ပြည်သူ့လွှတ်တော်မဲစာအုပ်နဲ့ ပြည်နယ်လွှတ်တော်မဲစာအုပ်မှားယွင်းမှုကြောင့် မဲဆန္ဒရှင် ၂၅ ဦး မဲပြန်ထည့်ရ

နိုဝင်ဘာ ၈-၂၀၂၀ ခွန်ခမ့်သူ(VOM) ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၄ ရပ်ကွက်၊ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းမှာ ဖွင့်ထားတဲ့ မဲရုံအမှတ်-၄ မှာ ပြည်သူ့လွှတ်တော်မဲလက်မှတ်စာအုပ် နဲ့ ပြည်နယ်လွှတ်တော် မဲလက်မှတ်စာအုပ်နှစ်အုပ် မှားယွင်းပြီး မဲဆန္ဒရှင်ပြည်သူ ၂၅ ဦးကို မဲလက်မှတ်ထုတ်ပေးခဲ့တာကြောင့် ပြည်သူ့လွတ်တော်မဲပုံးထဲကို မဲဆန္ဒရှင်တွေက မဲထည့်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အခုလို မှားယွင်းထည့်ခဲ့တဲ့ မဲလက်မှတ် ၂၅ စောင်ကို မဲပုံးဖွင့်ဖောက်စစ်ဆေးတဲ့အခါ ပယ်မဲအဖြစ် သတ်မှတ်သွားမှာဖြစ်ပြီး ကော်မရှင်အဆင့်ဆင့်ကို တင်ပြခဲ့တဲ့အတွက် မဲဆန္ဒရှင် ၂၅ ဦး ပြန်လည်မဲထည့်ခွင့်ပြုသွားဖို့ ဆောင်ရွက်နေတယ်လို့ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်အောင်က ပြောပါတယ်။ ကရင်ပြည်နယ်မှာ လူဦးရေ ၁၅ သိန်းကျော်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ၁၂ သိန်းကျော်၊ ဘားအံမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၃ သိန်း ၂ သောင်းကျော်၊ မဲရုံပေါင်း ၂၃၀ ၊တပ်မဲရုံ…

Read More

ကော့မှူးမြို့နယ်အတွင်း ကိုယ်စားလှယ်တချို့ မဲရုံအတွင်းဝင်ရောက်ဖို့ခက်ခဲ

နိုဝင်ဘာ ၈-၂၀၂၀ အေးချမ်းသူ(VOM) ကော့မှူးမြို့နယ်က မဲရုံတွေကို သွားရောက်စစ်ဆေးရာမှာ မဲရုံအတွင်းကို ကိုယ်စားလှယ်လောင်းမအချို့ ဝင်ရောက်ဖို့အခက်အခဲရှိခဲ့ပြီး မဲဆန္ဒရှင်ပြည်သူတွေ မဲပေးရာမှာလည်း မဲစာရင်းမပါရှိတာတွေနဲ့ ကြုံတွေ့ရတယ်လို့ ပြည်သူ့ပါတီကနေဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်အမှတ်(၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးသီဟထွန်းကပြောပါတယ်။ ကော့မှုးမြို့နယ်မှာ မဲရုံပေါင်း (၁၆၁)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ရှိသူစုစုပေါင်း (၉၈၆၃၅)ဦးရှိတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ကော့မှူး

