ရွေးကောက်ပွဲရလာဒ် မကျေနပ်လို့ မန္တလေးတိုင်းမှာ ၄မြို့နယ်ပဲ အနိုင်အရှုံးအတည်ပြုပုံစံလက်မှတ်ထိုးထားတဲ့ ပြည်ခိုင်ဖြိုးက အဆင့်လိုက် ကန့်ကွက်သွားမယ်

မန္တလေး၊ နိုဝင်ဘာ- ၁၇- ၂၀၂၀
ရှိုင်းအောင်(VOM)

ရွေးကောက်ပွဲကော်မရှင်က တရားမျှတမှုမရှိတာကြောင့် အယုံအကြည်မရှိပေမယ့် နိုင်ငံတော်သမ္မတကိုယ်တိုင် ခန့်အပ်ထားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းဖြစ်နေတာကြောင့် မကြိုက်ကြိုက် ကြိုက်ကြိုက် နိုင်ငံတော်အဆင့်ထိတက်လို့မှ မမျှတဘူး တစ်ဖက်စောင်းနင်း အဖြေပေးလာမယ်ဆိုရင် နောက်တစ်ဆင့် ထပ်လုပ်ရမယ်လို့ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောဆိုခဲ့ပါတယ်။

မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး (လုံနယ်ဝန်ကြီးဟောင်း) ပြောပြတာကတော့

“ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိဘူးလို့ အကိုတို့ ခုနက ပြောလိုက်တယ်၊ ဒီအဖွဲ့အစည်းကို အယုံအကြည် မရှိပေမယ့် အဲ့ဒီအဖွဲ့အစည်းကို ဖြုတ်ပစ်လိုက်လို့မှမရတာ အဲ့ဒီအဖွဲ့အစည်းကို သမ္မတကိုယ်တိုင်ခန့်အပ်ထားတဲ့ အဖွဲ့အစည်းဖြစ်နေတာကြောင့် လုပ်စရာနည်းလမ်းအတိုင်းကတော့ သွားရမှာပဲ ။ ဒီဥပဒေ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိုယ့်အပေါ်မှာ ဆုံးဖြတ်ထားတဲ့အချက်ကို မကျေနပ်ဘူးဆိုရင် တိုင်ကြားခွင့်ရှိတယ်၊ တိုင်ကြားခွင့်ရှိသလို၊ စစ်ဆေးဖော်ထုတ်ပေးပါလို့ တောင်းဆိုခွင့်ရှိနေတာဖြစ်ပါတယ်၊ အဲ့ဒီ လုပ်ပိုင်ခွင့်တွေ အကုန်လုံးကို ကုန်အောင်လုပ်နေတုန်းပဲ ရှိပါသေးတယ်၊ ပြောဖို့လည်း စောပါသေးတယ်၊ ဆုံးသွားတဲ့ အချိန်ကျရင် နောက်တစ်ကြိမ် ပြန်ထပ်မေးပါ အခုအချိန်ကတော့ လုပ်ဆောင်ရမယ့် လုပ်ငန်း အစပဲရှိသေးတာ ဖြစ်တဲ့ အတွက်ကြောင့် အဆုံးသတ် ဘာဖြစ်နိုင်မလဲဆိုတာတော့ ပြောလို့ မရနိုင်သေးပါဘူး” လို့ ပြောပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပုံစံ-၁၉ လက်မှတ်ရေးထိုးထားတဲ့ ကိုယ်စားလှယ်လောင်းဦးရေ ဘယ်လောက်ရှိသလဲဆိုတာကို ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးကို မေးမြန်းကြည့်တဲ့ အခါမှာတော့

“ပုံစံ- ၁၉ က ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်နဲ့ပတ်သက်တဲ့ ကန့်ကွက်တဲ့ အယူခံတက်ခွင့်ကတော့ ရနေဦးမှာ ဖြစ်ပါတယ်၊ တိတိကျကျတော့မဟုတ်ပေမယ့် အကိုသိထားသလောက်ကတော့ မန္တလေးတိုင်းမှာ မြို့နယ် ၂၈ မြို့နယ်မှာ မြို့နယ် ၄ ခုပဲ ပုံစံ- ၁၉ ထိုးထားတယ်လို့ သိရပါတယ်”လို့ USDP ပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး က ပြောပါတယ်။

