မဟာမုနိဘုရားကြီး ဘက်စုံဖွံ့ဖြိုးရေးအတွက် ကျပ်သိန်း ၅သောင်းကျော်နဲ့ အထူးပြုပြင်ထားပြီးပြီမို့ ပြန်ဖွင့်ခွင့်ရရင် ဖူးမျှော်ခံရန်အသင့်ဖြစ်နေပြီ
Read More
တောင်ကြီးမြို့မှာ ခရီးသွားရာဇဝင်အမှန်မပြောတဲ့လူတစ်ဦး ကွာရန်တင်းစင်တာကနေ ထွက်ပြေး
နိုဝင်ဘာ ၂၄-၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့ရှိ အထက (၅) Quarantine centerမှာ ခရီးသွားရာဇဝင်အမှန်မပြောတဲ့ လူတစ်ယောက် ထွက်ပြေးပျောက်ဆုံးနေတယ်လို့သိရပါတယ်။ “သူက ၂၂ ရက်နေ့ ည ၁ နာရီလောက်က စပျောက်သွားတာပေါ့။ သူ့ အခန်းဖော်ကောင်လေးက ည အိမ်သာထသွားတဲ့အချိန်မှာ သတိထားမိတာပါ၊ အိပ်ယာထဲမှာ မတွေ့တော့ အစက အိမ်သာသွားတယ်ပဲထင်နေတာ၊ မနက်မိုးလင်းတဲ့ထိ အခန်းထဲပြန်မလာမှ ထွက်ပြေးသွားပြီဆိုပြီး အန်တီတို့ကို လာပြောပြတာ၊ သူက ဘယ်ကလာလဲတော့ အတိအကျမပြောနိုင်ဘူး သတင်းတွေက မျိုးစုံထွက်နေတာပဲ၊ ရန်ကုန်ကလို့လည်း ပြောတယ် နေပြည်တော်ကလို့လည်းကြားတယ်၊ နောက်ထပ်ကြားတာက သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီမှာ ကွာရန်တင်း ဝင်ချင်တယ်လာပြောပြီး ဝင်နေတယ်လို့လည်း ကြားတယ်။ သူ့ခြေထောက်က ကျည်မှန်ပြီး ကျည်ဆိပ်တက်ပြီး ဖြတ်ထားရတာ၊ ခေါင်းထဲလည်း ကျည်မှန်ထားလို့ စိတ်သိပ်မမှန်ဘူးလို့တော့ သူ့အိမ်က ပြောတာပဲ။ သူက ၁၄ ရက်နေ့ကတည်းက စ…
Read More
ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးဆိုပြီး ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေ ဆန္ဒဖော်ထုတ်
နိုဝင်ဘာ ၂၄-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်မှာ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲကို တရားမျှတမှုမရှိဘူးဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဝန်းရံသူတွေက ဒီကနေ့မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ” အသက်မပြည့်သူတွေက မဲပေးတာ ၊ COVID-19 ကာလ ငွေကြေးနဲ့မဲဆွယ်ပေးတာ၊ တမလွန်ရောက်သူတွေကိုယ်စား မဲထည့်ပေးတာ၊ တိုင်းရင်းသားမဲလက်မှတ်အပိုတွေ ထုတ်ပေးမှု၊ မြို့နယ်အတွင်းရွေးကောက်ပွဲကာလမှာ ကြုံတွေ့ခဲ့ရတဲ့ တရားမဲ့ပြုကျင့်မှုတွေ၊ ဥပဒေချိုး ဖောက်မှုတွေ စတဲ့အချက်တွေကြောင့်ဆန္ဒဖော်ထုတ်တာပါ”လို့ ဇလွန်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင်ကပြောပါတယ်။ ဆန္ဒဖော်ထုတ်ပွဲကို ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးမှာ ပြုလုပ်ခဲ့ကြပြီး လူအင်းအား ၁၀၀ နီးပါးခန့်ပါဝင်ခဲ့ပါတယ်။ အဲ့ဒီဆန္ဒဖော်ထုတ်မှုကို Covid-19 စည်းကမ်းသတ်မှတ်စည်းကမ်းနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတွေကပြောပါတယ်။ #voiceofmyanmar #VOM #ဇလွန်
Read More
ရခိုင်နဲ့ ချင်းမှာ အင်တာနက်ပြန်ဖွင့်ပေးရေး ဒီဇင်ဘာလမကုန်မီ သုံးသပ်သွားဖို့ရှိ
