ကျန်းမာရေးထောက်ခံစာအပြင် ခိုင်လုံတဲ့အကြောင်းပြချက်ရှိမှသာ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးကို ဝင်ခွင့်ရမယ်

နိုဝင်ဘာ ၂၃-၂၀၂၀
သိင်္ဂီထွန်း(VOM)

ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိပြီးနောက် ၄ ရက်အကြာ ယာယီပိတ်ထားခဲ့တဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးကို ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ထားပြီး ရုံးလုပ်ငန်းတွေဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ် ။

ပဲခူးတိုင်းအစိုးရရုံးကို လာရောက်မယ့်သူတွေဟာ အုပ်ချုပ်ရေး မှူး ထောက်ခံချက် ၊ကျန်းမာရေးထောက်ခံချက်တွေ လိုအပ်တဲ့အပြင် ခိုင်လုံတဲ့အကြောင်းပြချက်ရှိဖို့လည်း လိုအပ်တယ်လို့ တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူကပြောပါတယ်။

” လက်ရှိအခန်းတွေအားလုံးကို ပိုးသတ်ထားတာက ၇၂ နာရီလည်းကြာသွားပြီဖြစ်လို့ လုပ်ငန်းဆက်လုပ်နေတယ်၊ အစိုးရအဖွဲ့ရုံးဆိုတော့ လုံးလုံးပိတ်ထားလို့မရဘူးပေါ့။ ရုံးတွေပိတ်ထားရင်တောင် အွန်လိုင်းကနေတောက်လျှောက်လုပ်နေရတာရှိတယ်။ ကိုဗစ်ဆိုင်ရာ ဆောင်ရွက်မှုက နဂိုထဲက ဝင်တဲ့သူအကုန်လုံးကို အဝင်ဝမှာ လက်ဆေးစဉ်ထားထားတယ်။ခိုင်လုံတဲ့ အကြောင်းပြချက်ရှိရမယ်။ ကိုယ်ရေးအချက်အလက်တောင်းတယ်။ ဆက်သွယ်စရာနေရာလိပ်စာ၊ လိုအပ်တဲ့အချက်အလက်ပေါ့ ရယူတယ်။ အခုပိုးတွေ့ထားတဲ့သူကလည်း ရုံးကကူးတာလည်းမဟုတ်ဘူး။ ရပ်ကွက်ထဲက ကူးတာပေါ့။ သူရောက်ရောက်ချင်းမနက်မှာပဲ ချက်ခြင်းသိတာပေါ့။ သိသိချင်း ပို့နိုင်ခဲ့လို့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်တာပေါ့”လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ရဲ့ သယံဇာတ၊သစ်တော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းကပြောပါတယ်။

ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးရှိ စားပေးစာယူဌာနမှ ရုံးစာရေးမတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာကြောင့် တိုင်းအစိုးရအဖွဲ့ရုံးကိုပြီးခဲတဲ့နိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းက ရပ်နားထားခဲ့ကာ ဒီကနေ့နိုဝင်ဘာ ၂၃ရက်မှာ ပြန်လည်ဖွင့်ထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အစိုးရအဖွဲ့က ပိုးတွေ့လူနာ လုပ်ကိုင်ခဲ့တဲ့ ရုံးဌာနစိတ်က ထိတွေ့မိသူတွေကို ပထမအကြိမ်စစ်ဆေးရာမှာတော့ အားလုံး Negativeအဖြေ ထွက်ရှိထားပြီး ဒုတိယအကြိမ်စစ်ဆေးမှုကိုလည်းပြုလုပ်သွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ ပဲခူးတိုင်းရဲ့ ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနူန်းက မြန်မာနိုင်ငံရဲ့ ဒုတိယအများဆုံး တိုင်းဒေသကြီးတစ်ခုအဖြစ်ရှိနေပါတယ်။

ဒါကြောင့် နေအိမ်ပြင်ပကို ထွက်ခွာတိုင်း မက်စ်ကို မဖြစ်မနေ တပ်ဆင်ဖို့ ၊ လက်ကိုခဏခဏဆေးဖို့၊ လူစုလူဝေးကိုရှောင်ဖို့ ၊ မလိုအပ်ဘဲ အပြင်ထွက်တာမပြုလုပ်ဖို့ အပါအဝင် ၊ ကျန်းမာရေးဌာနကထုတ်ပြန်ချက်တွေကို လိုက်နာဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #ပဲခူး #တိုင်းအစိုးရရုံး

Related posts

Leave a Comment

VOM News

FREE
VIEW