ကျောက်မဲက NLD အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လောင်းသတ်ခံရတဲ့ကိစ္စ သတင်းမှားတွေဖြန့်နေ

မန္တလေး-နိုဝင်ဘာ ၂၄-၂၀၂၀

ဆွေလင်းထွန်း+နေလင်း(VOM)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ကျောက်မဲမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁ )ရဲ့ ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော်ကို ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ထောက်လှမ်းရေးဟောင်းတယောက်နဲ့ပေါင်းပြီး သတ်ဖို့ ငွေပေးစေခိုင်းခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။

အဲဒီသတင်းမှားကို Sai Lay ဆိုတဲ့ အကောင့်ကနေ တင်ခဲ့တာဖြစ်ပြီး react ပြုလုပ်သူ ၂၀၀၀ ကျော်၊ မှတ်ချက်ရေးသားသူ၄၁၈ ဦးနဲ့ ပြန်လည်မျှဝေသူ ၄၄၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

အဆိုပါ Sai Lay အကောင့်ဟာ ပြည်ခိုင်ဖြိုးပါတီကနေ ထွက်ထားတဲ့သူလို့ သူ့ကိုယ်သူဆိုပြီး အခြား Sai Lay အကောင့်ကိုအသုံးပြုသူတဦးကတော့ ၎င်းရဲ့နာမည်နဲ့ ရုပ်ပုံတွေကို အသုံးပြုထားတဲ့ အကောင့်တုတခုသာ ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားတာကို တွေ့ရပါတယ်။

ယခုသတင်းအမှားမှာဆိုရင် ဦးသိန်းထွန်းဦးက ခေတ်ဘုန်းခ ဆိုတဲ့ အကောင့်ပိုင်ရှင်ကနေတဆင့် မန္တလေးမြို့နေထောက်လှမ်းရေးဟောင်း ဦးရဲမိုးကို ငွေသိန်း ၁၂၅၀ ပေးခိုင်းခဲ့ပြီး ဦးရဲမိုးရဲ့ တပည့်က NLD အမတ်လောင်းကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ယခု သတင်းမှားနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦသိန်းထွန်းဦးကတော့ ခုလိုတုံ့ပြန်ပါတယ်။

“ ဒါက ခုလို နိုင်ငံရေးရှုတ်ထွေးနေချိန်မှာ ကျနော်တို့ပါတီကို အောက်လုံးထိုးတိုက်ခိုက်မှုဖြစ်ပါတယ်၊ ဒီသတင်းဟာ လုံးဝသတင်းအမှားဖြစ်ပါတယ်။ ကိုရဲမိုးကိုလည်းကျနော်မသိပါဘူး ခေတ်ဖုန်းခန့်ဆိုတာလည်း ကျနော်မသိဘူး လိုင်းပေါ်မှာ နာမည်ကြားဘူးပါတယ် ။ ဖေ့ဘုတ်တွေရဲ့နာမည်ကို ကြားဘူးတာပဲရှိပါတယ်။ ကျနော့်အနေနဲ့ကတော့ ဒီအကောင့်ပိုင်ရှင်ဟာ ဘယ်သူလဲဆိုတာသေသေချာချာစုံစမ်းဖေါ်ထုတ်ပြီးရင် လိုအပ်တဲ့ ဥပဒေကြောင်းအရ ဆက်ဆောင်ရွက်သွားမှာပါ။ ကျောက်မဲဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်း သတင်းဌာနတွေမေးမြန်းမှုမှာ ပါတီစုံဒီမိုကရေစီစနစ်မှာ ဒီလိုကိစ္စမျိုးမဖြစ်သင့်ဘူးလို့ ဒီအတွက်များစွာစိတ်မကောင်းဖြစ်မိပါတယ် ဆိုတာ ကျနော် တရားဝင်ဖြေကြားထားပြီးသားဖြစ်ပါတယ်” လို့ VOM ကိုဖြေပါတယ်။

သတင်းမှားမှာပါတဲ့ ခေတ်ဘုန်းခဆိုတဲ့ အကောင့်ပိုင်ရှင်ကလည်း  “Ko Sai. Acc. ပိုင်ရှင် ငပြိန်းကောင်သိစေရန် -နိုင်လွတ်လုံပုဒ်မနဲ့ ထောင်ထဲသွားမလား?၆၆-ဃ နဲ့ ထောင်ထဲသွားချင်လား ? ခေတ်ဘုန်းခကို တိုက်ခိုက်လိုပါက အခြားနည်းလမ်းလေးသုံးကြည့်ပါလားကွာ – ဒါတွေက ဘောင်မဝင် တန်းမဝင်ဘူးကွ မင်းတို့မှာလည်း ပညာမဲ့လွန်းလှပါလား ငပြိန်းလို့ပြောရင်လည်း မာနကကြီး သေးတယ် လခွမ်း စောက်ပြိန်းကောင်” ဆိုပြီး ၎င်းရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ တုံ့ပြန်ရေးသားထားတာကို တွေ့ရပါတယ်။

NLD အမတ်သေဆုံးမှုမှာ ၎င်းယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်က ဒုတိယမဲအများဆုံးရရှိခဲ့တဲ့ SNLD ပါတီရဲ့ ပယောဂမကင်းကြောင်းစွပ်စွဲရေးသားမှုတွေလည်း ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်မှာ ပျံ့နှံနေတာ ဖြစ်ပါတယ်။

NLD အနိုင်ရအမတ် ဦးထိုက်ဇော် လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး နေပြည်တော်က ကြီးကြပ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ကာ ယခုအချိန်ထိ တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

#voiceofmyanmar #VOM #သတင်းမှာကိုဆန်းစစ်ဖေါ်ထုတ်ခြင်း

Zawgyi

ေက်ာက္မဲက NLD အႏိုင္ရလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းသတ္ခံရတဲ့ကိစၥ သတင္းမွားေတြျဖန႔္ေန

မႏၲေလး-ႏိုဝင္ဘာ ၂၄-၂၀၂၀
ေဆြလင္းထြန္း+ေနလင္း(VOM)

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီက ေက်ာက္မဲၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္အမွတ္ (၁ )ရဲ႕ ကိုယ္စားလွယ္ေလာင္း ဦးထိုက္ေဇာ္ကို ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေထာက္လွမ္းေရးေဟာင္းတေယာက္နဲ႔ေပါင္းၿပီး သတ္ဖို႔ ေငြေပးေစခိုင္းခဲ့တယ္ဆိုတဲ့ သတင္းမွားတခု လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔ေနပါတယ္။

အဲဒီသတင္းမွားကို Sai Lay ဆိုတဲ့ အေကာင့္ကေန တင္ခဲ့တာျဖစ္ၿပီး react ျပဳလုပ္သူ ၂၀၀၀ ေက်ာ္၊ မွတ္ခ်က္ေရးသားသူ ၄၁၈ ဦးနဲ႔ ျပန္လည္မွ်ေဝသူ ၄၄၀၀ ေက်ာ္ရွိေနၿပီ ျဖစ္ပါတယ္။

အဆိုပါ Sai Lay အေကာင့္ဟာ ျပည္ခိုင္ၿဖိဳးပါတီကေန ထြက္ထားတဲ့သူလို႔ သူ႔ကိုယ္သူဆိုၿပီး အျခား Sai Lay အေကာင့္ကို အသုံးျပဳသူတဦးကေတာ့ ၎ရဲ႕နာမည္နဲ႔ ႐ုပ္ပုံေတြကို အသုံးျပဳထားတဲ့ အေကာင့္တုတခုသာ ျဖစ္ေၾကာင္း ျပန္လည္ေျဖရွင္းထားတာကို ေတြ႕ရပါတယ္။

ယခုသတင္းအမွားမွာဆိုရင္ ဦးသိန္းထြန္းဦးက ေခတ္ဘုန္းခ ဆိုတဲ့ အေကာင့္ပိုင္ရွင္ကေနတဆင့္ မႏၲေလးၿမိဳ႕ေန ေထာက္လွမ္းေရးေဟာင္း ဦးရဲမိုးကို ေငြသိန္း ၁၂၅၀ ေပးခိုင္းခဲ့ၿပီး ဦးရဲမိုးရဲ႕ တပည့္က NLD အမတ္ေလာင္းကို သတ္ျဖတ္ခဲ့တာျဖစ္တယ္လို႔ ေရးသားထားပါတယ္။

ယခု သတင္းမွားနဲ႔ ပတ္သက္ၿပီး ျပည္ခိုင္ၿဖိဳးပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦသိန္းထြန္းဦးကေတာ့ ခုလိုတုံ႔ျပန္ပါတယ္။

“ ဒါက ခုလို ႏိုင္ငံေရးရႈတ္ေထြးေနခ်ိန္မွာ က်ေနာ္တို႔ပါတီကို ေအာက္လုံးထိုးတိုက္ခိုက္မႈျဖစ္ပါတယ္၊ ဒီသတင္းဟာ လုံးဝသတင္းအမွားျဖစ္ပါတယ္။ ကိုရဲမိုးကိုလည္းက်ေနာ္မသိပါဘူး ေခတ္ဖုန္းခန႔္ဆိုတာလည္း က်ေနာ္မသိဘူး လိုင္းေပၚမွာ နာမည္ၾကားဘူးပါတယ္ ။ ေဖ့ဘုတ္ေတြရဲ႕နာမည္ကို ၾကားဘူးတာပဲရွိပါတယ္။ က်ေနာ့္အေနနဲ႔ကေတာ့ ဒီအေကာင့္ပိုင္ရွင္ဟာ ဘယ္သူလဲဆိုတာ ေသေသခ်ာခ်ာစုံစမ္းေဖၚထုတ္ၿပီးရင္ လိုအပ္တဲ့ ဥပေဒေၾကာင္းအရ ဆက္ေဆာင္႐ြက္သြားမွာပါ။ ေက်ာက္မဲျဖစ္စဥ္နဲ႔ပတ္သက္ၿပီးေတာ့လည္း သတင္းဌာနေတြေမးျမန္းမႈမွာ ပါတီစုံဒီမိုကေရစီစနစ္မွာ ဒီလိုကိစၥမ်ိဳးမျဖစ္သင့္ဘူးလို႔ ဒီအတြက္မ်ားစြာစိတ္မေကာင္းျဖစ္မိပါတယ္ ဆိုတာ က်ေနာ္ တရားဝင္ေျဖၾကားထားၿပီးသားျဖစ္ပါတယ္” လို႔ VOM ကိုေျဖပါတယ္။

သတင္းမွားမွာပါတဲ့ ေခတ္ဘုန္းခဆိုတဲ့ အေကာင့္ပိုင္ရွင္ကလည္း “Ko Sai. Acc. ပိုင္ရွင္ ငၿပိန္းေကာင္သိေစရန္ -ႏိုင္လြတ္လုံ ပုဒ္မနဲ႔ ေထာင္ထဲသြားမလား?
၆၆-ဃ နဲ႔ ေထာင္ထဲသြားခ်င္လား ? ေခတ္ဘုန္းခကို တိုက္
ခိုက္လိုပါက အျခားနည္းလမ္းေလးသုံးၾကည့္ပါလားကြာ – ဒါေတြက ေဘာင္မဝင္ တန္းမဝင္ဘူးကြ မင္းတို႔မွာလည္း ပညာမဲ့ လြန္းလွပါလား ငၿပိန္းလို႔ေျပာရင္လည္း မာနကႀကီး ေသးတယ္ လခြမ္း ေစာက္ၿပိန္းေကာင္” ဆိုၿပီး ၎ရဲ႕ ေဖ့ဘုတ္စာမ်က္ႏွာကေန တုံ႔ျပန္ေရးသားထားတာကို ေတြ႕ရပါတယ္။

NLD အမတ္ေသဆုံးမႈမွာ ၎ယွဥ္ၿပိဳင္တဲ့ မဲဆႏၵနယ္က ဒုတိယမဲအမ်ားဆုံးရရွိခဲ့တဲ့ SNLD ပါတီရဲ႕ ပေယာဂမကင္းေၾကာင္း စြပ္စြဲေရးသားမႈေတြလည္း ယခုရက္ပိုင္းအတြင္း လူမႈကြန္ယက္မွာ ပ်ံ႕ႏွံေနတာ ျဖစ္ပါတယ္။

NLD အႏိုင္ရအမတ္ ဦးထိုက္ေဇာ္ လုပ္ႀကံခံရတာနဲ႔ ပတ္သက္ၿပီး ေနျပည္ေတာ္က ႀကီးၾကပ္ၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနဆဲျဖစ္ကာ ယခုအခ်ိန္ထိ တရားခံကို ေဖာ္ထုတ္ႏိုင္ျခင္း မရွိေသးပါဘူး။

#voiceofmyanmar #VOM #သတင္းမွာကိုဆန္းစစ္ေဖၚထုတ္ျခင္း

 

Related posts

Leave a Comment

VOM News

FREE
VIEW