ ၿပီးေတာ့ ေျပာေသးတယ္ ေနာက္ ၅ႏွစ္ ေနမွ ေပးေတာ့ဆိုၿပီး ။ တာဝန္ယူမႈမရွိဘူး “ လို႔ လႈိင္ၿမိဳ႕နယ္ (၁) ရပ္ကြက္ မဲ႐ုံအမွတ္ (၃) မွာ မဲေပးခဲ့တဲ့ မၿငိမ္းခ်မ္းေမက VOM ကိုေျပာပါတယ္ ။

၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတုံးက ဆိုရင္ေတာ့ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီးကို မဲေပးရာမွာ မွတ္ပုံတင္မွာ ရခိုင္ လို႔ အမည္ ပါေနပါက အလြယ္တကူေပးလို႔
ရၿပီး ယခု ႏွစ္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲေန႔က်မွ မွတ္ပုံတင္ျပေသာ္ လည္း ပဲ မဲေပးခြင့္ေတြမရခဲ့တာကိုလဲ သိရပါတယ္ ။

“ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီးကို မဲေပးခ်င္လြန္းလို႔ ရပ္ကြက္ ႐ုံးမွာ မွတ္ပုံအစစ္ေရာ ၊ မိတၱဴေရာ သန္းေခါင္းစာရင္းေရာ အားလုံးျပည့္စုံသြားလုပ္ခဲ့ေပမယ့္ ဒီေန႔က်မွ စာရင္ထဲမွာ မပါဘူး တဲ့ေလ ။ ရပ္ကြက္က ေကာ္မရွင္ကိုေမးေတာ့လဲ အထက္ကိုတင္ျပထားေပးတယ္လို႔ပဲ ေျပာတယ္ ။ ကြၽန္မ တို႔က ဆုံးရႈံးရတာေပါ့လို႔ ”

သဃၤန္းကြၽန္းၿမိဳ႕နယ္ ငမိုးရိပ္ ရပ္ကြက္ မဲ႐ုံအမွတ္ (၅) မွာ မဲလာေပးတဲ့ ရခိုင္တိုင္းရင္းသားတစ္ဦးက ေျပာပါတယ္ ။

ေ႐ြးေကာက္ပြဲေန႔မွာသာမက ႀကိဳတင္မဲေပးရာမွာလည္း မဲေပးခြင့္ဆုံးရႈံးသူေတြရွိေနတယ္လို႔ သိရပါတယ္။ ရခိုင္တိုင္းရင္းသားလူမ်ိဳးေရးရာ တစ္သီးပုဂၢလလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒၚထုေမက

“၂၀၁၅တုန္းကလည္း မဲေပးရတယ္။ အခုမွ မေပးရဘူး ဒါက မဲေပးမယ့္ျပည္သူေတြနဲ႔မဆိုင္ဘူး ေကာ္မရွင္နဲ႔ပဲဆိုင္တာ သူတို႔ဘယ္လိုေျဖရွင္းေပးမလဲၾကည့္ရမယ္”လို႔ VOM ကို ေျပာပါတယ္။

လက္ရွိ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ ရန္ကုန္တိုင္းမွာ ဆိုရင္ေတာ့ ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး နဲ႔ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီး မဲေပးရာမွာ အခက္အခဲေတြ ျဖစ္ေပၚေနတယ္လို႔လည္း သိရပါတယ္ ။

တိုင္းရင္းသားဝန္ႀကီးေနရာသာမက တခ်ိဳ႕မဲ႐ုံေတြမွာလည္း မဲလက္မွတ္မွာ သက္ဆိုင္ရာ ကိုယ္စားလွယ္ေလာင္းရဲ႕ နာမည္ေတြမပါတာလည္းႀကဳံေတြ႕ေနရပါတယ္။
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္(၁၂)ရပ္ကြက္ မဲ႐ုံ(၇)မွာ တိုင္းေဒသႀကီးမဲဆႏၵနယ္(၁)နဲ႔ တိုင္းေဒသႀကီးမဲဆႏၵနယ္(၂)မဲလက္မွတ္၊ မဲအုပ္ေရ(၂၀)မွားယြင္းေနေၾကာင္းသိရပါသည္။
အစုံမပါဘဲ မွားယြင္းေပးသြားတဲ့ မဲ(၁၅၂)မဲရွိေနတဲ့ကိစၥနဲ႔ပတ္သက္ၿပီး တိုင္းလြတ္ေတာ္ကိုယ္စားလွယ္ ေဒၚေၾကာ့ေကခိုင္ကို ဆက္သြယ္ရာမွာေတာ့ အခုလက္ရွိ ဒီကိစၥက မျပတ္ေသးဘဲ ညႇိႏိုင္းေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

မႏၲေလးတိုင္းေဒသႀကီး၊ သာစည္နဲ႔ ဝမ္းတြင္းၿမိဳ႕နယ္၊ မိတၳီလာနဲ႔မလႈိင္ အမ်ိဳးသားလႊတ္ေတာ္ေနရာအတြက္ မဲျပားေတြမွားေနတာေတြရွိတာေၾကာင့္ ညႇိႏႈိင္းေျဖရွင္းေနရတယ္လို႔ ျပည့္သူ႔ေရွ႕ေဆာင္ပါတီရဲ႕ ဝမ္းတြင္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးမင္းႏိုင္က VOM ကို ေျပာပါတယ္။

#voiceofmyanmar #VOM #မဲျပားမွား #မဲေပးခြင့္ဆုံး

 

Related posts

Leave a Comment

VOM News

FREE
VIEW