မကွေးတိုင်းကော်မရှင်အဖွဲ့က ရွေးကောက်ပွဲနေ့မှာ မဲတံဆိပ်တုံးလုံခြုံရေးအတွက် စိုးရိမ်ရတယ်လို့ သတိပေးထား

နိုဝင်ဘာ ၇-၂၀၂၀
ဂျန်ကိုးလ်+ကောင်းလကျာ်(VOM)

နိုဝင်ဘာ၈ရက်နေ့ရွေးကောက်ပွဲကျင်းပနေချိန်အတွင်းမှာ မဲတံဆိပ်တုံးလုံခြုံရေးကို စိုးရိမ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မကွေးတိုင်းတာဝန်ခံ ဦးလှတင့်က မနေ့ နိုဝင်ဘာ ၇ရက်နေ့ မဲရုံတွေကို Covid-19ကာကွယ်မှုအတွက်နဲ့မဲရုံတွေစနစ်တကျရှိစေရေး လိုက်လံစစ်ဆေးချိန် သတင်းမီဒီယာတွေကို သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

”တံဆိပ်တုံးရဲ့လုံခြုံရေးဖြစ်နေတာက UECအမှတ်သားပါတာရှိတယ်၊ ECUဆိုပြီး မှားထားတာတွေရှိတယ်၊ တံဆိပ်တုံး လဲသွားတဲ့ကိစ္စတွေတွေ့ရတယ်၊ တံဆိပ်တုံးနဲ့ပတ်သက်ပြီး လဲမှာတို့၊ ပျောက်မှာတို့၊ ပျက်ဆီးမှာတို့ ဖြစ်မှာစိုးရိမ်တယ်၊ ဒါကြောင့် မဲရုံတာဝန်ရှိသူတွေကို မကြာမကြာ တံဆိပ်တုံးစစ်ဖို့မှာကြားခဲ့တယ်”လို့ ဦးလှတင့်ကပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မကွေးတိုင်းတာဝန်ခံ ဦးလှတင့်က တာဝန်ရှိသူတွေကို မဲလက်မှတ်တွေမှာ မဲရုံမှူးလက်မှတ်ပါဖို့ တံဆိပ်တုံးတွေ အတုအစစ်လဲတာတွေ မဖြစ်‌စေဖို့ မှာကြားခဲ့တယ်လို့လည်း သိရပါတယ်။

ဒီကနေ့မနက်ပိုင်းကလည်း မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာ၊ မဲရုံအမှတ်-၆(ဓမင်းကုန်း)မဲရုံမှာ ပြည်ခိုင်ဖြိုး USDPပါတီလွှတ်တော်ကိုယ်
စားလှယ်လောင်းရဲ့မဲရုံကိုယ်စားလှယ်အမျိုးသမီးဟာ UEC တံဆိပ်တုံးအတုပါလာတာကြောင့် အမှုဖွင့်လှစ်ထားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တယ်လို့ ရေးမြို့နယ် ‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး‌ညီသွေးက ပြောပါတယ်။

” မဲရုံကိုယ်စားလှယ် အမျိုးသမီးကို တံဆိပ်တုံးအတုနဲ့ စစ်ဆေးတွေ့ရှိခဲ့တာပါ။ သက်ဆိုင်ရာနယ်‌မြေရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်”လို့ ဦးညီသွေးကပြောပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်လို့ တံဆိပ်တုံးအတုကို အိတ်ထဲထည့်လာတဲ့ အမျိုးသမီးဟာ USDPပါတီ လွတ်တော်ကိုယ်စားလှယ်လောင်း မဲရုံကိုယ်စားလှယ်ဖြစ်တယ်ဆိုတာကိုသာ အတည်ပြုပေးနိုင်ပြီး ဘယ်လိုပုဒ်မနဲ့အမှုဖွင့်တယ်ဆိုတာကိုတော့ မသိရှိသေးဘူးလို့ ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကနေ သိရပါတယ်။

ရေးမြို့နယ် ၊ အစင်မှာဖြစ်ပွားခဲ့တဲ့ ပြဿနာဟာ ဒီကနေ့မနက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာပေါ်တက်နေတာဖြစ်ပြီး ‌ဒေသခံအမျိုးသမီးတွေက တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဆေးနေတာမှာ မဲလက်မှတ် အတုတွေနဲ့ တံဆိပ်တုံး အတုတစ်တုံး အစစ်လို့ယူဆရတဲ့ တံဆိပ်တုံးတစ်တုံး ဖမ်းဆီးရမိတဲ့အတွက် သက်ဆိုင်ရာကခေါ်ဆောင်သွားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရွေးကောက်ပွဲ #ကြိုတင်မဲ #တံဆိမ်တုံးအတု

Related posts

Leave a Comment

VOM News

FREE
VIEW