နိုဝင်ဘာ ၂၄-၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသက လက်ရှိပေးထားတဲ့ အင်တာနက်လိုင်းတွေအပေါ် ပိုမိုကောင်းမွန်အောင်ရရှိရေးအတွက် လာမယ့် ဒီဇင်ဘာလ မကုန်မီမှာ တာဝန်ရှိသူတွေအနေနဲ့ ပြန်လည်သုံးသပ်သွားဖို့ရှိတယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကပြောပါတယ်။ ” လောလောဆယ်မှာတော့ အဲဒီဟာ (2G)အင်တာနက်က ဒီဇင်ဘာလကုန်အထိ သက်တမ်းတိုးထားတာပေါ့။ အဲဒီတော့ ဒီဇင်ဘာမကုန်ခင် ပြန်သုံးသပ်ပြီးတော့ သူတို့ ပြန်ပြီးတော့ သုံးသပ်ပါလိမ့်မယ်။ ဒီအတိုင်းပဲ ဆက်ထားမလား၊ ဆက်ပေးမလားဆိုတာကိုတော့ အဲဒီအခါကျမှပဲ သိရမယ်။ လောလောဆယ်မှာ ကျနော်ပြောနိုင်တာကတော့ ဒီဇင်ဘာအထိ 2G ပေးထားတာကို သက်တမ်းတိုးထားတာပေါ့။ အင်တာနက်ကလည်း လူမှုစီးပွားရေးမှာ အရေးပါတော့ တာဝန်ရှိတဲ့သူတွေက စဉ်းစားပါလိမ့်မယ်။” လို့ ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကနေစပြီး ဖွင့်ပေးထားတဲ့ 2G အရည်အသွေးရှိ အင်တာနက်အမျိုးအစားကို မူလက (၃)လ သတ်မှတ်ထားတာဟာ အောက်တိုဘာလမှာပဲ…
Read More
ကျောက်မဲက NLD အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လောင်းသတ်ခံရတဲ့ကိစ္စ သတင်းမှားတွေဖြန့်နေ
မန္တလေး-နိုဝင်ဘာ ၂၄-၂၀၂၀ ဆွေလင်းထွန်း+နေလင်း(VOM) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ကျောက်မဲမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁ )ရဲ့ ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော်ကို ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ထောက်လှမ်းရေးဟောင်းတယောက်နဲ့ပေါင်းပြီး သတ်ဖို့ ငွေပေးစေခိုင်းခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ အဲဒီသတင်းမှားကို Sai Lay ဆိုတဲ့ အကောင့်ကနေ တင်ခဲ့တာဖြစ်ပြီး react ပြုလုပ်သူ ၂၀၀၀ ကျော်၊ မှတ်ချက်ရေးသားသူ၄၁၈ ဦးနဲ့ ပြန်လည်မျှဝေသူ ၄၄၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ အဆိုပါ Sai Lay အကောင့်ဟာ ပြည်ခိုင်ဖြိုးပါတီကနေ ထွက်ထားတဲ့သူလို့ သူ့ကိုယ်သူဆိုပြီး အခြား Sai Lay အကောင့်ကိုအသုံးပြုသူတဦးကတော့ ၎င်းရဲ့နာမည်နဲ့ ရုပ်ပုံတွေကို အသုံးပြုထားတဲ့ အကောင့်တုတခုသာ ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားတာကို တွေ့ရပါတယ်။ ယခုသတင်းအမှားမှာဆိုရင် ဦးသိန်းထွန်းဦးက ခေတ်ဘုန်းခ ဆိုတဲ့ အကောင့်ပိုင်ရှင်ကနေတဆင့် မန္တလေးမြို့နေထောက်လှမ်းရေးဟောင်း…
Read More
အရင်က အုပ်စုလိုက်မှဆွေးနွေးမယ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးရဖို့ တဖွဲ့ချင်းဆိုလည်း ဆွေးနွေးတော့မယ်
Read More
ကိုရိုနာဗိုင်းရပ်စ် ဇစ်မြစ်ကို စုံစမ်းဖို့ နိုင်ငံတကာကျွမ်းကျင်သူတွေ တရုတ်ကိုသွားတော့မယ်
