ဆက်ကြေးကောက်ခံတာတွေကြောင့် ချင်းတွင်းမြစ်ထဲသွားလာနေတဲ့ ရေယာဥ်တဝက်လောက် ရပ်နား

မုံရွာ၊ နိုဝင်ဘာ ၁၇ ၊ ၂၀၂၀
ကိုတိုးကြီး (VOM)’

စစ်ကိုင်းတိုင်း မုံရွာမြို့ သလ္လာဝတီ ကုန်တင်ရေယာဥ်ဆိပ်ကမ်းကနေ ဖောင်းပြင် ဟုမ္မလင်း ခန္တီး နမ့်တော ဆယ်ဇင်း ဘက်ကို ပြေးဆွဲနေတဲ့ ကုန်တင်ရေယာဥ်တွေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ရဲ့ ဆက်ကြေးငွေ တောင်းရမ်းကောက်ခံမှုတွေကြောင့် ခရီးစဥ်ပြေးဆွဲနိုင်ခြင်းမရှိပဲ ရပ်နားထားရတယ်လို့ ကုန်တင်ရေယာဥ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” ချင်းတွင်းမြစ်ကြောင်းအတိုင်းသွားမယ်ဆိုရင် ဟုမ္မလင်းနဲ့ ထမံသီအကြား တဇုန်းရွာ ဝန်းကျင်းနေရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့က စက်လှေနဲ့ လိုက်ပြီးတစ်နှစ်စာ ဆက်ကြေးငွေအတွက် ကုန်တင်ရေယာဥ် တစ်စီးကို ၃၅ သိန်း ၃ ခေါက်နဲ့ အကြေပေးဆောင်ရမယ်လို့ ကောက်တယ် ၊ တခေါက်ကို ဆက်ကြေးငွေ ၁၁ သိန်း ၅ သောင်းကျော်လောက် ပေးရတယ်” လို့ မုံရွာ – ခန္တီး ပြေးဆွဲနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်တင်ရေယာဥ် လုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ချင်းတွင်းမြစ်ကြောင်းမှတဆင့် ဥရုမြစ်ကြောင်းအတိုင်း ကုန်စည်ပို့ဆောင်နေတဲ့ ရေယာဥ်တွေကို ၂၀၂၁ နှစ်အတွက် ရေယာဥ် တစ်စီးကို အဲ့ဒီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့က ငွေကျပ် သိန်း ၃၀ ကို ကောက်ခံနေတဲ့ အပြင် ဒေသသုံး စက်သုံးဆီ သယ်ဆောင်လာရင်လဲ စက်သုံးဆီ တပေပါကို ငွေကျပ် ၅၀၀ နူန်းနဲ့ ဆက်ကြေးကောက်ခံနေတာဖြစ်ပါတယ်။

” ဆက်ကြေးကောက်ခံနေတယ်လို့တော့ သတင်းကြားရတယ် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အမည်ခံ အဖွဲ့က ကောက်နေတာဖြစ်တယ် ၊ တပ်မတော်ကနယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာရှိတယ် ၊ အဲ့ဒီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရဲ့ အမည်ကို ထုတ်ဖော်ပြောဖို့ ခက်တယ် ၊ အမည်ခံ လုပ်နေတာပါ ” လို့ ခန္တီးခရိုင် စီမံခန့်ခွဲမှုကော်မတီရုံးဝန်ထမ်း တစ်ယောက်က ပြောပါတယ်။

ကိုဗစ် ၁၉ ဒုတိယလှိုင်း စတင်တဲ့ အချိန်ကစလို့ ခရီသည်တင် ရေယာဥ်လိုင်းတွေကို ရေယာဥ်များ စနစ်တကျပြေးဆွဲရေး ကော်မတီက ယာယီရပ်နားမိန့် ထုတ်ပြန်ထားပေမယ့် အညာဒေသ ကုန်စည်ပြတ်လတ်မှု မရှိဖို့ ကျန်းမာဌာနက သတ်မှတ်ထားတဲ့ စည်ကမ်းချက်အညီ ကုန်တင်ရေယာဥ်တွေကို ပြေးဆွဲခွင့်ပြုထားတာဖြစ်ပါတယ်။

