အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) က တောင်ကြီးမြို့ ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့ ဆန္ဒဖော်ထုတ်

တောင်ကြီး၊ နိုဝင်ဘာ- ၁၇- ၂၀၂၀
နေနန်းနွယ်(VOM)

အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP) ဟာ နိုဝင်ဘာလ ၁၇ ရက်နေ့မနက်ပိုင်းက ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ကလည်း ဒါကို ပါတီစွဲပုဂ္ဂိုလ်စွဲနဲ့သွားမှာမဟုတ်ပဲ ပြည်သူတစ်ရပ်လုံးအနေနဲ့သာသွားမှာဖြစ်တယ်။ ကျွန်တော်တို့ဆီမှာလည်း သက်သေအထောက်ထားတွေရှိသလို တစ်နိုင်ငံလုံးအတိုင်းအတာမှာလည်း သက်သေအထောက်အထားတွေရှိနေတယ်။ တရားရုံးတွေမှာရော၊ သတင်းမီဒီယာတွေက‌ရော ကျယ်ကျယ်ပြန့်ပြန့်‌ပြောနေကြတဲ့အပေါ်မှာ ကော်မရှင်ဟာ ယုံကြည်မှု လုံးဝကင်းမဲ့လာစေတဲ့အထိ ဖြစ်လာခဲ့တယ်။ အဲ့တော့ ကော်မစ်ရှင်အနေနဲ့ အစိုးရတစ်ရပ်ကိုဖွဲ့ပြီး တင်ပြလိုက်မယ်ဆိုရင် ဒါဟာမှားယွင်းတဲ့အစိုးရတစ်ရပ်သာဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဒါ ကျွန်တော်တို့ဘက်ကလည်း ကော်မစ်ရှင်ကတင်လိုက်တဲ့ အစိုးရတစ်ရပ်ကို ကန့်ကွက်ဆန့်ကျင်တာမျိုးပါ။ အဓိက ကတော့ ရွေးကောက်ပွဲကော်မစ်ရှင်ကမဟုတ်ဘဲ UEC ကိုယ်စား သီးသန့်တင်မြှောက်တဲ့အစိုးရကိုပဲ လက်ခံချင်ပါတယ်။ ဒ့ါကြောင့်လည်းဆန္ဒပြဖို့စီစဉ်ဖြစ်တာပါ” လို့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)မှ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးဝင်းဗိုလ်က ပြောပါတယ်။

အောက်တိုဘာ ၁၇ နေ့တွင် အေးသာယာကနေ စတင်ထွက်ခွာလာပြီး တောင်ကြီးမြို့ပြည်နယ် ကော်မရှင်ရုံးရှေ့မှာ လူအင်အား ၂၉ ယောက်ဖြင့် ဆိုင်းဘုတ်များကိုင်ကာ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒဖော်ထုတ်နေတာဖြစ်ပါတယ်။

“ကျွန်တော်တို့ပါတီကလေ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပေမယ့် လူသိပ်မသိပါဘူး။ ၁၀၀ မှာ ၂ ယောက်လောက်ပဲ သိတာရှိတယ်။ ကိုယ်စားလှယ်လောင်းတစ်ယောက် တက်ဖို့တောင် မလွယ်တဲ့အနေထားမျိုးပါ။ တကယ့်ကို အနိုင်ရနိုင်တဲ့ ရေစကျိုမြို့လိုနေရာမှာ ပြိုင်ခဲ့ပေမယ့် logo အဖျောက်ခံရတာ‌‌ကြောင့် ခုတရားရုံးမှ ာရင်ဆိုင်နေရတဲ့အထိတောင် ဖြစ်ခဲ့ရတယ်။ ဒါဟာရည်ရွယ်ချက်ရှိရှိကို UEC က လုပ်တယ်လို့ပဲယူဆတယ်။ နောက်ပြီး ၁၀ မဲမှာ ၁ မဲတောင်ရဖို့မလွယ်တဲ့နေရာမှာကျ logo မပျောက်ဘဲ ဦးစိုးမောင်ပြိုင်တဲ့ ရေစကြိုနယ်မှာကျတော့ logo ‌ပျောက်သွားတယ်ဆိုတာ တမင်သက်သက် ရည်ရွယ်ချက်နဲ့ လုပ်ကြံတယ်လို့ ပြောလို့ရတယ်။ နောက်တစ်ခါ အသက်မပြည့်ဘဲနဲ့ မဲထည့်သွားတာတွေရော ကြိုတင်မဲမှာဆိုလည် းအသက် ၂၀၊ ၂၅၊ ၃၀ လောက်တွေလည်း လာထည့်ကြတာရော၊ နောက်ပြီး ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော် နှစ်ခုရှိရမယ့်အစား ပြည်သူ့လွှတ်တော်ဘဲ နှစ်ခါဖြစ်နေတာမျိုး အဲ့လိုအမှားတွေပေါ့လေ။ အဲ့တော့ကမြှောက်လိုက်တဲ့ကလေးကလားသမ္မတကို လက်မခံနိုင်ခြင်းပါပဲ။ ဒါကြောင့် လူထုတစ်ရပ်လုံးက တင်မြှောက်လိုက်တဲ့ ဘယ်ပါတီက ဘယ်သူပဲတက်တက် လာမယ့် ၂၀၂၅ မှ ာခုလိုပုံစံမျိုးနဲ့ လက်ခံဖြစ်လိုက်မယ်ဆိုရင် မသမာမှု‌‌တွေနဲ့ ခုချိန်တည်းက ထည့်ပြီးသားလို့ဆိုလိုချင်တာပါ။ အဲ့တော့တရားဥပဒေစိုးမိုးရေးလည်း ပျောက်သွားမှာဖြစ်လို့ မတရားမှုကို လက်မခံနိုင်တာပါ။ အဲ့တော့မတရားမှုဖြစ်ထားတဲ့ UEC ကိုလည်းလုံးဝလက်မခံပါဘူး။ သူတင်တဲ့အစိုးရကိုလည်း ကန့်ကွက်ပါတယ်။” လို့ ဦးဝင်းဗိုလ်က ဆန္ဒဖော်ထုတ်ရန် စီစဉ်ရတဲ့ အကြောင်းရင်းကို ပြောပြခဲ့ပါတယ်။