ပုံစံ- ၁၉ လက်မှတ်မထိုးတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဘာဖြစ်နိုင်မလဲဆိုတာကို မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ ဥက္ကဋ္ဌ ဦးရှိန်ဝင်းကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ “အဲ့ဒါကျတော့ ဥပဒေပြဌာန်းမထားဘူး၊ ပြဌာန်းထားတာ ပုံစံ ၁၉ တွင် လက်မှတ်ရေးထိုးရမည် မထိုးပါက မထိုးသူ၏ တာဝန်သာဖြစ်စေရမည်။ ဆိုပြီးတော့ ပြဌာန်းထားတယ် မထိုးရင် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာကတော့ ၁၉ နဲ့ ပတ်သက်လို့ ပြဌာန်းထားတာ မရှိသေးပါဘူးဗျ” လို့ VOM ကိုပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက မန္တလေးတိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ တိုင်းရုံးမှာ မိတ္ထီလာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မိုး (တိုင်းအတွင်းရေးမှူး)၊ ဦးကျော်ဆန်း(ကော်မတီဝင်)၊ ဦးမျိုးမြင့် (ကော်မတီဝင်)၊ ဒေါ်ဝါဝါလှိုင်(ခရိုင်အတွင်း ရေးမှူး) တို့က ေရွးကောက်ပွဲနဲ့ပတ်သတ်တဲ့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မန္တလေးတိုင်းအတွင်းက မြို့နယ် ၂၈ မြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီယှဉ်ပြိုင်ခဲ့တဲ့ မြို့နယ်တွေမှာ မြို့နယ်တစ်ခုမှ အနိုင်ရရှိခြင်း မရခဲ့တဲ့အပြင် ပုံစံ-၁၉ လက်မှတ်ရေးထိုးထားတဲ့ မြို့နယ် ၂၄ မြို့နယ်ရှိပြီး လက်မှတ်ရေးထိုးထားတဲ့ မြို့နယ်ကတော့ ၄ မြို့နယ်သာရှိပါတယ်။

နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဗဟိုရုံးချုပ်ရှေ့မှာ ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်းနဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးတို့ကို နိုဝင်ဘာ ၁၁ နေ့က တစ်ကြိမ်ဆန္ဒပြခဲ့သလို နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ဝန်းရံတဲ့သူတွေက နေပြည်တော် ဥတ္တရသီရိမှာ ဒုတိယအကြိမ် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

#VOM #voiceofmyanmar #USDP #election #ရွေးကောက်ပွဲ #ပြည်ခိုင်ဖြိုးရှင်းလင်းပွဲ

zawgy

ေ႐ြးေကာက္ပြဲရလာဒ္ မေက်နပ္လို႔ မႏၲေလးတိုင္းမွာ ၄ၿမိဳ႕နယ္ပဲ အႏိုင္အရႈံးအတည္ျပဳပုံစံလက္မွတ္ထိုးထားတဲ့ ျပည္ခိုင္ၿဖိဳးက အဆင့္လိုက္ ကန႔္ကြက္သြားမယ္လို႔ဆို

မႏၲေလး၊ ႏိုဝင္ဘာ- ၁၇- ၂၀၂၀
ရႈိင္းေအာင္(VOM)

ေ႐ြးေကာက္ပြဲေကာ္မရွင္က တရားမွ်တမႈမရွိတာေၾကာင့္ အယုံအၾကည္မရွိေပမယ့္ ႏိုင္ငံေတာ္သမၼတကိုယ္တိုင္ ခန႔္အပ္ထားတဲ့ အဖြဲ႕အစည္း တစ္ခုျဖစ္ၿပီး ဆုံးျဖတ္ပိုင္ခြင့္ရွိတဲ့ အဖြဲ႕အစည္းျဖစ္ေနတာေၾကာင့္ မႀကိဳက္ႀကိဳက္ ႀကိဳက္ႀကိဳက္ ႏိုင္ငံေတာ္အဆင့္ထိတက္လို႔မွ မမွ်တဘူး တစ္ဖက္ေစာင္းနင္း အေျဖေပးလာမယ္ဆိုရင္ ေနာက္တစ္ဆင့္ ထပ္လုပ္ရမယ္လို႔ မႏၲေလးတိုင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီက သတင္းစာရွင္းလင္းပြဲလုပ္ၿပီးေျပာဆိုခဲ့ပါတယ္။