Read More

တောင်ကြီးမှာ ရွှေဝယ်ဟန်ဆောင်ပြီး ဝင်ရောက်လုယူမှုဖြစ်ပွား

နိုဝင်ဘာ ၈-၂၀၂၀ နေနန်းနွယ်(VOM) ဒီကနေ့ ရွေးကောက်ပွဲကျင်းပနေချိန် မနက် ၁၁နာရီကျော်ကျော်က တောင်ကြီးမြို့ ၊ ကန်ရှေ့ရပ်ကွက်၊ ရေထွက်ဦးလမ်းမှာရှိတဲ့ လုံဝမ်ရွေဆိုင်မှာ ရွှေဆွဲကြိုးဝယ်မယ်လုပ်ပြီး ပစ္စည်းလုပြေးမှု ဖြစ်ပွားခဲ့ပါတယ်။ ပစ္စည်းလုပြေးသူ အမျိုးသမီးဟာ မနက် ၁၀ နာရီခန့်ထဲက ရွှေဆိုင်မှာ ဝယ်ယူဖို့ရွေးထားတဲ့ပစ္စည်းအတွက် ဆိုင်ဝန်ထမ်းက ဘောင်ချာဖြတ်နေပြီး ဘူးနဲ့ထည့်ပေးဖို့ပြုလုပ်နေချိန် လက်ထဲကို ရွှေတွေထည့်ပြီး ထွက်ပြေးသွားတာဖြစ်ပါတယ်။ ခိုးယူသွားတဲ့ ပစ္စည်းတန်ဖိုးမှာ၂၃ သိန်း ၉သောင်းကျော်ဖိုးရှိတယ်လို့ သိရပြီး ရွှေဆွဲကြိုး တစ်ကျပ်သား၊ ဆွဲသီး ၅ မူးသားနဲ့ ၃ပဲ အလေးချိန်ရှိတဲ့ ပတ္တမြားနားဆွဲတို့ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားပြီး အမှုဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး တောင်ကြီးမြို့မရဲစခန်းကို သွားရောက်မေးမြန်းရာမှာတော့ “အမှုတောင်မတင်ရသေးလို့ ဘာမှ မဖြေပေးနိုင်သေးဘူး၊ မနက်ဖြန်မနက်မှ ပြန်လာမေး”လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ #voiceofmyanmar #VOM #တောင်ကြီး…

Read More

စဉ့်ကိုင်မြို့နယ်မှာ ယောက္ခမကိုယ်စား သားမက်ဖြစ်သူက ကိုယ်စားမဲပေးမှုဖြစ်ပွား

နိုဝင်ဘာ ၈-၂၀၂၀ ညီသစ်(VOM) စဉ့်ကိုင်မြို့နယ် ၊ ဇော်ရဲကျေးရွာရှိ မဲရုံအမှတ်-၁မှာ ဒီကနေ့မနက်ပိုင်းက ယောက္ခမဖြစ်သူကိုယ်စား သားမက်ဖြစ်သူက မဲရုံကိုလာရောက်ပြီး ကိုယ်စားမဲလာထည့်တဲ့အတွက် အမှုဖွင့်ဖမ်းဆီးထားတယ်လို့ စဉ့်ကိုင်မြို့မရဲစခန်းကပြောပါတယ်။ ” ကျနော်တို့ စဉ်ကိုင်မြို့မရဲစခန်း ပ-၂၄၉/၂၀၂၀ နဲ့အမှု့ဖွင့်ထားပါတယ်။ သူက သူ့ယောက္ခမက ခရီးလွန်နေတာ ခရီးလွန်နေတော့ သူ့ယောက္ခမလက်မှတ်ကိုယူပြီးတော့ မဲသွားပေးတာပေါ့၊ ပေးတာကို မဲရုံက မဲရုံမှူးက စီစစ်တွေ့ရှိသွားပြီးတော့မှ ကျေးရွာကော်မရှင်ကနေ တရားလိုလုပ်ပြီးတော့ တိုင်ထားတာပါဗျ။ တရားလိုစစ်မယ်၊ သက်ေတွေစစ်မယ်၊ တရားခံစစ်မယ် ပြီးတော့ ဥပဒေအကြံပြုချက်တောင်းပြီးတော့ တရားစွဲတင်မှာပါ”လို့ စဉ့်ကိုင်မြို့မရဲစခန်းက စခန်းမှူး ဦးစိုးလွင်က VOMကိုပြောပါတယ်။ ကိုယ်စားမဲလာပေးသူဟာ စဉ့်ကိုင်မြို့နယ်၊ စော်ရဲကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် မဲပုံးတွေကို ကိုယ်စားမဲထည့်ပြီးချိန်မှ အခုလို စစ်ဆေးတွေ့ရှိပြီး အရေးယူတာဖြစ်တယ်လို့ သိရပါတယ်။ ” ဖြစ်စဉ်က ဒီလိုပါ၊ ဒီကလေးက ဇာတိက တကယ်တမ်းကျတော့…

