ရွေးကောက်ပွဲ လေ့လာသူတချို့ မဲရုံစောင့်ကြည့်ခွင့်မရ

မန္တလေး- နိုဝင်ဘာ ၈-၂၀၂၀
ဆွေလင်းထွန်း(VOM)

ကနောင်အင်စတီကျုရဲ့ ဒီနေ့ မနက် ၉ နာရီအထိ ရရှိထားတဲ့ အချက်အလက်တွေအရ ၎င်းတို့ စေလွှတ်ထားတဲ့ စောင့်ကြည့်လေ့လာသူ ၁၂၉ ဦးအနက် ၁ ဦးဟာ မဲရုံတွင်း ဝင်ရောက်စောင့်ကြည့်လေ့လာခွင့် မရခဲ့ဘူးလို့ သိရပါတယ်။

စောင့်ကြည့်လေ့လာနေတဲ့ မဲရုံတွေအနက် မဲရုံ ၂ ရုံမှာ လေ့လာစောင့်ကြည့်သူတွေကို ဝင်ခွင့်မပေးတာ၊ စောင့်ကြည့်လေ့လာသူတွေကို မဲရုံတာဝန်ရှိသူတွေက နှုတ်နဲ့ ဖိအားပေးတာစတဲ့ အဖြစ်အပျက်တွေကြုံခဲ့ရတယ်လို့ ကနောင်အင်စတီကျုရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသန်းမြတ်စိုး က ပြောပါတယ်။

ဦးသန်းမြတ်စိုးက “မဲရုံတွေအနက် ၁၀ ယောက်က မဲရုံတာဝန်ရှိသူတွေက ဖုန်းတွေကို ယူခွင့်မပေးတဲ့အတွက် အပြင်မှာထားခဲ့ရတယ်။ ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်က မဲရုံတခုမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခွင့်မပြုတဲ့အတွက် စောင့်ကြည့်လေ့လာခွင့်မရခဲ့ဘူး” လို့ VOM ကို ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မိတ္ထိလာခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဇော်မင်းကို VOM က ဆက်သွယ်မေးမြန်းကြည့်တော့
“ငါတို့က စောင့်ကြည့်လေ့လာသူတွေကို စိစစ်ရေးကဒ်တွေ ထုတ်ပေးပြီးသားလေ။ ကဒ်ထုတ်ပေးထားတဲ့သူကတော့ သူ့ရဲ့ သတ်မှတ်တဲ့ လုပ်ငန်းစဉ်အတိုင်း စောင့်ကြည့်လေ့လာခွင့်ရှိတယ်။ သူက မဲရုံက ကန့်သတ်တဲ့နေရာတွေ သွားတာလားမှမသိတာ။ အဆင်မပြေတာရှိရင် သတင်းပို့ပါ ဖြေရှင်းပေးပါ့မယ်။ သတင်းမပို့ရင်တော့ ဖြေရှင်းပေးလို့မရဘူး” လို့ ပြောပါတယ်။

ကနောင်အင်စတီကျုက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မန္တလေးတိုင်းအတွင်းက မဲရုံတွေထဲက ၉၈ ရာခိုင်နှုန်းဟာ ကိုဗစ်စည်းမျဉ်းတွေနဲ့ ကိုက်ညီပြီး ၂ ရာခိုင်နှုန်းကတော့ ကိုက်ညီမှုမရှိတာကို တွေ့ရပါတယ်။

မဲရုံတွေရဲ့ ၄၉ ရာခိုင်နှုန်းက မသန်စွမ်းတွေ မဲပေးဖို့ အဆင်ပြေအောင် ပြုလုပ်ပေးထားပြီး ၅၁ ရာခိုင်နှုန်းကတော့ လုပ်ဆောင်ထားတာတွေ အားနည်းနေတယ်လို့ သိရပါတယ်။

ကနောင်အင်စတီကျုဟာ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အရပ်ဖက်အဖွဲ့တခုဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မန္တလေးတိုင်းအတွင်း မြို့နယ် ၂၈ မြို့နယ်က မဲရုံတွေကို လူငယ် ၁၂၉ ယောက်နဲ့ စောင့်ကြည့်လေ့လာနေတာပဲ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မဲရုံစောင့်ကြည့်လေ့လာခွင့် #ကနောင်အင်စတီကျု

zawgy

ေ႐ြးေကာက္ပြဲ ေလ့လာသူတခ်ိဳ႕ မဲ႐ုံေစာင့္ၾကည့္ခြင့္မရ

မႏၲေလး- ႏိုဝင္ဘာ ၈-၂၀၂၀
ေဆြလင္းထြန္း(VOM)