ဂျီနီဗာ၊ နိုဝင်ဘာ-၂၄-၂၀၂၀ မျိုးဆက် (VOM) ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့မှုရဲ့ ဇစ်မြစ်ကိုစုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာကျွမ်းကျင်သူတွေ လာရောက်စစ်ဆေးတာကို မကြာမီခွင့်ပြုတော့မယ့် တရုတ်နိုင်ငံက ထပ်မံအာမခံခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်နဲ့ ဘယ်လိုကူးစက်ပျံ့နှံ့ခဲ့လဲဆိုတာကို စုံစမ်းစစ်ဆေးမယ့် နိုင်ငံတကာအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ဖို့အတွက် တရုတ်နိုင်ငံနဲ့ ညှိနှိုင်းခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေလမှာထုတ်ဖော် ပြောဆိုခဲ့ပြီး ဒီကိစ္စဟာ ခြောက်လကြာမြင့်ပြီဖြစ်ပါတယ်။ တရုတ်အစိုးရတာဝန်ရှိသူတွေအနေနဲ့ ကွင်းဆင်းလေ့လာရေးခရီးစဉ်ကို မြန်နိုင်သမျှ မြန်မြန်ဆောင်ရွက်လိမ့်မယ်လို့ မိမိတို့အနေနဲ့ အပြည့်အဝမျှော်လင့်ထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထိပ်တန်းတာဝန်ရှိသူ မိုက်ရိုင်ယန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca ရဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးဟာ ထိရောက်မှု ၉၀ ရာခိုင်နှုန်းကျော်ရှိတယ်ဆိုတဲ့ ကြားဖြတ်လေ့လာမှုတစ်ရပ်မှာ တွေ့ရှိခဲ့တဲ့ရလဒ်နဲ့ပတ်သက်ပြီး ကြိုဆိုတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သိပ္ပံဆိုင်ရာ အကြီးအကဲ ဆွာမီနာသန်ကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သတင်းကောင်းတွေဟာ အလွန်အားတက်ဖွယ်ဖြစ်ပြီး ကာကွယ်ဆေးအမျိုးမျိုးရရှိရေးအတွက် အခြားကုမ္ပဏီတွေကလည်း…
Read More
ကိုဗစ်ကို အံ့တုပြီး စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပြုမယ်
နိုဝင်ဘာ ၂၄-၂၀၂၀ ကိုလတ် (VOM) နေပြည်တော်က စားသောက်ဆိုင်တွေဟာ ကိုဗစ်ကိုအံ့တုပြီး ဒီဇင်ဘာလဆန်းပိုင်းမှာ ပြန်လည်ဖွင့်ခွင့်ပြုသွားမှာဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းကျန်းမာရေးမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။ “စားသောက်ဆိုင်တွေထဲမှာ A အဆင့်ရတဲ့ ဆိုင်တွေကို နိုဝင်ဘာလအကုန် ဒီဇင်ဘာလဆန်းပိုင်းမှာ ဆိုင်ထိုင်ရောင်းချခွင့်ကို ပြန်လည်ခွင့်ပြုသွားဖို့ ညွှန်ကြားထားတာ ရှိပါတယ်”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ အဲ့ဒီလို ညွှန်ကြားထားတဲ့အတွက် နိုဝင်ဘာလ ၂၁ ရက်နေ့ကတည်းက နေပြည်တော်(၈)မြို့နယ်မှာရှိတဲ့ စားသောက်ဆိုင်တွေကို ကျန်းမာရေးနဲ့အညီ လိုက်နာမှုရှိ၊မရှိ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်ချက်တွေလိုက်လံ စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ထိန်းချုပ်မှုအတွက် ဆိုင်ရဲ့ အဆောက်အဦးပိုင်းဆိုင်ရာ ပြင်ဆင်မှု၊ အရောင်းဝန်ထမ်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပိုးသန့်စင်ရေးဆိုင်ရာ စစ်ဆေးမှုတွေကို ပြီးခဲ့တဲ့ ကာလတွေကလည်း ပြုလုပ်ခဲ့ပြီး ဒီတစ်ခေါက်မှာတော့ ဆိုင်ရဲ့ စားသုံးသူဝင်ဆံ့နိုင်မှုကို တွက်ချက်ကာ ကန့်သတ်ခွင့်ပြုပေးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #စားသောက်ဆိုင်…