Read More

ရွေးကောက်ပွဲ လေ့လာသူတချို့ မဲရုံစောင့်ကြည့်ခွင့်မရ

မန္တလေး- နိုဝင်ဘာ ၈-၂၀၂၀ ဆွေလင်းထွန်း(VOM) ကနောင်အင်စတီကျုရဲ့ ဒီနေ့ မနက် ၉ နာရီအထိ ရရှိထားတဲ့ အချက်အလက်တွေအရ ၎င်းတို့ စေလွှတ်ထားတဲ့ စောင့်ကြည့်လေ့လာသူ ၁၂၉ ဦးအနက် ၁ ဦးဟာ မဲရုံတွင်း ဝင်ရောက်စောင့်ကြည့်လေ့လာခွင့် မရခဲ့ဘူးလို့ သိရပါတယ်။ စောင့်ကြည့်လေ့လာနေတဲ့ မဲရုံတွေအနက် မဲရုံ ၂ ရုံမှာ လေ့လာစောင့်ကြည့်သူတွေကို ဝင်ခွင့်မပေးတာ၊ စောင့်ကြည့်လေ့လာသူတွေကို မဲရုံတာဝန်ရှိသူတွေက နှုတ်နဲ့ ဖိအားပေးတာစတဲ့ အဖြစ်အပျက်တွေကြုံခဲ့ရတယ်လို့ ကနောင်အင်စတီကျုရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသန်းမြတ်စိုး က ပြောပါတယ်။ ဦးသန်းမြတ်စိုးက “မဲရုံတွေအနက် ၁၀ ယောက်က မဲရုံတာဝန်ရှိသူတွေက ဖုန်းတွေကို ယူခွင့်မပေးတဲ့အတွက် အပြင်မှာထားခဲ့ရတယ်။ ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်က မဲရုံတခုမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခွင့်မပြုတဲ့အတွက် စောင့်ကြည့်လေ့လာခွင့်မရခဲ့ဘူး” လို့ VOM ကို ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မိတ္ထိလာခရိုင်…

Read More

ရန်ကုန်တိုင်းဒေသကြီးမှာ နေရာတချို့မှာမဲပေးခွင့်ဆုံးတာတွေနဲ့ မဲလက်မှတ်မပါတဲ့ ပြဿနာတချို့ရှိနေ

ရန်ကုန် နိုဝင်ဘာ၈ . ၂၀၂၀ ယဉ်ပပထွန်း ( VOM ) ၂၀၂၀ အထွေထွရွေးကောက်ပွဲ နေ့ဖြစ်တဲ့ ဒီနေ့မှာ ဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီး မှာရှိနေတဲ့ မဲရုံတွေမှာဆိုရင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် မဲပေး ချင်ကြ သော်လည်းပဲ မဲပေးခွင့် မရခဲ့မှုတွေက နေရာအနှံအပြားဖြစ်ပွားနေခဲ့ပါတယ် ။ “ မဲစာရင်း ပထမအကြိမ်သွားးစစ်တုံးက မွေးစာရင်းမှားနေပြီး တိုင်းရင်းသား မဲစာရင်း မှာလဲ မပါဘူး။ အဲ့ဒါနဲ့ မှတ်ပုံတင်မူရင်း မိတ္တူသန်းခေါင်းစာရင်းယူပြီးတော့ ဒုတိအကြိမ် သွားပြင်ပါတယ်။ တိုင်းရင်းသားမဲစာရင်းကိုပါ သေချာပြင်ခဲ့ပါတယ် ။ ဒီနေ့ကျမှ တိုင်းရင်းသားမဲစာရင်းမှာ မပါဘူးတဲ့ ။ မှတ်ပုံတင်ပြတာလဲ မရဘူး ။ ရွှေပြည်သာမှာ့တော့ မှတ်ပုံတင်ပြရင် ပေးရတယ် ပြောလို့ မဲရုံကို ပြောပြ တာလဲ မရတော့ မဲပေးခွင့်မရခဲ့ပါဘူး ။ အဲ့ဒါနဲ့ ရပ်ကွက်ရုံးကို…

Read More

မဲစလစ်မပါတဲ့အတွက် ဆန္ဒမဲပေးခွင့်ဆုံးရှုံးခဲ့ရသူတွေ ရှိနေ

နိုဝင်ဘာ ၈-၂၀၂၀ သိင်္ဂီထွန်း (VOM) ပြည်မြို့နယ်ထဲက မဲရုံတချို့မှာ မဲပေးဖို့အတွက် မဲစလစ်မပါသူတွေကို ဆန္ဒမဲပေးခွင့်မပြုတာကြောင့် ဆန္ဒမဲပေးသူတွေနဲ့ မဲပေးသူတချို့ မဲမပေးရတဲ့ အေခြေအနေတွေဖြစ်ပေါ်ခဲ့ပါတယ်။ ပြည်မြို့က အမှတ်(5)ကျောင်း ၊ မြို့သစ် မဲရုံအမှတ်-၄ မှာဆိုရင် မဲစလစ်မပါတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးခဲ့ရသူတွေ တော်တော်များများရှိခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မဲဆန္ဒရှင်တစ်ဦးကပြောပါတယ်။ “မဲသွားထည့်တာ စာရွက်မရလို့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရွက်နဲ့သွားထည့်တာမရဘူး။ ရွက်ကွက်လူကြီးထောက်ခံပေးတာကို အုပ်ချုပ်ရေးမှူးက မရဘူးတဲ့။ မိသားစု ၈ယောက်မှာ ၃ယောက်ပဲစာရွက်ရတယ်။ ကိုယ့်လိုပဲ စာရွက်မရတဲ့လူ အယောက် ၇၀လောက်ရှိတယ်။ မဲရုံရောက်မှသိရတာ၊ ကိုယ်တွေကတော့ လူငယ်တွေဆိုတော့ ဒီအတိုင်းပဲ မကျေနပ်စွာနဲ့ပြန်လာခဲ့တာပေါ့ “လို့ မဲပေးခွင့်ဆုံးရှုံးခဲ့တဲ့ မဲဆန္ဒရှင်တစ်ဦးကပြောပါတယ်။ အဲ့ဒီကိစ္စနဲပတ်သက်ပြီး ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးဝေနော်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “Voter စလစ်ပေးတာ မဲစာရင်းအမှတ်စဉ်နဲ့ မဲရုံအမှတ်သိအောင် မဲစာရင်းမှာ ရှာရလွယ်အောင်ပေးတာ။ မဲစာရင်းမှာပါတဲ့သူတိုင်း မဲေပေးခွင့်ရှိတယ်၊ မဲစလစ်နဲ့…

Read More

မကွေးတိုင်းကော်မရှင်အဖွဲ့က ရွေးကောက်ပွဲနေ့မှာ မဲတံဆိပ်တုံးလုံခြုံရေးအတွက် စိုးရိမ်ရတယ်လို့ သတိပေးထား

နိုဝင်ဘာ ၇-၂၀၂၀ ဂျန်ကိုးလ်+ကောင်းလကျာ်(VOM) နိုဝင်ဘာ၈ရက်နေ့ရွေးကောက်ပွဲကျင်းပနေချိန်အတွင်းမှာ မဲတံဆိပ်တုံးလုံခြုံရေးကို စိုးရိမ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မကွေးတိုင်းတာဝန်ခံ ဦးလှတင့်က မနေ့ နိုဝင်ဘာ ၇ရက်နေ့ မဲရုံတွေကို Covid-19ကာကွယ်မှုအတွက်နဲ့မဲရုံတွေစနစ်တကျရှိစေရေး လိုက်လံစစ်ဆေးချိန် သတင်းမီဒီယာတွေကို သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။ ”တံဆိပ်တုံးရဲ့လုံခြုံရေးဖြစ်နေတာက UECအမှတ်သားပါတာရှိတယ်၊ ECUဆိုပြီး မှားထားတာတွေရှိတယ်၊ တံဆိပ်တုံး လဲသွားတဲ့ကိစ္စတွေတွေ့ရတယ်၊ တံဆိပ်တုံးနဲ့ပတ်သက်ပြီး လဲမှာတို့၊ ပျောက်မှာတို့၊ ပျက်ဆီးမှာတို့ ဖြစ်မှာစိုးရိမ်တယ်၊ ဒါကြောင့် မဲရုံတာဝန်ရှိသူတွေကို မကြာမကြာ တံဆိပ်တုံးစစ်ဖို့မှာကြားခဲ့တယ်”လို့ ဦးလှတင့်ကပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မကွေးတိုင်းတာဝန်ခံ ဦးလှတင့်က တာဝန်ရှိသူတွေကို မဲလက်မှတ်တွေမှာ မဲရုံမှူးလက်မှတ်ပါဖို့ တံဆိပ်တုံးတွေ အတုအစစ်လဲတာတွေ မဖြစ်‌စေဖို့ မှာကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒီကနေ့မနက်ပိုင်းကလည်း မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာ၊ မဲရုံအမှတ်-၆(ဓမင်းကုန်း)မဲရုံမှာ ပြည်ခိုင်ဖြိုး USDPပါတီလွှတ်တော်ကိုယ် စားလှယ်လောင်းရဲ့မဲရုံကိုယ်စားလှယ်အမျိုးသမီးဟာ UEC တံဆိပ်တုံးအတုပါလာတာကြောင့် အမှုဖွင့်လှစ်ထားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တယ်လို့ ရေးမြို့နယ် ‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး‌ညီသွေးက…