ကေနာင္အင္စတီက်ဳရဲ႕ ဒီေန႔ မနက္ ၉ နာရီအထိ ရရွိထားတဲ့ အခ်က္အလက္ေတြအရ ၎တို႔ ေစလႊတ္ထားတဲ့ ေစာင့္ၾကည့္ေလ့လာသူ ၁၂၉ ဦးအနက္ ၁ ဦးဟာ မဲ႐ုံတြင္း ဝင္ေရာက္ေစာင့္ၾကည့္ေလ့လာခြင့္ မရခဲ့ဘူးလို႔ သိရပါတယ္။

ေစာင့္ၾကည့္ေလ့လာေနတဲ့ မဲ႐ုံေတြအနက္ မဲ႐ုံ ၂ ႐ုံမွာ ေလ့လာေစာင့္ၾကည့္သူေတြကို ဝင္ခြင့္မေပးတာ၊ ေစာင့္ၾကည့္ေလ့လာသူေတြကို မဲ႐ုံတာဝန္ရွိသူေတြက ႏႈတ္နဲ႔ ဖိအားေပးတာစတဲ့ အျဖစ္အပ်က္ေတြႀကဳံခဲ့ရတယ္လို႔ ကေနာင္အင္စတီက်ဳရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးသန္းျမတ္စိုး က ေျပာပါတယ္။

ဦးသန္းျမတ္စိုးက “မဲ႐ုံေတြအနက္ ၁၀ ေယာက္က မဲ႐ုံတာဝန္ရွိသူေတြက ဖုန္းေတြကို ယူခြင့္မေပးတဲ့အတြက္ အျပင္မွာထားခဲ့ရတယ္။ ရမည္းသင္းခ႐ိုင္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္က မဲ႐ုံတခုမွာေတာ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးက ခြင့္မျပဳတဲ့အတြက္ ေစာင့္ၾကည့္ေလ့လာခြင့္မရခဲ့ဘူး” လို႔ VOM ကို ေျပာပါတယ္။

အဲ့ဒီကိစၥနဲ႔ ပတ္သက္ၿပီး မိတၳိလာခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမႉး ဦးေဇာ္မင္းကို VOM က ဆက္သြယ္ေမးျမန္းၾကည့္ေတာ့
“ငါတို႔က ေစာင့္ၾကည့္ေလ့လာသူေတြကို စိစစ္ေရးကဒ္ေတြ ထုတ္ေပးၿပီးသားေလ။ ကဒ္ထုတ္ေပးထားတဲ့သူကေတာ့ သူ႔ရဲ႕ သတ္မွတ္တဲ့ လုပ္ငန္းစဥ္အတိုင္း ေစာင့္ၾကည့္ေလ့လာခြင့္ရွိတယ္။ သူက မဲ႐ုံက ကန႔္သတ္တဲ့ေနရာေတြ သြားတာလားမွမသိတာ။ အဆင္မေျပတာရွိရင္ သတင္းပို႔ပါ ေျဖရွင္းေပးပါ့မယ္။ သတင္းမပို႔ရင္ေတာ့ ေျဖရွင္းေပးလို႔မရဘူး” လို႔ ေျပာပါတယ္။

ကေနာင္အင္စတီက်ဳက ထုတ္ျပန္ထားတဲ့ စာရင္းေတြအရ မႏၲေလးတိုင္းအတြင္းက မဲ႐ုံေတြထဲက ၉၈ ရာခိုင္ႏႈန္းဟာ ကိုဗစ္စည္းမ်ဥ္းေတြနဲ႔ ကိုက္ညီၿပီး ၂ ရာခိုင္ႏႈန္းကေတာ့ ကိုက္ညီမႈမရွိတာကို ေတြ႕ရပါတယ္။

မဲ႐ုံေတြရဲ႕ ၄၉ ရာခိုင္ႏႈန္းက မသန္စြမ္းေတြ မဲေပးဖို႔ အဆင္ေျပေအာင္ ျပဳလုပ္ေပးထားၿပီး ၅၁ ရာခိုင္ႏႈန္းကေတာ့ လုပ္ေဆာင္ထားတာေတြ အားနည္းေနတယ္လို႔ သိရပါတယ္။

ကေနာင္အင္စတီက်ဳဟာ လူငယ္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ အရပ္ဖက္အဖြဲ႕တခုျဖစ္ၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မႏၲေလးတိုင္းအတြင္း ၿမိဳ႕နယ္ ၂၈ ၿမိဳ႕နယ္က မဲ႐ုံေတြကို လူငယ္ ၁၂၉ ေယာက္နဲ႔ ေစာင့္ၾကည့္ေလ့လာေနတာပဲ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #မဲ႐ုံေစာင့္ၾကည့္ေလ့လာခြင့္ #ကေနာင္အင္စတီက်ဳ

 

Related posts

Leave a Comment

VOM News

FREE
VIEW