Read More
အငြင်းပွားမှု၊ ဆန္ဒပြမှုတွေနဲ့ အတိုင်အတောထူတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်
နိုဝင်ဘာ ၂၄-၂၀၂၀ ဆွေလင်းထွန်း+နေလင်း(VOM)   ရွေးကောက်ပွဲပြီးတဲ့ နိုဝင်ဘာ ၈ ရက် ညနေကတည်းက အငြင်းပွားမှုအသံတွေ တိုင်မယ်တောတယ်ဆိုတဲ့ အသံတွေက ဟိုကဒီက ထွက်လာခဲ့ပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ရွေးကောက်ပွဲကော်မရှင်နဲ့ ရဲစခန်းတွေမှာ တိုင်တန်းတာတွေ လုပ်ဆောင်နေကြပြီးဆက်လက်လုပ်ဆောင်ဖို့လည်း ရှိနေပါသေးတယ်။   ခုအချိန်ထိ ရရှိထားတဲ့ အချက်အလက်တွေအရ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို တိုင်တန်းမှုတွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီက သူတို့ပါတီရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ လွှင့်တင်ထားတဲ့ ပါတီဥက္ကဌ ဦးသန်းဌေးရဲ့ ပြည်သူများသို့ ပန်ကြားချက်ထဲမှာ ပြည်ခိုင်ဖြိုးက စုထောင်းထားတဲ့ ကော်မရှင်နဲ့ သက်ဆိုင်တဲ့ အမှုပေါင်း ၇၅၀ကျော်နဲ့ ရဲအရေးပိုင်တဲ့ အမှုပေါင်း ၁၁၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။   ဖြစ်စဉ်အများစုက ကြိုတင်မဲပေးပြီးသူတွေ ရွေးကောက်ပွဲနေ့မှာ ထပ်မံမဲပေးတာ၊ ကိုယ်စားမဲပေးတာ၊…
Read More
ပလက်ဝမြို့က (၄)လသားအရွယ် စစ်ရှောင်ကလေးတစ်ဦး စစ်တွေမြို့မှာ သေဆုံးမှုဖြစ်ပွား
နိုဝင်ဘာ ၂၄-၂၀၂၀ ထက်အောင်စိုင်း (VOM) စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ကျေးရွာက စစ်ဘေးရှောင်စခန်းတစ်ခုမှာ ပလက်ဝမြို့နယ်ကနေ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ လသားအရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦး မနေ့နိုဝင်ဘာ ၂၃ရက် ညနေပိုင်းက သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ကလေးဟာ (၄)လသားအရွယ်သာရှိသေးပြီး ပလက်ဝမြို့နယ်၊ ရုပ်ဝကျေးရွာကနေ စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်းမှာ စစ်ရှောင်နေရင်း ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေချိန် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ စစ်ဘေးရှောင်ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ ဦးဦးသာထွန်းက” ဦးလေးမှာ သားလေးဆုံးသွားတာ ဟုတ်ပါတယ်။ ဆေးရုံတင်တယ် ပြီးတော့ မနေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဆုံးသွားပါတယ်။ ကလေးကို ဆေးရုံပို့တဲ့အခါမှာတော့ မွေးရာပါ ဒေါင်းရောဂါကြောင့် သေဆုံးသွားတာလို့ ဆရာဝန်ကပြောပါတယ်၊ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရချိန် ကလေးကို ဆေးရုံတင်ရပြီး သေဆုံသွားတာဆိုတော့ စိတ်မကောင်းပါဘူး။ ရင်ထဲမှာလည်း ဒုက္ခဆင်းရဲပြီးမှ ဝမ်းနည်း ကြေကွဲရတာပေါ့။ ကလေးကို…
Read More
VOM News
FREE
VIEW