UECကို ကန့်ကွက်ရှုတ်ချသူ ၂ ဦး ထောင်ဒဏ်ပြစ်မှုကနေ အာမခံရရှိ

နိုဝင်ဘာ ၁၇-၂၀၂၀
ကိုလတ် (VOM)

နေပြည်တော်မှာ UEC ကို ကန့်ကွက်ရှုတ်ချသူ ၂ ဦး အလုပ်နဲ့ ထောင်ဒဏ် ၁ လ ကျခံစေဖို့ တရားရုံးကနေ နိုဝင်ဘာလ ၁၂ ရက်နေ့က အမိန့်ချခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့မှာတော့ အာမခံနဲ့ ပြန်လည်လွတ်မြှောက်လာခဲ့တယ်လို့ သိရပါတယ်။

“ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ က သုံးလထက်မပိုဘူး။ ဒဏ်ငွေကလည်း သုံးသောင်းထက်မပိုတဲ့ အမှုဖြစ်တဲ့အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေအရ အာမခံပေးနိုင်တဲ့ ပုဒ်မတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ အယူခံဝင်ရောက်တဲ့ ကာလအတွင်းမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၈ (၁) အရ အယူခံကာလအတွင်း ကျပ်ငါးသိန်းတန် ကိုယ်ပိုင်ခံဝန်ဖြင့် အချုပ်အလွတ်ထုချေခွင့်ပြုခြင်းဖြစ်တယ်”လို့ ဒက္ခိဏခရိုင်တရားသူကြီး ဦးတင့်လွင်ကပြောပါတယ်။

အာမခံပေးလိုက်သူ ၂ ဦး အပါအဝင် လူအင်အား ၅၀ ကျော်လောက်က UEC အယုံအကြည် မရှိ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ ဒို့အရေး / တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်အား လုံးဝအယုံအကြည်မရှိ / မတရားမှုမှန်သမျှဆန့်ကျင်ကျ /တရားမျှသည့ ရွေးကောက်ပွဲ ကော်မရှင် အသစ် ဖွဲ့စည်းပေးရေး ဒို့အရေးဆိုတဲ့ ဗီနိုင်းဆိုင်းဘုတ်တွေ ကိုင်ဆာင်ပြီး နေပြည်တော် UECရုံးရှေ့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က လာရောက် ဆန္ဒထုတ်ဖော်ခဲ့ကျတာဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိ မမှန်မကန်လုပ်မှုတွေရှိခဲ့တယ်ဆိုပြီး ပြည်သူ့ဆန္ဒဖော်ထုတ်ကြဆိုတဲ့ခေါင်းစဉ်နဲ့ လူအင်အား ၃၀ လောက်က နေပြည်တော် ရွှေနံ့သာဘောလုံးကွင်းမှာ တရားဝင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲ့ဒီ ဆန္ဒထုတ်ဖော်ပွဲမှာ လူအင်အား ၂ ထောင်နီးပါးလောက်က လာရောက်ဝန်းရံဆန္ဒပြမှုတွေပြုလုပ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW