မန္တလေးတိုင်း ရွေးကော်ရုံးဝန်ထမ်း ၇ ဦး ကိုဗစ် ပိုးကူးစက်ခံရ

မန္တလေးတိုင်း ရွေးကော်ရုံးဝန်ထမ်း ၇ ဦး ကိုဗစ် ပိုးကူးစက်ခံရ

မန္တလေး၊ နိုဝင်ဘာ- ၁၆- ၂၀၂၀
ရှိုင်းအောင်(VOM)

မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးက ဥက္ကဋ္ဌနဲ့ ဦးစီးအရာရှိကလွဲလို့ တိုင်းအဖွဲ့ခွဲရုံးတခုလုံး တိုင်းစာရင်းစစ်ဝန်ထမ်းကတဆင့် COVID-19 ရောဂါကူးစက်ခံရတယ်လို့ တိုင်းကော်မရှင်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။

“ကျနော်တို့က ရွေးကောက်ပွဲအပြီး နောက်တစ်ရက်ကျတော့ ခိုင်လုံမဲ ရာခိုင်နှုန်းတက်ဖို့ စာရင်းစစ်တစ်ဦးခေါ်ရတယ်၊ တိုင်းစာရင်းစစ်ရုံးက ဝန်ထမ်းတစ်ယောက်ပို့ပေးတယ်၊ ၁၃ ရက်နေ့ကျတော့ အားလုံပြီးသွားရော ပြီးတဲ့နေ့မှာ စာရင်းစစ်တစ်ယောက်က ဖျားသွားရော ဖျားတော့ ဆေးတွေဘာတွေတိုက်လွှတ်ပြီး သူတို့ ပြန်သွားတယ်၊ ၁၄ ရက်နေ့ကျ ဖျားတဲ့တစ်ယောက်က Positive တဲ့ အဲ့ဒါနဲ့ ကျနော်လည်း ရုံးကို ဆေးတွေဘာတွေဖျန်းလိုက်သေးတယ်၊ ဒါပေမယ့် မရဘူး ရုံးမှာ စာရင်းစစ်ကို အပေါ်ထပ်သီးခြားပေးထားတဲ့ သီးခြားရုံးခန်းနဲ့ ကွန်ပြူတာရုံးခန်းကို စာရင်းအတင်ချလုပ်တဲ့ စာရေးမလေးက မနေ့က Positive ဖြစ်တယ်၊ သူကတော့ ရုံးဝန်ထမ်းပေါ့ မနေ့ကတော့ တစ်ယောက်တည်းပေါ့ ဒီနေ့ကျမှ သံသယဖြစ်တာနဲ့ တိုင်းကျန်းမာနဲ့ ဆေးစစ်လိုက်တော့ ၆ ယောက်ထပ်ကူးသွားတာ ကျနော်နဲ့ စာရင်းစစ်ကတော့ လွတ်သွားလို့ ကိုယ်စီ အိမ်မှာပဲ ကွာရန်တင်း ဝင်နေပါတယ်” လို့ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းကို စစ်ရတဲ့ စာရင်းစစ်ကနေတဆင့် တိုင်းရုံးက ဝန်ထမ်း ၇ ဦးကို ရောဂါကူးဆက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တိုင်းကော်မရှင်ရုံးက Positive ၇ ဦးကတော့ အလုပ်သမားဆေးရုံမှာ ဆေးကုသမှုခံယူနေတာဖြစ်တယ်လို့ ဦးရှိန်ဝင်းက ပြောပါတယ်။
အလုပ်သမားဆေးရုံမှာ တက်ရောက်ကုသမှုခံနေရတဲ့ တိုင်းကော်မရှင် အတွင်းရေးမှူး ဦးကျော်ကျော်စိုးက
“ဟုတ်ပါတယ်ဗျ ကျနော်က အလုပ်သမားဆေးရုံရောက်နေလို့ ဥက္ကဋ္ဌကြီးကို အသေးစိတ်မေးလိုက်ပါဗျ” လို့ ပြောပါတယ်။

မန္တလေးတိုင်းအတွင်းမှာ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၃၀၉၀ ဦးရှိပြီး မန္တလေးမြို့မှာတော့ အတည်ပြုလူနာ ၂၂၇၀ ဦး ကိုဗစ်ရောဂါကူးဆက်ခံရပြီး သေဆုံးသူ ၁၈ ဦးရှိနေပြီဖြစ်ပါတယ်။

#VOM #voiceofmyanmar #COVID-19 #ရွေးကောက်ပွဲကော်မရှင်

zawgy

မႏၲေလးတိုင္း ေ႐ြးေကာ္႐ုံးဝန္ထမ္း ၇ ဦး ကိုဗစ္ ပိုးကူးစက္ခံရ

မႏၲေလး၊ ႏိုဝင္ဘာ- ၁၆- ၂၀၂၀
ရႈိင္းေအာင္(VOM)

မႏၲေလးတိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ႐ုံးက ဥကၠ႒နဲ႔ ဦးစီးအရာရွိကလြဲလို႔ တိုင္းအဖြဲ႕ခြဲ႐ုံးတခုလုံး တိုင္းစာရင္းစစ္ဝန္ထမ္းကတဆင့္ COVID-19 ေရာဂါကူးစက္ခံရတယ္လို႔ တိုင္းေကာ္မရွင္ဥကၠ႒ ဦးရွိန္ဝင္းက ေျပာပါတယ္။

“က်ေနာ္တို႔က ေ႐ြးေကာက္ပြဲအၿပီး ေနာက္တစ္ရက္က်ေတာ့ ခိုင္လုံမဲ ရာခိုင္ႏႈန္းတက္ဖို႔ စာရင္းစစ္တစ္ဦးေခၚရတယ္၊ တိုင္းစာရင္းစစ္႐ုံးက ဝန္ထမ္းတစ္ေယာက္ပို႔ေပးတယ္၊ ၁၃ ရက္ေန႔က်ေတာ့ အားလုံၿပီးသြားေရာ ၿပီးတဲ့ေန႔မွာ စာရင္းစစ္တစ္ေယာက္က ဖ်ားသြားေရာ ဖ်ားေတာ့ ေဆးေတြဘာေတြတိုက္လႊတ္ၿပီး သူတို႔ ျပန္သြားတယ္၊ ၁၄ ရက္ေန႔က် ဖ်ားတဲ့တစ္ေယာက္က Positive တဲ့ အဲ့ဒါနဲ႔ က်ေနာ္လည္း ႐ုံးကို ေဆးေတြဘာေတြဖ်န္းလိုက္ေသးတယ္၊ ဒါေပမယ့္ မရဘူး ႐ုံးမွာ စာရင္းစစ္ကို အေပၚထပ္သီးျခားေပးထားတဲ့ သီးျခား႐ုံးခန္းနဲ႔ ကြန္ျပဴတာ႐ုံးခန္းကို စာရင္းအတင္ခ်လုပ္တဲ့ စာေရးမေလးက မေန႔က Positive ျဖစ္တယ္၊ သူကေတာ့ ႐ုံးဝန္ထမ္းေပါ့ မေန႔ကေတာ့ တစ္ေယာက္တည္းေပါ့ ဒီေန႔က်မွ သံသယျဖစ္တာနဲ႔ တိုင္းက်န္းမာနဲ႔ ေဆးစစ္လိုက္ေတာ့ ၆ ေယာက္ထပ္ကူးသြားတာ က်ေနာ္နဲ႔ စာရင္းစစ္ကေတာ့ လြတ္သြားလို႔ ကိုယ္စီ အိမ္မွာပဲ ကြာရန္တင္း ဝင္ေနပါတယ္” လို႔ မႏၲေလးတိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးရွိန္ဝင္းက ေျပာပါတယ္။

ႏိုဝင္ဘာလ ၁၃ ရက္ေန႔က ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးမွာ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ စာရင္းကို စစ္ရတဲ့ စာရင္းစစ္ကေနတဆင့္ တိုင္း႐ုံးက ဝန္ထမ္း ၇ ဦးကို ေရာဂါကူးဆက္ခဲ့တာျဖစ္ၿပီး လက္ရွိမွာ တိုင္းေကာ္မရွင္႐ုံးက Positive ၇ ဦးကေတာ့ အလုပ္သမားေဆး႐ုံမွာ ေဆးကုသမႈခံယူေနတာျဖစ္တယ္လို႔ ဦးရွိန္ဝင္းက ေျပာပါတယ္။
အလုပ္သမားေဆး႐ုံမွာ တက္ေရာက္ကုသမႈခံေနရတဲ့ တိုင္းေကာ္မရွင္ အတြင္းေရးမႉး ဦးေက်ာ္ေက်ာ္စိုးက
“ဟုတ္ပါတယ္ဗ် က်ေနာ္က အလုပ္သမားေဆး႐ုံေရာက္ေနလို႔ ဥကၠ႒ႀကီးကို အေသးစိတ္ေမးလိုက္ပါဗ်” လို႔ ေျပာပါတယ္။

မႏၲေလးတိုင္းအတြင္းမွာ ႏိုဝင္ဘာ ၁၅ ရက္ေန႔အထိ ကိုဗစ္အတည္ျပဳလူနာ ၃၀၉၀ ဦးရွိၿပီး မႏၲေလးၿမိဳ႕မွာေတာ့ အတည္ျပဳလူနာ ၂၂၇၀ ဦး ကိုဗစ္ေရာဂါကူးဆက္ခံရၿပီး ေသဆုံးသူ ၁၈ ဦးရွိေနၿပီျဖစ္ပါတယ္။

#VOM #voiceofmyanmar #COVID-19 #ေ႐ြးေကာက္ပြဲေကာ္မရွင္

 

Related posts

Leave a Comment

VOM News

FREE
VIEW