” ဆက်ကြေးကောက်တဲ့ အဖွဲ့က ဆက်ကြေးငွေ မရရင် လူကိုတော့ အသက်အန္တရာယ်ပြုတာတော့ မရှိဘူး တာဝန်မကြေရင် မော်တော်ကို ဖောက်ခွဲမယ်ဆိုတဲ့ ခြိမ်းခြောက် စကားပြောတာတော့ရှိတယ် ။ ဆက်ကြေးငွေပေးရလို့ ဆိုပြီး ကုန်တန်ဆာခတွေ မြင့်တက်လာရင် အညာဒေသက စားသုံးသူတွေပဲ နစ်နာကြမှာဖြစ်တယ် ” လို့ ဟုမ္မလင်းမြို့ခံ တစ်ယောက်က ပြောပါတယ်။

ချင်းတွင်းမြစ်ကြောင်းထဲမှာ ပြေးဆွဲနေတဲ့ ကုန်တင်ရေယာဥ်အသင်း ၁၈ သင်းရှိပြီး ရေယာဥ်ပေါင်း ၆၀၀ ကျော်ရှိတဲ့ထဲက ဆက်ကြေးငွေ မပေးနိုင်လို့ ရပ်နားထားရတဲ့ ရေယာဥ်ဟာ ထက်ဝက်ကျော် မက ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ချင်းတွင်းမြစ် #ဆက်ကြေး

Zawgy

ဆက္ေၾကးေကာက္ခံတာေတြေၾကာင့္ ခ်င္းတြင္းျမစ္ထဲသြားလာေနတဲ့ ေရယာဥ္တဝက္ေလာက္ ရပ္နား

မုံ႐ြာ၊ ႏိုဝင္ဘာ ၁၇ ၊ ၂၀၂၀
ကိုတိုးႀကီး (VOM)’

စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕ သလႅာဝတီ ကုန္တင္ေရယာဥ္ဆိပ္ကမ္းကေန ေဖာင္းျပင္ ဟုမၼလင္း ခႏၲီး နမ့္ေတာ ဆယ္ဇင္း ဘက္ကို ေျပးဆြဲေနတဲ့ ကုန္တင္ေရယာဥ္ေတြဟာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ တဖြဲ႕ရဲ႕ ဆက္ေၾကးေငြ ေတာင္းရမ္းေကာက္ခံမႈေတြေၾကာင့္ ခရီးစဥ္ေျပးဆြဲႏိုင္ျခင္းမရွိပဲ ရပ္နားထားရတယ္လို႔ ကုန္တင္ေရယာဥ္ လုပ္ငန္းရွင္ေတြဆီက သိရပါတယ္။

” ခ်င္းတြင္းျမစ္ေၾကာင္းအတိုင္းသြားမယ္ဆိုရင္ ဟုမၼလင္းနဲ႔ ထမံသီအၾကား တဇုန္း႐ြာ ဝန္းက်င္းေနရာမွာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ တဖြဲ႕က စက္ေလွနဲ႔ လိုက္ၿပီး
တစ္ႏွစ္စာ ဆက္ေၾကးေငြအတြက္ ကုန္တင္ေရယာဥ္ တစ္စီးကို ၃၅ သိန္း ၃ ေခါက္နဲ႔ အေၾကေပးေဆာင္ရမယ္လို႔ ေကာက္တယ္ ၊ တေခါက္ကို ဆက္ေၾကးေငြ ၁၁ သိန္း ၅ ေသာင္းေက်ာ္ေလာက္ ေပးရတယ္” လို႔ မုံ႐ြာ – ခႏၲီး ေျပးဆြဲေနတဲ့ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ကုန္တင္ေရယာဥ္ လုပ္ငန္းရွင္ တစ္ေယာက္က ေျပာပါတယ္။

