မောင်တောမှာ ကထိန်ကပြန်လာတဲ့ ကားတစ်စီး မိုင်းထိလို့ လူ (၃) ဦးသေဆုံး

နိုဝင်ဘာ ၁၇-၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဒီကနေ့ ညနေပိုင်းက နံသာတောင်ကထိန်ကိုသွားပြီး ပြန်လာတဲ့ကားတစ်စီး မိုင်းထိကာ ကားပေါ်ပါလာတဲ့ လူ ၃ ဦးသေဆုံးသွားတဲ့အပြင် ၆ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကိုဆက်သွယ်ရာမှာတော့” မိုင်းထိတာတော့ ဟုတ်ပါတယ်။ အဲ့ဒီလိုကြားပါတယ်။ အထိအခိုက်က (၃) ယောက်သေတယ်။ ဒဏ်ရာရတာက (၆) ယောက်ပါ။ သူတို့က မောင်တောခရေမြိုင်က၊ သူတို့က နံသာတောင် သာယာကုန်းကထိန်ကိုသွားကြတာ။ အပြန်လမ်းမှာ မိုင်းပေါက်တာပေါ့” လို့ ပြောပါတယ်။ သေဆုံးသွားသူတွေဟာ မောင်တောမြို့နယ် ခရေမြိုင်ရွာက ဦးကျော်ရဲအောင် အသက် (၂၅) နှစ်၊ ဇနီးဖြစ်သူ ဒေါ် အေးဆန်းနု အသက် (၂၀) နှစ်နဲ့ သားဖြစ်သူ အသက် (၃) နှစ်အရွယ် မောင်ကျော်ကျော်ဆန်းတို့ဖြစ်ပြီး ကျန်တဲ့ ဒဏ်ရာရသူ (၆)…

Read More

UECကို ကန့်ကွက်ရှုတ်ချသူ ၂ ဦး ထောင်ဒဏ်ပြစ်မှုကနေ အာမခံရရှိ

နိုဝင်ဘာ ၁၇-၂၀၂၀ ကိုလတ် (VOM) နေပြည်တော်မှာ UEC ကို ကန့်ကွက်ရှုတ်ချသူ ၂ ဦး အလုပ်နဲ့ ထောင်ဒဏ် ၁ လ ကျခံစေဖို့ တရားရုံးကနေ နိုဝင်ဘာလ ၁၂ ရက်နေ့က အမိန့်ချခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့မှာတော့ အာမခံနဲ့ ပြန်လည်လွတ်မြှောက်လာခဲ့တယ်လို့ သိရပါတယ်။ “ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ က သုံးလထက်မပိုဘူး။ ဒဏ်ငွေကလည်း သုံးသောင်းထက်မပိုတဲ့ အမှုဖြစ်တဲ့အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေအရ အာမခံပေးနိုင်တဲ့ ပုဒ်မတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ အယူခံဝင်ရောက်တဲ့ ကာလအတွင်းမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၈ (၁) အရ အယူခံကာလအတွင်း ကျပ်ငါးသိန်းတန် ကိုယ်ပိုင်ခံဝန်ဖြင့် အချုပ်အလွတ်ထုချေခွင့်ပြုခြင်းဖြစ်တယ်”လို့ ဒက္ခိဏခရိုင်တရားသူကြီး ဦးတင့်လွင်ကပြောပါတယ်။ အာမခံပေးလိုက်သူ ၂ ဦး အပါအဝင် လူအင်အား ၅၀ ကျော်လောက်က UEC အယုံအကြည်…

Read More

ကာချုပ်အနားယူခြင်းနဲ့ မန္တလေးက ဘော်လန်တီယာဆရာဝန်သေဆုံးဆိုတဲ့ သတင်းမှားပျံ့

မန္တလေး-နိုဝင်ဘာ-၁၇-၂၀၂၀ ဆွေလင်းထွန်း+နေလင်း(VOM) ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်မှာ သတင်းအမှားနှစ်ခုပျံ့နှံ့နေတာကို တွေ့ရပါတယ်။ပထမတခုကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးကနေ အနားယူတယ်ဆိုတဲ့သတင်း လူမှုကွန်ယက်နဲ့ တပ်မတော်ချစ်မြတ်နိုးသူများအုပ်စု ချက်တင်မှာ ရေးသားနေကြတာတွေ့ရပါတယ်။ အဲဒီသတင်းကို တပ်မတော်နဲ့ သက်ဆိုင်တဲ့ ဖေ့ဘုတ်ဂရုတွေမှာ တင်နေကြတာဖြစ်ပါတယ်။ အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ တပ်မတော်အသိုင်းအဝိုင်းကတော့ “ကာကွယ်ရေးဦးစီးချုပ် အနားယူမယ်ဆိုတဲ့ သတင်းက မဟုတ်ပါဘူး။ သတင်းတွေသေချာသိချင်ရင် မြဝတီသတင်းစောင့်ကြည့်ပါ” လို့ VOM ကို ပြောပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ လူမှူကွန်ယက်စာမျက်နှာမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကျိုင်းတုံတပ်နယ်နဲ့ နယ်မြေခံတပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းက အရာရှိ၊ စစ်သည်တွေ၊ သင်တန်းသားတွေနဲ့ မိသားစုဝင်တွေကို နိုဝင်ဘာ ၁၆ရက်နေ့က တွေ့ဆုံခဲ့တဲ့ သတင်းကို တင်ထားတာ တွေ့ရပါတယ်။ နောက်တခုကတော့ စဉ့်ကိုင်ကနေ ရန်ကုန်ကို ဗော်လန်တီယာအဖြစ် သွားရောက်ကူညီနေတဲ့ အဆုတ်နဲ့ရင်ခေါင်း အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်သက်ဇော်နဲ့ ဆရာမတစ်ဦး ကွယ်လွန်တယ်ဆိုတဲ့…

Read More

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) က တောင်ကြီးမြို့ ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့ ဆန္ဒဖော်ထုတ်

တောင်ကြီး၊ နိုဝင်ဘာ- ၁၇- ၂၀၂၀ နေနန်းနွယ်(VOM) အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP) ဟာ နိုဝင်ဘာလ ၁၇ ရက်နေ့မနက်ပိုင်းက ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ကလည်း ဒါကို ပါတီစွဲပုဂ္ဂိုလ်စွဲနဲ့သွားမှာမဟုတ်ပဲ ပြည်သူတစ်ရပ်လုံးအနေနဲ့သာသွားမှာဖြစ်တယ်။ ကျွန်တော်တို့ဆီမှာလည်း သက်သေအထောက်ထားတွေရှိသလို တစ်နိုင်ငံလုံးအတိုင်းအတာမှာလည်း သက်သေအထောက်အထားတွေရှိနေတယ်။ တရားရုံးတွေမှာရော၊ သတင်းမီဒီယာတွေက‌ရော ကျယ်ကျယ်ပြန့်ပြန့်‌ပြောနေကြတဲ့အပေါ်မှာ ကော်မရှင်ဟာ ယုံကြည်မှု လုံးဝကင်းမဲ့လာစေတဲ့အထိ ဖြစ်လာခဲ့တယ်။ အဲ့တော့ ကော်မစ်ရှင်အနေနဲ့ အစိုးရတစ်ရပ်ကိုဖွဲ့ပြီး တင်ပြလိုက်မယ်ဆိုရင် ဒါဟာမှားယွင်းတဲ့အစိုးရတစ်ရပ်သာဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဒါ ကျွန်တော်တို့ဘက်ကလည်း ကော်မစ်ရှင်ကတင်လိုက်တဲ့ အစိုးရတစ်ရပ်ကို ကန့်ကွက်ဆန့်ကျင်တာမျိုးပါ။ အဓိက ကတော့ ရွေးကောက်ပွဲကော်မစ်ရှင်ကမဟုတ်ဘဲ UEC ကိုယ်စား သီးသန့်တင်မြှောက်တဲ့အစိုးရကိုပဲ လက်ခံချင်ပါတယ်။ ဒ့ါကြောင့်လည်းဆန္ဒပြဖို့စီစဉ်ဖြစ်တာပါ” လို့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)မှ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးဝင်းဗိုလ်က ပြောပါတယ်။ အောက်တိုဘာ ၁၇ နေ့တွင် အေးသာယာကနေ…

Read More

ပြည်မြို့မှာ နှာခေါင်းစည်း မက်စ်တပ်ဆင်မှုနည်းလာတာကြောင့် အသိပညာပေးတာတွေ ပိုလုပ်နေရ