#VOM #voiceofmyanmar #DNP #UEC #Election

zawgyi

အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ (DNP) က ေတာင္ႀကီးၿမိဳ႕ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးေရွ႕ ဆႏၵေဖာ္ထုတ္

ေတာင္ႀကီး၊ ႏိုဝင္ဘာ- ၁၇- ၂၀၂၀
ေနနန္းႏြယ္(VOM)

အမ်ိဳးသားႏိုင္ငံေရး ဒီမိုကရက္တစ္ပါတီ (DNP) ဟာ ႏိုဝင္ဘာလ ၁၇ ရက္ေန႔မနက္ပိုင္းက ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးေရွ႕မွာ ဆႏၵေဖာ္ထုတ္ခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ကလည္း ဒါကို ပါတီစြဲပုဂၢိဳလ္စြဲနဲ႔သြားမွာမဟုတ္ပဲ ျပည္သူတစ္ရပ္လုံးအေနနဲ႔သာသြားမွာျဖစ္တယ္။ ကြၽန္ေတာ္တို႔ဆီမွာလည္း သက္ေသအေထာက္ထားေတြရွိသလို တစ္ႏိုင္ငံလုံးအတိုင္းအတာမွာလည္း သက္ေသအေထာက္အထားေတြရွိေနတယ္။ တရား႐ုံးေတြမွာေရာ၊ သတင္းမီဒီယာေတြက‌ေရာ က်ယ္က်ယ္ျပန႔္ျပန႔္‌ေျပာေနၾကတဲ့အေပၚမွာ ေကာ္မရွင္ဟာ ယုံၾကည္မႈ လုံးဝကင္းမဲ့လာေစတဲ့အထိ ျဖစ္လာခဲ့တယ္။ အဲ့ေတာ့ ေကာ္မစ္ရွင္အေနနဲ႔ အစိုးရတစ္ရပ္ကိုဖြဲ႕ၿပီး တင္ျပလိုက္မယ္ဆိုရင္ ဒါဟာမွားယြင္းတဲ့အစိုးရတစ္ရပ္သာျဖစ္လိမ့္မယ္လို႔ ထင္တယ္။ ဒါ ကြၽန္ေတာ္တို႔ဘက္ကလည္း ေကာ္မစ္ရွင္ကတင္လိုက္တဲ့ အစိုးရတစ္ရပ္ကို ကန႔္ကြက္ဆန႔္က်င္တာမ်ိဳးပါ။ အဓိက ကေတာ့ ေ႐ြးေကာက္ပြဲေကာ္မစ္ရွင္ကမဟုတ္ဘဲ UEC ကိုယ္စား သီးသန႔္တင္ေျမႇာက္တဲ့အစိုးရကိုပဲ လက္ခံခ်င္ပါတယ္။ ဒ့ါေၾကာင့္လည္းဆႏၵျပဖို႔စီစဥ္ျဖစ္တာပါ” လို႔ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ (DNP)မွ ဆႏၵထုတ္ေဖာ္ပြဲ ဦးေဆာင္သူ ဦးဝင္းဗိုလ္က ေျပာပါတယ္။