ဒါ့အျပင္ ခ်င္းတြင္းျမစ္ေၾကာင္းမွတဆင့္ ဥ႐ုျမစ္ေၾကာင္းအတိုင္း ကုန္စည္ပို႔ေဆာင္ေနတဲ့ ေရယာဥ္ေတြကို ၂၀၂၁ ႏွစ္အတြက္ ေရယာဥ္ တစ္စီးကို အဲ့ဒီ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ တဖြဲ႕က ေငြက်ပ္ သိန္း ၃၀ ကို ေကာက္ခံေနတဲ့ အျပင္ ေဒသသုံး စက္သုံးဆီ သယ္ေဆာင္လာရင္လဲ စက္သုံးဆီ တေပပါကို ေငြက်ပ္ ၅၀၀ ႏူန္းနဲ႔ ဆက္ေၾကးေကာက္ခံေနတာျဖစ္ပါတယ္။

” ဆက္ေၾကးေကာက္ခံေနတယ္လို႔ေတာ့ သတင္းၾကားရတယ္ ၊ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ အမည္ခံ အဖြဲ႕က ေကာက္ေနတာျဖစ္တယ္ ၊ တပ္မေတာ္က
နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ေနတာရွိတယ္ ၊ အဲ့ဒီ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ရဲ႕ အမည္ကို ထုတ္ေဖာ္ေျပာဖို႔ ခက္တယ္ ၊ အမည္ခံ လုပ္ေနတာပါ ” လို႔ ခႏၲီးခ႐ိုင္ စီမံခန႔္ခြဲမႈေကာ္မတီ႐ုံးဝန္ထမ္း တစ္ေယာက္က ေျပာပါတယ္။

ကိုဗစ္ ၁၉ ဒုတိယလႈိင္း စတင္တဲ့ အခ်ိန္ကစလို႔ ခရီသည္တင္ ေရယာဥ္လိုင္းေတြကို ေရယာဥ္မ်ား စနစ္တက်ေျပးဆြဲေရး ေကာ္မတီက ယာယီရပ္နားမိန႔္ ထုတ္ျပန္ထားေပမယ့္ အညာေဒသ ကုန္စည္ျပတ္လတ္မႈ မရွိဖို႔ က်န္းမာဌာနက သတ္မွတ္ထားတဲ့ စည္ကမ္းခ်က္အညီ ကုန္တင္ေရယာဥ္ေတြကို ေျပးဆြဲခြင့္ျပဳထားတာျဖစ္ပါတယ္။

” ဆက္ေၾကးေကာက္တဲ့ အဖြဲ႕က ဆက္ေၾကးေငြ မရရင္ လူကိုေတာ့ အသက္အႏၲရာယ္ျပဳတာေတာ့ မရွိဘူး တာဝန္မေၾကရင္ ေမာ္ေတာ္ကို ေဖာက္ခြဲမယ္ဆိုတဲ့ ၿခိမ္းေျခာက္ စကားေျပာတာေတာ့ရွိတယ္ ။ ဆက္ေၾကးေငြေပးရလို႔ ဆိုၿပီး ကုန္တန္ဆာခေတြ ျမင့္တက္လာရင္ အညာေဒသက စားသုံးသူေတြပဲ နစ္နာၾကမွာျဖစ္တယ္ ” လို႔ ဟုမၼလင္းၿမိဳ႕ခံ တစ္ေယာက္က ေျပာပါတယ္။

ခ်င္းတြင္းျမစ္ေၾကာင္းထဲမွာ ေျပးဆြဲေနတဲ့ ကုန္တင္ေရယာဥ္အသင္း ၁၈ သင္းရွိၿပီး ေရယာဥ္ေပါင္း ၆၀၀ ေက်ာ္ရွိတဲ့ထဲက ဆက္ေၾကးေငြ မေပးႏိုင္လို႔ ရပ္နားထားရတဲ့ ေရယာဥ္ဟာ ထက္ဝက္ေက်ာ္ မက ရွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ခ်င္းတြင္းျမစ္ #ဆက္ေၾကး

 

Related posts

Leave a Comment

VOM News

FREE
VIEW