နိုဝင်ဘာ ၁၇-၂၀၂၀ သိင်္ဂီထွန်း (VOM) ပြည်မြို့မှာ ကိုဗစ်ကာလ မက်စ်တပ်ဆင်မှုမရှိဘဲ နေအိမ်ပြင်ပကိုထွက်နေသူတွေ များနေတာကြောင့် အသိပညာပေးမှုတွေ ပိုလုပ်နေရတယ်လို့ ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ ပြည်သူတွေအနေနဲ့က မက်စ်တပ်ဆင်အသုံးပြုမှုမှာ ၇၀ နဲ့ ၈၀ ရာခိုင်နူန်းလောက်သာရှိနေတာကြောင့် နေအိမ်အပြင်ထွက်တိုင်း မက်စ်ကို မဖြစ်မနေတပ်ဖို့အတွက် Mask Campaign တစ်ခုကို ဒီကနေ့မနက်ပိုင်းက ပြည်မြို့ရှိ မြို့မဈေး၊ ကိုးသောင်းဈေး၊ မြို့သစ်ဈေးနဲ့ မီးပွိုင့်တွေမှာပြုလုပ်ခဲ့ရသေးတယ်လို့ ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးဒေါက်တာကေခိုင်ဝင်းက ပြောဆိုပါတယ်။ “၁၀ ယောက်မှာ ၇ ယောက်၊ ၈ ယောက်လောက်က တပ်တယ်။ ၇၀ နဲ့ ၈၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အရင်ရက်က ပိုတပ်သလားလို့၊ ခုရက်ပိုင်း မက်စ်မတပ်တဲ့သူ ပိုထွက်လာတယ်။ မက်စ်မပါဘဲနဲ့ သွားတဲ့သူတွေရှိနေတယ်။ ရာနှုန်းပြည့်မလိုက်နာကြသေးဘူး။ အတတ်နိုင်ဆုံး အိမ်ထဲမှာနေလို့ရတဲ့သူက အိမ်ထဲနေတာအကောင်းဆုံးပဲ။ အပြင်ထွက်တာနဲ့ မက်စ်တပ်တဲ့အလေ့အကျင့်လေးရနေမယ်ဆိုရင် ကိုယ်အလုပ်ရှိတဲ့နေရာကိုတော့…

Read More

ရွေးကောက်ပွဲရလာဒ် မကျေနပ်လို့ မန္တလေးတိုင်းမှာ ၄မြို့နယ်ပဲ အနိုင်အရှုံးအတည်ပြုပုံစံလက်မှတ်ထိုးထားတဲ့ ပြည်ခိုင်ဖြိုးက အဆင့်လိုက် ကန့်ကွက်သွားမယ်

မန္တလေး၊ နိုဝင်ဘာ- ၁၇- ၂၀၂၀ ရှိုင်းအောင်(VOM) ရွေးကောက်ပွဲကော်မရှင်က တရားမျှတမှုမရှိတာကြောင့် အယုံအကြည်မရှိပေမယ့် နိုင်ငံတော်သမ္မတကိုယ်တိုင် ခန့်အပ်ထားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းဖြစ်နေတာကြောင့် မကြိုက်ကြိုက် ကြိုက်ကြိုက် နိုင်ငံတော်အဆင့်ထိတက်လို့မှ မမျှတဘူး တစ်ဖက်စောင်းနင်း အဖြေပေးလာမယ်ဆိုရင် နောက်တစ်ဆင့် ထပ်လုပ်ရမယ်လို့ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောဆိုခဲ့ပါတယ်။ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး (လုံနယ်ဝန်ကြီးဟောင်း) ပြောပြတာကတော့ “ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိဘူးလို့ အကိုတို့ ခုနက ပြောလိုက်တယ်၊ ဒီအဖွဲ့အစည်းကို အယုံအကြည် မရှိပေမယ့် အဲ့ဒီအဖွဲ့အစည်းကို ဖြုတ်ပစ်လိုက်လို့မှမရတာ အဲ့ဒီအဖွဲ့အစည်းကို သမ္မတကိုယ်တိုင်ခန့်အပ်ထားတဲ့ အဖွဲ့အစည်းဖြစ်နေတာကြောင့် လုပ်စရာနည်းလမ်းအတိုင်းကတော့ သွားရမှာပဲ ။ ဒီဥပဒေ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိုယ့်အပေါ်မှာ ဆုံးဖြတ်ထားတဲ့အချက်ကို မကျေနပ်ဘူးဆိုရင် တိုင်ကြားခွင့်ရှိတယ်၊ တိုင်ကြားခွင့်ရှိသလို၊ စစ်ဆေးဖော်ထုတ်ပေးပါလို့ တောင်းဆိုခွင့်ရှိနေတာဖြစ်ပါတယ်၊…

