တောင်ကြီးမှာ ရွှေဝယ်ဟန်ဆောင်ပြီး ဝင်ရောက်လုယူမှုဖြစ်ပွား

နိုဝင်ဘာ ၈-၂၀၂၀
နေနန်းနွယ်(VOM)

ဒီကနေ့ ရွေးကောက်ပွဲကျင်းပနေချိန် မနက် ၁၁နာရီကျော်ကျော်က တောင်ကြီးမြို့ ၊ ကန်ရှေ့ရပ်ကွက်၊ ရေထွက်ဦးလမ်းမှာရှိတဲ့ လုံဝမ်ရွေဆိုင်မှာ ရွှေဆွဲကြိုးဝယ်မယ်လုပ်ပြီး ပစ္စည်းလုပြေးမှု ဖြစ်ပွားခဲ့ပါတယ်။

ပစ္စည်းလုပြေးသူ အမျိုးသမီးဟာ မနက် ၁၀ နာရီခန့်ထဲက ရွှေဆိုင်မှာ ဝယ်ယူဖို့ရွေးထားတဲ့ပစ္စည်းအတွက် ဆိုင်ဝန်ထမ်းက ဘောင်ချာဖြတ်နေပြီး ဘူးနဲ့ထည့်ပေးဖို့ပြုလုပ်နေချိန် လက်ထဲကို ရွှေတွေထည့်ပြီး ထွက်ပြေးသွားတာဖြစ်ပါတယ်။

ခိုးယူသွားတဲ့ ပစ္စည်းတန်ဖိုးမှာ၂၃ သိန်း ၉သောင်းကျော်ဖိုးရှိတယ်လို့ သိရပြီး ရွှေဆွဲကြိုး တစ်ကျပ်သား၊ ဆွဲသီး ၅ မူးသားနဲ့ ၃ပဲ အလေးချိန်ရှိတဲ့ ပတ္တမြားနားဆွဲတို့ပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားပြီး အမှုဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး
တောင်ကြီးမြို့မရဲစခန်းကို သွားရောက်မေးမြန်းရာမှာတော့ “အမှုတောင်မတင်ရသေးလို့ ဘာမှ မဖြေပေးနိုင်သေးဘူး၊ မနက်ဖြန်မနက်မှ ပြန်လာမေး”လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

#voiceofmyanmar #VOM #တောင်ကြီး #ရွှေဆိုင် #လုယက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW