စဉ့်ကိုင်မြို့နယ်မှာ ယောက္ခမကိုယ်စား သားမက်ဖြစ်သူက ကိုယ်စားမဲပေးမှုဖြစ်ပွား

နိုဝင်ဘာ ၈-၂၀၂၀
ညီသစ်(VOM)

စဉ့်ကိုင်မြို့နယ် ၊ ဇော်ရဲကျေးရွာရှိ မဲရုံအမှတ်-၁မှာ ဒီကနေ့မနက်ပိုင်းက ယောက္ခမဖြစ်သူကိုယ်စား သားမက်ဖြစ်သူက မဲရုံကိုလာရောက်ပြီး ကိုယ်စားမဲလာထည့်တဲ့အတွက် အမှုဖွင့်ဖမ်းဆီးထားတယ်လို့ စဉ့်ကိုင်မြို့မရဲစခန်းကပြောပါတယ်။

” ကျနော်တို့ စဉ်ကိုင်မြို့မရဲစခန်း ပ-၂၄၉/၂၀၂၀ နဲ့အမှု့ဖွင့်ထားပါတယ်။ သူက သူ့ယောက္ခမက ခရီးလွန်နေတာ ခရီးလွန်နေတော့ သူ့ယောက္ခမလက်မှတ်ကိုယူပြီးတော့ မဲသွားပေးတာပေါ့၊ ပေးတာကို မဲရုံက မဲရုံမှူးက စီစစ်တွေ့ရှိသွားပြီးတော့မှ ကျေးရွာကော်မရှင်ကနေ တရားလိုလုပ်ပြီးတော့ တိုင်ထားတာပါဗျ။ တရားလိုစစ်မယ်၊ သက်ေတွေစစ်မယ်၊ တရားခံစစ်မယ် ပြီးတော့ ဥပဒေအကြံပြုချက်တောင်းပြီးတော့ တရားစွဲတင်မှာပါ”လို့ စဉ့်ကိုင်မြို့မရဲစခန်းက စခန်းမှူး ဦးစိုးလွင်က VOMကိုပြောပါတယ်။

ကိုယ်စားမဲလာပေးသူဟာ စဉ့်ကိုင်မြို့နယ်၊ စော်ရဲကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် မဲပုံးတွေကို ကိုယ်စားမဲထည့်ပြီးချိန်မှ အခုလို စစ်ဆေးတွေ့ရှိပြီး အရေးယူတာဖြစ်တယ်လို့ သိရပါတယ်။

” ဖြစ်စဉ်က ဒီလိုပါ၊ ဒီကလေးက ဇာတိက တကယ်တမ်းကျတော့ အရာတော်ဘက်က ။ အရာတော်ဇာတိဖြစ်ပြီးတော့ လုပ်ငန်းလုပ်တာက သံစဉ်ဗီဒီယိုမှာ ပညာသင်တဲ့ကလေးပေါ့၊ အဲ့ဒီကလေးက ‌စော်ရဲသူနဲ့ အိမ်ထောင်ကျထားတာလည်း တစ်နှစ်မပြည့်သေးဘူးဗျ၊ တစ်နှစ်ဝန်းကျင်လောက်ပဲရှိသေးတယ်၊ ဒါပေမယ့် အဲ့ဒီကလေးက သူ့ယောက္ခမက ခရီးထွက်နေတာ၊ ခရီးထွက်နေတာကို သူ့ယောက္ခမကိုယ်စား မဲလာပေးသွားတာပေါ့၊ တကယ်တမ်းကျတော့ ဒီကလေးက သူ့ယောက္ခမကိုယ်စား လာပေးတယ်ဆိုတာလည်း ကော်မရှင်က နောက်ဆုံးကျမှ တိုင်းဒေသကြီးလွှတ်တော်ကို မဲထည့်တော့မယ်ဆိုမှ သိရတာ ဒီကလေးက ရွာနေတာလဲမဟုတ်ဖူး၊ ဒီမှာရွာသူနဲ့ အိမ်ထောင်ကျတာမှန်တယ်၊ အပြင်မှာနေလိုက် ရွာလာလိုက်နဲ့ဆိုတော့ သူ့ကိုစော်ရဲသားမှန်း မသိလိုက်ဖူး၊ သူ့ယောက်ခမ မဲလက်မှတ်ကိုယူပြီးတော့ ကိုယ်စားပေးလို့ရတယ်ထင်ပြီးတော့ လာပေးလိုက်တာပါ”လို့ စော်ရဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူမှုကို့သက်ဆိုရာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက လိုအပ်တဲ့အရေးယူမှုတွေပြုလုပ်ပြီး စဉ့်ကိုင်မြို့မရဲစခန်းမှာ အမှုဖွင့်ထားလိုက်တာဖြစ်ပါတယ်။

ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ စော်ရဲကျေးရွာမှာ မဲပေးခွင့်ရှိသူ ၁၆၃၆ဦးရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စဉ့်ကိုင် #ကိုယ်စားမဲလာထည့် #အရေးယူထား

Related posts

Leave a Comment

VOM News

FREE
VIEW