Read More

ထိုင်းဘုရင်စနစ် လိုလားသူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ဖို့ ဆန္ဒပြတောင်းဆို

ဘန်ကောက်၊ နိုဝင်ဘာ-၁၇-၂၀၂၀ မျိုးဆက် (VOM) ထိုင်းဘုရင်စနစ်ကိုထောက်ခံတဲ့ ရှပ်ဝါဆန္ဒပြသူရာပေါင်းများစွာဟာ ဒီကနေ့နိုဝင်ဘာ ၁၇ ရက်က ပါလီမန်ပြင်ပမှာ ဆန္ဒပြခဲ့ကြပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကို တုံ့ပြန်မှုအဖြစ် ယခင်စစ်အစိုးရက ရေးစွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပယ်ချဖို့ လွှတ်တော်အမတ်တွေကို တိုက်တွန်းတောင်းဆိုနေပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှုတ်ထွက်ရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုနေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကြောင့် ဘုရင်စနစ်ထောက်ခံတဲ့ ရှပ်ဝါတွေဟာ ဆန္ဒပြပွဲတွေကို နောက်ပိုင်းမှာလည်း ဆက်လက်ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုဟာ ဘုရင်စနစ်ဖျက်သိမ်းခြင်းကို ဦးတည်သွားလိမ့်မယ်လို့ ဘုရင်စနစ်ထောက်ခံတဲ့ ဆန္ဒပြပွဲခေါင်းဆောင် ဝါရောင်ဒက်ဂစ်တစ်ဂရောင်က ဆန္ဒပြပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။ လွှတ်တော်အမတ်တွေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေအတွက ်အဆိုပြုချက်တွေကို ဒီနေ့ဆွေးနွေးနေကြပြီး အချို့သောအရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင် မဟာဝိဇယလောင်ကွန်းရဲ့ ဘုရင်စနစ်ကို ဖယ်ထုတ်နိုင်ဖွယ်ရှိတဲ့ နည်းလမ်းအချို့ပါဝင်နေပါတယ်။ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေဟာ ဝန်ကြီးချုပ်နဲ့ ဖွဲ့စည်းပုံအပေါ် ကနဦးပစ်မှတ်ထားပြီး ဇူလိုင်လကတည်းက ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့…

Read More

ထောက်ပံ့ငွေလေးသောင်းကိစ္စနဲ့ ရွာသား ၁၀ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲ

နိုဝင်ဘာ ၁၆-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာမှာ နိုင်ငံတော်ထောက်ပံ့ကြေးငွေလေးသောင်းမရတဲ့အတွက် လူစုလူဝေးဖြစ်ပေါ်အောင်ပြုလုပ်ခဲ့သူ ၁၀ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ရခိုင်ရိုးကြီးကျေးရွာမှာ နိုဝင်ဘာ ၁၄ရက် ညပိုင်းက ထောက်ပံ့ကြေးငွေလေးသောင်းမရတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူစုဝေးဖြစ်ပေါ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကိုဝင်းခိုင် အပါအဝင် ၁၀ဦးကို ထန်းတပင်မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး တရားစွဲခဲ့တာဖြစ်တယ်လို့ တရားစွဲခံရတဲ့ ကာယကံရှင်ရဲ့ ဇနီးဖြစ်သူက VOMကိုပြော ပါတယ်။ “ကျွန်မတို့က မေးဖို့သွားတာ ဟိုရောက်တော့ ရဲတွေလည်းရောက်နေတယ်။ ခဏနေတော့ ပြသာနာတွေတက်ရော ကျွန်မယောကျာၤးလည်း ရိုက်နှက်ပြီးခေါ်သွားတယ်”လို့ ကာယကံရှင်ရဲ့ဇနီးဖြစ်သူကပြောပါတယ်။ ရွာသူ/သားတွေက ဆက်လက်ဆူပူနေကြတဲ့အတွက် လုံခြုံရေးတာဝန်ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေက လူစုခွဲဖို့ သတိပေးပြောကြားခဲ့ပေမယ့် လူစုလူဝေး ခေါင်းဆောင်သူ ကိုဝင်းခိုင်က လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ သေနတ်ကို လုယူဆွဲလုတာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လူစုလူဝေး ဦးဆောင်သူ ကိုဝင်းခိုင်ပါ(၁၀)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရခိုင်ရိုးကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးဦးကVOMကိုပြောပါတယ်။…