ေအာက္တိုဘာ ၁၇ ေန႔တြင္ ေအးသာယာကေန စတင္ထြက္ခြာလာၿပီး ေတာင္ႀကီးၿမိဳ႕ျပည္နယ္ ေကာ္မရွင္႐ုံးေရွ႕မွာ လူအင္အား ၂၉ ေယာက္ျဖင့္ ဆိုင္းဘုတ္မ်ားကိုင္ကာ ေႂကြးေၾကာ္သံေတြနဲ႔အတူ ဆႏၵေဖာ္ထုတ္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ပါတီကေလ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ခဲ့ေပမယ့္ လူသိပ္မသိပါဘူး။ ၁၀၀ မွာ ၂ ေယာက္ေလာက္ပဲ သိတာရွိတယ္။ ကိုယ္စားလွယ္ေလာင္းတစ္ေယာက္ တက္ဖို႔ေတာင္ မလြယ္တဲ့အေနထားမ်ိဳးပါ။ တကယ့္ကို အႏိုင္ရႏိုင္တဲ့ ေရစက်ိဳၿမိဳ႕လိုေနရာမွာ ၿပိဳင္ခဲ့ေပမယ့္ logo အေဖ်ာက္ခံရတာ‌‌ေၾကာင့္ ခုတရား႐ုံးမွ ာရင္ဆိုင္ေနရတဲ့အထိေတာင္ ျဖစ္ခဲ့ရတယ္။ ဒါဟာရည္႐ြယ္ခ်က္ရွိရွိကို UEC က လုပ္တယ္လို႔ပဲယူဆတယ္။ ေနာက္ၿပီး ၁၀ မဲမွာ ၁ မဲေတာင္ရဖို႔မလြယ္တဲ့ေနရာမွာက် logo မေပ်ာက္ဘဲ ဦးစိုးေမာင္ၿပိဳင္တဲ့ ေရစႀကိဳနယ္မွာက်ေတာ့ logo ‌ေပ်ာက္သြားတယ္ဆိုတာ တမင္သက္သက္ ရည္႐ြယ္ခ်က္နဲ႔ လုပ္ႀကံတယ္လို႔ ေျပာလို႔ရတယ္။ ေနာက္တစ္ခါ အသက္မျပည့္ဘဲနဲ႔ မဲထည့္သြားတာေတြေရာ ႀကိဳတင္မဲမွာဆိုလည္ းအသက္ ၂၀၊ ၂၅၊ ၃၀ ေလာက္ေတြလည္း လာထည့္ၾကတာေရာ၊ ေနာက္ၿပီး ျပည္နယ္လႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ ႏွစ္ခုရွိရမယ့္အစား ျပည္သူ႔လႊတ္ေတာ္ဘဲ ႏွစ္ခါျဖစ္ေနတာမ်ိဳး အဲ့လိုအမွားေတြေပါ့ေလ။ အဲ့ေတာ့ကေျမႇာက္လိုက္တဲ့ကေလးကလားသမၼတကို လက္မခံႏိုင္ျခင္းပါပဲ။ ဒါေၾကာင့္ လူထုတစ္ရပ္လုံးက တင္ေျမႇာက္လိုက္တဲ့ ဘယ္ပါတီက ဘယ္သူပဲတက္တက္ လာမယ့္ ၂၀၂၅ မွ ာခုလိုပုံစံမ်ိဳးနဲ႔ လက္ခံျဖစ္လိုက္မယ္ဆိုရင္ မသမာမႈ‌‌ေတြနဲ႔ ခုခ်ိန္တည္းက ထည့္ၿပီးသားလို႔ဆိုလိုခ်င္တာပါ။ အဲ့ေတာ့တရားဥပေဒစိုးမိုးေရးလည္း ေပ်ာက္သြားမွာျဖစ္လို႔ မတရားမႈကို လက္မခံႏိုင္တာပါ။ အဲ့ေတာ့မတရားမႈျဖစ္ထားတဲ့ UEC ကိုလည္းလုံးဝလက္မခံပါဘူး။ သူတင္တဲ့အစိုးရကိုလည္း ကန႔္ကြက္ပါတယ္။” လို႔ ဦးဝင္းဗိုလ္က ဆႏၵေဖာ္ထုတ္ရန္ စီစဥ္ရတဲ့ အေၾကာင္းရင္းကို ေျပာျပခဲ့ပါတယ္။

#VOM #voiceofmyanmar #DNP #UEC #Election

 

Related posts

Leave a Comment

VOM News

FREE
VIEW