Read More

မဲလက်မှတ်မှာ တံဆိပ်တုံးမှားထုမိတဲ့အတွက် မဲစာရွက်အသစ်တောင်းတာကို ရပ်ကျေးကော်မရှင်က မပေးတဲ့ဖြစ်စဉ်ဖြစ်ပွား

နိုဝင်ဘာ ၈-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကြာနီကန်ရပ်၊ ၁၈-ရပ်ကွက်၊ မူလတန်းလွန်ကျောင်းမှာ ဒီကနေ့မနက် ၉ နာရီခွဲခန့်က ဆန္ဒမဲပေးတဲ့လက်မှတ်ကို ပါတီ‌နေရာ တံဆိပ်တုံး မှားထုမိတဲ့အတွက် မဲစာရွက်အသစ်တောင်းခံမှုကို ရပ်ကျေးကော်မရှင်က ငြင်းပယ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။ ” ရှေ့ကအမျိုးသမီးကြီးက ပါတီမှားထုမိလို့ ကျွန်တော့်ကို ပြောတယ်။ အသစ်တောင်လို့ရတယ်လို့ပြောတော့ သူသွားပြောတာကို မရဘူးလို့ပြောတယ်။ အဲ့ဒီအခါ မဲပေးသူ အမျိုးသမီးက နေရာစုံ တုံးလိုက်ထုပြီး ပယ်မဲလုပ်သွားတယ်”လို့ မျက်မြင်တွေ့ရှိသူကပြောပါတယ်။ ဆန္ဒမဲပေးသူဟာ မဲလက်မှတ်မှာ တံဆိပ်တုံးမထုခင် မဲစာရွက်ကို သေချာကြည့်ရှူပြီး မကြိုက်ပါက ပြန်လည်ရွေးချယ်ခွင့်ရှိပေမယ့်လည်း ပါတီအမှတ်သားနေရာမှာ တံဆိပ်တုံးထုပြီးပါက ပြန်လည်လဲလှယ်ပိုင်ခွင့်မရှိဘူးဆိုတာကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ တောင်ငူမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစံလှက ပြောပါတယ်။ မဲဆန္ဒပြုရာမှာ ပါတီနေရာ တံဆိပ်တုံးမှားထုမိတဲ့ အမျိုးသမီးဟာ မျက်မှန်မပါလာတာကြောင့် မှားနှိပ်မိတယ်လို့ပြောခဲ့ပြီး မဲလက်မှတ် အသစ်တောင်းခံမှုကို ငြင်းပယ်ရုံမျှမက ပုံးထဲထည့်ဖို့ကို…

Read More

တောင်ကြီးမြို့

တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစုရပ်ကွက် မဲရံအမှတ်-၈မှာရှ်တဲ့ မဲရုံမှူးနဲ့ မဲဆန္ဒရှင်ပြည်သူအချို့ရဲ့ ဆန္ဒမဲပေးမှု အခြေအနေတွေကို VOMသတင်းထောက် နေနန်းနွယ်က ရိုက်ကူးမေးမြန်းထားတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #တောင်ကြီး

Read More
VOM News

FREE
VIEW