မႏၲေလးတိုင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ အတြင္းေရးမႉး ဦးေအာင္ေက်ာ္မိုး (လုံနယ္ဝန္ႀကီးေဟာင္း) ေျပာျပတာကေတာ့

“ေ႐ြးေကာက္ပြဲေကာ္မရွင္ကို အယုံအၾကည္မရွိဘူးလို႔ အကိုတို႔ ခုနက ေျပာလိုက္တယ္၊ ဒီအဖြဲ႕အစည္းကို အယုံအၾကည္ မရွိေပမယ့္ အဲ့ဒီအဖြဲ႕အစည္းကို ျဖဳတ္ပစ္လိုက္လို႔မွမရတာ အဲ့ဒီအဖြဲ႕အစည္းကို သမၼတကိုယ္တိုင္ခန႔္အပ္ထားတဲ့ အဖြဲ႕အစည္းျဖစ္ေနတာေၾကာင့္ လုပ္စရာနည္းလမ္းအတိုင္းကေတာ့ သြားရမွာပဲ ။ ဒီဥပေဒ စည္းမ်ဥ္းစည္းကမ္းအတိုင္းပဲ မွားသည္ျဖစ္ေစ မွန္သည္ျဖစ္ေစ ကိုယ့္အေပၚမွာ ဆုံးျဖတ္ထားတဲ့အခ်က္ကို မေက်နပ္ဘူးဆိုရင္ တိုင္ၾကားခြင့္ရွိတယ္၊ တိုင္ၾကားခြင့္ရွိသလို၊ စစ္ေဆးေဖာ္ထုတ္ေပးပါလို႔ ေတာင္းဆိုခြင့္ရွိေနတာျဖစ္ပါတယ္၊ အဲ့ဒီ လုပ္ပိုင္ခြင့္ေတြ အကုန္လုံးကို ကုန္ေအာင္လုပ္ေနတုန္းပဲ ရွိပါေသးတယ္၊ ေျပာဖို႔လည္း ေစာပါေသးတယ္၊ ဆုံးသြားတဲ့ အခ်ိန္က်ရင္ ေနာက္တစ္ႀကိမ္ ျပန္ထပ္ေမးပါ အခုအခ်ိန္ကေတာ့ လုပ္ေဆာင္ရမယ့္ လုပ္ငန္း အစပဲရွိေသးတာ ျဖစ္တဲ့ အတြက္ေၾကာင့္ အဆုံးသတ္ ဘာျဖစ္ႏိုင္မလဲဆိုတာေတာ့ ေျပာလို႔ မရႏိုင္ေသးပါဘူး” လို႔ ေျပာပါတယ္။

မႏၲေလးတိုင္းအတြင္းမွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီက ပုံစံ-၁၉ လက္မွတ္ေရးထိုးထားတဲ့ ကိုယ္စားလွယ္ေလာင္းဦးေရ ဘယ္ေလာက္ရွိသလဲဆိုတာကို ပါတီအတြင္းေရးမႉး ဦးေအာင္ေက်ာ္မိုးကို ေမးျမန္းၾကည့္တဲ့ အခါမွာေတာ့

“ပုံစံ- ၁၉ က ထိုးသည္ျဖစ္ေစ မထိုးသည္ျဖစ္ေစ လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ပတ္သက္တဲ့ ကန႔္ကြက္တဲ့ အယူခံတက္ခြင့္ကေတာ့ ရေနဦးမွာ ျဖစ္ပါတယ္၊ တိတိက်က်ေတာ့မဟုတ္ေပမယ့္ အကိုသိထားသေလာက္ကေတာ့ မႏၲေလးတိုင္းမွာ ၿမိဳ႕နယ္ ၂၈ ၿမိဳ႕နယ္မွာ ၿမိဳ႕နယ္ ၄ ခုပဲ ပုံစံ- ၁၉ ထိုးထားတယ္လို႔ သိရပါတယ္”လို႔ USDP ပါတီ အတြင္းေရးမႉး ဦးေအာင္ေက်ာ္မိုး က ေျပာပါတယ္။

ပုံစံ- ၁၉ လက္မွတ္မထိုးတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ဘာျဖစ္ႏိုင္မလဲဆိုတာကို မႏၲေလးတိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ႕ ဥကၠ႒ ဦးရွိန္ဝင္းကို ဆက္သြယ္ေမးျမန္းတဲ့ အခါမွာေတာ့ “အဲ့ဒါက်ေတာ့ ဥပေဒျပဌာန္းမထားဘူး၊ ျပဌာန္းထားတာ ပုံစံ ၁၉ တြင္ လက္မွတ္ေရးထိုးရမည္ မထိုးပါက မထိုးသူ၏ တာဝန္သာျဖစ္ေစရမည္။ ဆိုၿပီးေတာ့ ျပဌာန္းထားတယ္ မထိုးရင္ ဘာျဖစ္တယ္ ညာျဖစ္တယ္ဆိုတာကေတာ့ ၁၉ နဲ႔ ပတ္သက္လို႔ ျပဌာန္းထားတာ မရွိေသးပါဘူးဗ်” လို႔ VOM ကိုေျပာပါတယ္။

ဒီကေန႔ မနက္ပိုင္းက မႏၲေလးတိုင္း၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ဖြံ႕ၿဖိဳးေရးပါတီ တိုင္း႐ုံးမွာ မိတၳီလာၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေအာင္ေက်ာ္မိုး (တိုင္းအတြင္းေရးမႉး)၊ ဦးေက်ာ္ဆန္း(ေကာ္မတီဝင္)၊ ဦးမ်ိဳးျမင့္ (ေကာ္မတီဝင္)၊ ေဒၚဝါဝါလႈိင္(ခ႐ိုင္အတြင္း ေရးမႉး) တို႔က ေ႐ြးေကာက္ပြဲနဲ႔ပတ္သတ္တဲ့ သတင္းစာ ရွင္းလင္းပြဲျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

မႏၲေလးတိုင္းအတြင္းက ၿမိဳ႕နယ္ ၂၈ ၿမိဳ႕နယ္မွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၁၀၅ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး အဲ့ဒီယွဥ္ၿပိဳင္ခဲ့တဲ့ ၿမိဳ႕နယ္ေတြမွာ ၿမိဳ႕နယ္တစ္ခုမွ အႏိုင္ရရွိျခင္း မရခဲ့တဲ့အျပင္ ပုံစံ-၁၉ လက္မွတ္ေရးထိုးထားတဲ့ ၿမိဳ႕နယ္ ၂၄ ၿမိဳ႕နယ္ရွိၿပီး လက္မွတ္ေရးထိုးထားတဲ့ ၿမိဳ႕နယ္ကေတာ့ ၄ ၿမိဳ႕နယ္သာရွိပါတယ္။

ေနျပည္ေတာ္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဗဟို႐ုံးခ်ဳပ္ေရွ႕မွာ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို အယုံအၾကည္မရွိေၾကာင္းနဲ႔ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပႏိုင္ေရးတို႔ကို ႏိုဝင္ဘာ ၁၁ ေန႔က တစ္ႀကိမ္ဆႏၵျပခဲ့သလို ႏိုဝင္ဘာ ၁၅ ရက္ေန႔ကလည္း ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီကို ဝန္းရံတဲ့သူေတြက ေနျပည္ေတာ္ ဥတၱရသီရိမွာ ဒုတိယအႀကိမ္ ဆႏၵျပမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

#VOM #voiceofmyanmar #USDP #election #ေ႐ြးေကာက္ပြဲ #ျပည္ခိုင္ၿဖိဳးရွင္းလင္းပြဲ

 

Related posts

Leave a Comment

VOM News

FREE
VIEW