Read More

ပါးစပ်နဲ့နှာခေါင်းစည်းကောင်းမကောင်းဘယ်လိုစစ်မလဲ

နိုဝင်ဘာ ၁၇-၂၀၂၀ ဈေးကွက်ထဲက နှာခေါင်းစည်း Mask တွေကို အလွယ်မဝယ်သင့်ပါဘူး၊ ဘယ်လိုအရည်အသွေးတွေရှိသင့်တယ်၊ ဘယ်လိုဟာမှ ကာကွယ်မှုအပြည့်ပေးနိုင်တယ်ဆိုတာတွေကို အလွယ်တကူသိဖို့ ဒါလေးခဏဖတ်ပေးပါ။ ပထမဆုံးပြင်ပ သွင်ပြင်လက္ခဏာအနေနဲ့ စစ်နိုင်တာက ပါးစပ်နဲ့နှာခေါင်းစည်းတစ်ခုဟာ အလွှာ ၃ ခုပါရှိရပါမယ်။ ၁ – အပြင်ဘက်အလွှာဟာ ရေမဝင်နိုင်တဲ့၊ ရက်တလုပ်ထားတာမဟုတ်တဲ့ (non-woven) အလွှာဖြစ်တဲ့ လူနဲ့ လူခန္ဓာကိုယ်ကနေထွက်တဲ့ အစက်အမှုန်တွေကို မဝင်ရောက်ဖို့ ကာကွယ်ပေးပါတယ်။ ၂ – အလယ်အလွှာဟာ လေစစ် (Melt Blown)အလွှာဖြစ်တယ်၊ ရောဂါပိုးမွှားဖြတ်သန်း ဝင်/ထွက်တာကို ကာကွယ်ပေးတယ်။ ၃ – အတွင်းဘက်အလွှာက ရေစုပ်ယူနိုင်တဲ့၊ ရက်လုပ်ထားတဲ့ (non-woven) အလွှာဖြစ်လို့ တပ်ဆင်သူရဲ့ ကိုယ်က ထွက်နေတဲ့ အရည်အစက်အမှုန်တွေကို စုပ်ယူပြီးတော့ ပြင်ပကိုမထွက်ဖို့ ကာကွယ်ပေးပါတယ်။ ၄ – နှာခေါင်းနေရာပေါ်မှာရှိတဲ့ သတ္ထုချောင်း(ကလစ်)က ဝတ်ဆင်သူနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ဖို့…

Read More

ဆက်ကြေးကောက်ခံတာတွေကြောင့် ချင်းတွင်းမြစ်ထဲသွားလာနေတဲ့ ရေယာဥ်တဝက်လောက် ရပ်နား

မုံရွာ၊ နိုဝင်ဘာ ၁၇ ၊ ၂၀၂၀ ကိုတိုးကြီး (VOM)’ စစ်ကိုင်းတိုင်း မုံရွာမြို့ သလ္လာဝတီ ကုန်တင်ရေယာဥ်ဆိပ်ကမ်းကနေ ဖောင်းပြင် ဟုမ္မလင်း ခန္တီး နမ့်တော ဆယ်ဇင်း ဘက်ကို ပြေးဆွဲနေတဲ့ ကုန်တင်ရေယာဥ်တွေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ရဲ့ ဆက်ကြေးငွေ တောင်းရမ်းကောက်ခံမှုတွေကြောင့် ခရီးစဥ်ပြေးဆွဲနိုင်ခြင်းမရှိပဲ ရပ်နားထားရတယ်လို့ ကုန်တင်ရေယာဥ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ချင်းတွင်းမြစ်ကြောင်းအတိုင်းသွားမယ်ဆိုရင် ဟုမ္မလင်းနဲ့ ထမံသီအကြား တဇုန်းရွာ ဝန်းကျင်းနေရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့က စက်လှေနဲ့ လိုက်ပြီးတစ်နှစ်စာ ဆက်ကြေးငွေအတွက် ကုန်တင်ရေယာဥ် တစ်စီးကို ၃၅ သိန်း ၃ ခေါက်နဲ့ အကြေပေးဆောင်ရမယ်လို့ ကောက်တယ် ၊ တခေါက်ကို ဆက်ကြေးငွေ ၁၁ သိန်း ၅ သောင်းကျော်လောက် ပေးရတယ်” လို့…

Read More
VOM News

FREE
VIEW