မဲစလစ်မပါတဲ့အတွက် ဆန္ဒမဲပေးခွင့်ဆုံးရှုံးခဲ့ရသူတွေ ရှိနေ

နိုဝင်ဘာ ၈-၂၀၂၀
သိင်္ဂီထွန်း (VOM)

ပြည်မြို့နယ်ထဲက မဲရုံတချို့မှာ မဲပေးဖို့အတွက် မဲစလစ်မပါသူတွေကို ဆန္ဒမဲပေးခွင့်မပြုတာကြောင့် ဆန္ဒမဲပေးသူတွေနဲ့ မဲပေးသူတချို့ မဲမပေးရတဲ့ အေခြေအနေတွေဖြစ်ပေါ်ခဲ့ပါတယ်။

ပြည်မြို့က အမှတ်(5)ကျောင်း ၊ မြို့သစ် မဲရုံအမှတ်-၄ မှာဆိုရင် မဲစလစ်မပါတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးခဲ့ရသူတွေ တော်တော်များများရှိခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မဲဆန္ဒရှင်တစ်ဦးကပြောပါတယ်။

“မဲသွားထည့်တာ စာရွက်မရလို့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရွက်နဲ့သွားထည့်တာမရဘူး။ ရွက်ကွက်လူကြီးထောက်ခံပေးတာကို အုပ်ချုပ်ရေးမှူးက မရဘူးတဲ့။ မိသားစု ၈ယောက်မှာ ၃ယောက်ပဲစာရွက်ရတယ်။ ကိုယ့်လိုပဲ စာရွက်မရတဲ့လူ အယောက် ၇၀လောက်ရှိတယ်။ မဲရုံရောက်မှသိရတာ၊ ကိုယ်တွေကတော့ လူငယ်တွေဆိုတော့ ဒီအတိုင်းပဲ မကျေနပ်စွာနဲ့ပြန်လာခဲ့တာပေါ့ “လို့ မဲပေးခွင့်ဆုံးရှုံးခဲ့တဲ့ မဲဆန္ဒရှင်တစ်ဦးကပြောပါတယ်။

အဲ့ဒီကိစ္စနဲပတ်သက်ပြီး ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးဝေနော်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “Voter စလစ်ပေးတာ မဲစာရင်းအမှတ်စဉ်နဲ့ မဲရုံအမှတ်သိအောင် မဲစာရင်းမှာ ရှာရလွယ်အောင်ပေးတာ။ မဲစာရင်းမှာပါတဲ့သူတိုင်း မဲေပေးခွင့်ရှိတယ်၊ မဲစလစ်နဲ့ မဆိုင်ပါဘူး။ မဲစလစ်မပါလို့ မဲမပေးရဘူးဆိုတာ တရားမဝင်ဘူး။ အဲ့ဒီမဲရုံကို မြို့နယ်တာဝန်ရှိသူကို လွှတ်ပေးလိုက်မယ်”လို့ ပြောပါတယ်။

လက်ရှိ ပြည်မြို့ပေါ်က မဲရုံတွေမှာ ဆန္ဒမဲပေးသူတွေဟာ ကိုဗစ်စည်းကမ်းချက်နဲ့အညီ ၆ ပေအကွာ ၊ ၃ ပေ အကွာ တန်းစီစောင့်ဆိုင်းတာမျိုး အလွန်နည်းတားကိုလည်း တွေ့ရပါတယ်။

အခုလို မဲစလစ်မပါလို့ မဲပေးခွင့်မရ ဖြစ်နေတာဟာ မဲဆန္ဒရှင် ၁၀၀၀ အထက်ရှိတဲ့ မဲရုံတွေမှာ အများဆုံးဖြစ်ပေါ်နေတာဖြစ်ပြီး ပြည်ခရိုင်မှာ ဆန္ဒမဲပေးသူပေါင်း ၇ သိန်းကျော်နဲ့ မဲရုံပေါင်း ၂၀၉ ရုံရှိပါတယ်။

#voiceofmyanmar #VOM #ပြည် #မဲစလစ်မပါ #မဲပေးခွင့်မရ

Related posts

Leave a Comment

VOM News

FREE
VIEW