အီဂျစ်မှာ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ က ရှေးဟောင်းမံမီရုပ်အလောင်း ၁၀၀ ကျော်တွေ့

ကိုင်ရို၊ နိုဝင်ဘာ-၁၆-၂၀၂၀
မျိုးဆက်(VOM)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တောင်ပိုင်းမှာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ က ရှေးဟောင်းမံမီရုပ်အလောင်း ၁၀၀ ကျော်ကို အီဂျစ်ရှေးဟောင်းပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲhဒီရုပ်အလောင်းတွေကို ဆာကာရာရှိ ဒီဂျိုဆာ ပိရမစ်အနီးမှာ ထုတ်ဖော်ပြသခဲ့ပြီး ဒီရုပ်အလောင်းတွေဟာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့်ကမြုပ်နှံခဲ့တယ်လို့ ယုံကြည်ရကာ သစ်သားနဲ့ပြုလုပ်ထားတဲ့ အခေါင်းတွေကို ဆာကာရာဒေသ ပိရမစ်အတွင်း မြေအောက် ၁၀ မီတာကျော်အနက်မှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အခေါင်းတွေထဲမှာတော့ အဝတ်တွေပတ်ထားတဲ့ မံမာရုပ်အလောင်းတွေပါဝင်ပြီး အသက်အရွယ်နဲ့ ယောက်ကျား၊ မိန်းမခွဲခြားသိရှိနိုင်ဖို့ ရှေးဟောင်းသုတေသနပညာရှင်တွေက ဓါတ်မှန်ရိုက်တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။

အခေါင်းတွေနဲ့ ရှေးဟောင်းပစ္စည်းတွေဟာ ကောင်းမွန်တဲ့ အခြေအနေရှိတယ်လို့ အီဂျစ်ခရီးသွားလုပ်ငန်းနဲ့ ရှေးဟောင်းသုတေသနဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဒါဟာ ယခုနှစ်အတွင်း အကြီးမားဆုံးရှာဖွေ တွေ့ရှိမှုအဖြစ် ချီးကျူးပြောဆိုသည်။

ဆာကာရာဒေသရှိ အခြားနေရာတစ်ခုမှာ လည်း မံမီရုပ်အလောင်းတွေကို မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ်ရှေးဟောင်း အမွေအနှစ်တွေကို တွေ့ရှိနိုင်ခြေရှိနေသေးပါတယ်။

အခုတွေ့ရှိခဲ့တဲ့ မံမီရုပ်အလောင်းတွေကို Grand Egyptian ပြတိုက်မှာ ပြသသွားမှာ ဖြစ်ပြီး ဒီပြတိုက်ကိုတော့ လာမယ့်နှစ်မှာ ဖွင့်လှစ်ဖို့ အီဂျစ်အာဏာပိုင်တွေက မျှော်မှန်းထားကြပါတယ်။

Ref : NHK
Photo:AP
#voiceofmyanmar #VOM #ကိုင်ရို

Related posts

Leave a Comment

VOM News

FREE
VIEW