အငြင်းပွားမှု၊ ဆန္ဒပြမှုတွေနဲ့ အတိုင်အတောထူတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်

နိုဝင်ဘာ ၂၄-၂၀၂၀

ဆွေလင်းထွန်း+နေလင်း(VOM)

 

ရွေးကောက်ပွဲပြီးတဲ့ နိုဝင်ဘာ ၈ ရက် ညနေကတည်းက အငြင်းပွားမှုအသံတွေ တိုင်မယ်တောတယ်ဆိုတဲ့ အသံတွေက ဟိုကဒီက ထွက်လာခဲ့ပါတယ်။ အခုဆိုရင်

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ရွေးကောက်ပွဲကော်မရှင်နဲ့ ရဲစခန်းတွေမှာ တိုင်တန်းတာတွေ လုပ်ဆောင်နေကြပြီးဆက်လက်လုပ်ဆောင်ဖို့လည်း ရှိနေပါသေးတယ်။

 

ခုအချိန်ထိ ရရှိထားတဲ့ အချက်အလက်တွေအရ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို တိုင်တန်းမှုတွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီက သူတို့ပါတီရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ လွှင့်တင်ထားတဲ့ ပါတီဥက္ကဌ ဦးသန်းဌေးရဲ့ ပြည်သူများသို့ ပန်ကြားချက်ထဲမှာ ပြည်ခိုင်ဖြိုးက စုထောင်းထားတဲ့ ကော်မရှင်နဲ့ သက်ဆိုင်တဲ့ အမှုပေါင်း ၇၅၀ကျော်နဲ့ ရဲအရေးပိုင်တဲ့ အမှုပေါင်း ၁၁၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

 

ဖြစ်စဉ်အများစုက ကြိုတင်မဲပေးပြီးသူတွေ ရွေးကောက်ပွဲနေ့မှာ ထပ်မံမဲပေးတာ၊ ကိုယ်စားမဲပေးတာ၊ မဲရုံနဲ့အနီးအနားတွေမှာNLD ပါတီအမှတ်တံဆိပ်တွေ ထားရှိတာ၊ မဲဆွယ်စည်းရုံးတာတွေ လုပ်ခွင့်မရှိတဲ့ silent day မှာ မဲဆွယ်တာ၊ မဲပေးခွင့်မရှိတဲ့ကလေးသူငယ်တွေ မဲလာပေးတာ စတဲ့ အငြင်းပွားမှုတွေကို အများဆုံးတွေ့ရှိရတယ်လို့ ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်တဲ့သတင်းလွှာတွေမှာ ရေးသားထားပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ စွပ်စွဲမှုအများစုမှာ NLD ပါတီနဲ့ ပတ်သက်တဲ့ စွပ်စွဲမှုတွေကအများစု ဖြစ်တာကို တွေ့ရပါတယ်။

 

ရွေးကောက်ပွဲရလာဒ်ဟာ မမျှတတဲ့အတွက် တပ်မတော်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းပြီး ရွေးကောက်ပွဲပြန်ကျင်းပပေးဖို့ ပြည်ခိုင်ဖြိုးပါတီနဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်တို့က နိုဝင်ဘာ ၁၁ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုခဲ့ပါသေးတယ်။ သတင်းစာရှင်းလင်းပွဲမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုမရှိဘဲအာဏာရပါတီရဲ့ မတရားပြုကျင့်မှုတွေနဲ့ မဲလိမ်လည်မှုတွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဘက်လိုက်တဲ့အပြုအမူတွေကြောင့် NLD ရဲ့ ပြိုင်ဘက်ပါတီတွေရှုံးနိမ့်ရပြီး လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်တဲ့အတွက် အတည်မပြုဘဲကန့်ကွက်ကြောင်း ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးမင်းမိုးက ပြောခဲ့ပါတယ်။

 

သူတို့ပါတီက ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ် ၄ ခုမှာသာ ရွေးကောက်ပွဲအနိုင်အရှုံးရလာဒ်ပုံစံ ၁၉ကို လက်မှတ်ထိုးထားတဲ့အကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့က ပြုလုပ်တဲ့ မန္တလေးတိုင်းပြည်ခိုင်ဖြိုးပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မန္တလေးသတင်းစာရှင်းလင်းပွဲမှာတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တပ်မတော်နဲ့ UEC ပေါင်းပြီးရွေးကောက်ပွဲပြန်ကျင်းပဖို့ကို ထပ်မံတောင်းဆိုတာမျိုး မတွေ့ရှိရတော့ပါဘူး။

 

ဘာသာရေးအကြောင်းပြ မဲဆွယ်တယ်ဆိုပြီး မိတ္ထီလာမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းလေးဦးကို ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၈(ဂ)နဲ့ မိတ္ထီလာမြို့ခံတဦးက နိုဝင်ဘာ ၂၂ရက်က ရဲစခန်းမှာ အမှုဖွင့်ခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

 

 

 

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ ကလည်း မူဆယ်ခရိုင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အပါအဝင်မဲဆန္ဒနယ် ၂ခု ၃ခုမှာ ရွေးကောက်ပွဲအငြင်းပွားမှုတွေအကြောင်း UEC နဲ့ ရဲစခန်းကို တိုင်တန်းရတာတွေ ရှိတယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး စိုင်းလိတ်က VOM ကပြောပါတယ်။

 

“အသက်မပြည့်ဘဲနဲ့ မဲပေးတာမျိုး လူစားထိုးပြီးတော့ နှစ်ခါသုံးခါအထိ မဲပေးတာမျိုးပေါ့နော်။ ဒါလွှတ်တော်ကိုယ်စားလှယ်လောင်းကိုယ်တိုင် သက်သေသက္ကာယနဲ့ တွေ့ရှိခဲ့တာပါ။ နောက် မဲပေးခွင့်ရှိတဲ့လူနဲ့ မဲလာပေးတဲ့ ရာခိုင်နှုန်းက အားကြီး မြင့်မားနေတာပေါ့ဗျာ။ နိုင်ငံတကာစံချိန်ကိုတောင် ချိုးပြီးတော့မှ တရာရာနှုန်းမကတဲ့ မဲရုံတွေရှိတယ်။ တော်တော်လေးကို ထူးဆန်းပါတယ်” လို့ ပြောပါတယ်။

 

ရှမ်းပြည်နယ်က မိုင်းဖြတ်မြို့နယ်အတွင်းလှုပ်ရှားနေတဲ့ ပြည်သူ့စစ်အဖွဲ့က မဲဆန္ဒရှင်တွေကို ကားနဲ့အကြိုအပို့လုပ်ပေးကြောင်း မီဒီယာကို ပြောကြားခဲ့တဲ့ SNLD ပါတီက ကိုယ်စားလှယ်လောင်း ဦးကျဖေ့ကို အဆိုပါပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ရဲ့ သားမက်ဖြစ်သူက ရဲစခန်းမှာ ၆၆(ဃ)နဲ့ အမှူဖွင့်ခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

 

ပြည်သူ့ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့ ဦးမျိုးသီဟထွန်းကလည်း ရွေးကောက်ပွဲမှာအငြင်းပွားမှုပုံစံအမျိုးမျိုးကိုမြင်တွေ့ရပြီး လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်/မဖြစ် လိုအပ်တဲ့စစ်ဆေးစုံစမ်းမှုတွေပြုလုပ်ဖို့အတွက် အချိန်မှီ ထိန်းသိမ်းတားဆီးပေးဖို့ ကာကွယ်ရေးဦးစီးချုပ်ကို စာရေးသားတောင်းဆိုခဲ့ပါသေးတယ်။ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးကတော့ အဆိုပါ တောင်းဆိုမှုဟာ ကိုယ်စားလှယ်လောင်းတဦးထဲရဲ့ တောင်းဆိုချက်သာဖြစ်ပြီး ပါတီရဲ့သဘောထားမပါဘူးလို့ VOM ကို ပြောခဲ့ပါတယ်။

 

လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေနဲ့လည်း ရွေးကောက်ပွဲအငြင်းပွားမှုတွေကို တိုင်တန်းဖို့ရှိတဲ့အကြောင်း ပါတီပြောခွင့်ရသူ ဦးမျိုးညွန့်က မီဒီယာတွေကို ပြောကြားခဲ့တာကို တွေ့ရပါတယ်။ NLD အနေနဲ့ ရွေးကောက်ပွဲအငြင်းပွားမှုပေါင်း ၄၀ ၅၀ ခန့်ကို တိုင်တန်းဖို့ရှိပြီး ၂၀၁၅ ခုနှစ်ကထက် အရေအတွက်များကြောင်းလည်း ဆိုပါတယ်။

 

ရွေးကောက်ပွဲဝင် အခြားပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ပြည်သူ့အင်အားပါတီ၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့ကလည်း ရွေးကောက်ပွဲရလာဒ်တွေဟာ ဥပဒေအရ တရားဝင်မှုမရှိကြောင်းနဲ့ ရွေးကောက်ပွဲပြန်ကျင်းပပေးဖို့ နိုဝင်ဘာ ၁၁ရက်နေ့က ပြည်ခိုင်ဖြိုးပါတီနဲ့အတူ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

 

ကိုဗစ်စည်းကမ်းချက်တွေကြောင့် မဲဆွယ်စည်းရုံးရာမှာ အခက်အခဲတွေရှိခဲ့တဲ့အတွက် အနိုင်မရတာလို့ ပါတီအချို့ရဲ့ ပြောဆိုမှုတွေလည်း ပေါ်ပေါက်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီလို ပြောကြားချက်တွေအပေါ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက  MRTV နဲ့ သီးသန့်အင်တာဗျူးပြုလုပ်စဉ် သူ့အမြင်ကို ခုလိုပြောပါတယ်။

 

“၂၀၁၅တုန်းက ဒီကပ်ရောဂါဘေးမရှိပါဘူး။ လွတ်လွတ်လပ်လပ်နဲ့ မဲပေးနိုင်တဲ့အခြေအနေပါ။ အဲ့တုန်းက ၉၁ ပါတီပြိုင်ပါတယ်။၂၂ ပါတီ နိုင်ပါတယ်။ ၆၉ ပါတီက ကိုယ်စားလှယ်လောင်း အရွေးမခံရပါဘူး။ အခုလည်း ၆၈ ပါတီ အဲ့တုန်းကလည်း ၆၉ ပါတီပါပဲ။ ဒါက ကိုဗစ်ရောဂါကြောင့်ဖြစ်ခဲ့တဲ့ ပြဿနာမဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးမှုအားက မကောင်းလို့သာဖြစ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။”

 

နိုင်ငံရေးပါတီအချို့က UEC ကို အယုံအကြည်မရှိဘူးလို့ ဝေဖန်တဲ့အပေါ်မှာလည်း လွတ်လပ်စွာပြောကြားခွင့်ကို လက်ခံပေမယ့် မိမိတို့ပါတီအနိုင်ရဖို့အတွက် ပြည်သူတွေယုံကြည်အောင်လည်း လုပ်သင့်ကြောင်း မေတ္တာနဲ့ တိုက်တွန်းခဲ့တယ်လို့ MRTV ကို ဆက်ပြောပါတယ်။

 

ရွေးကောက်ပွဲတင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းတွေ၊ ရွေးကောက်ပွဲခုံအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်တွေ၊ အမိန့်တွေနဲ့ စပ်လျဉ်းတဲ့အယူခံမှုတွေနဲ့ ပြင်ဆင်မှုတွေ၊ နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သော ကိစ္စရပ်တွေနဲ့ ပတ်သက်ရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ချက်တွေဟာ အပြီးအပြတ်အတည်ဖြစ်စေရမယ်လို့ ၂၀၀၈ အခြေခံဥပဒေအခန်း ၉ ပုဒ်မ ၄၀၂ မှာ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။

 

ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ကော်မရှင်ဟာ လွတ်လပ်ပြီး ဘက်မလိုက်ဘူးလို့ အခိုင်အမာဆိုကြပေမယ့် ပညာရှင်အချို့ကတော့ ကော်မရှင်အနေနဲ့ ဒီ့ထက်ပိုလွတ်လပ်ဖို့ လိုသေးတယ်လို့ မြင်ကြပါတယ်။

 

အခြေခံဥပဒေပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာအင်ဒရူးငုံကျုံးလျန်က “UEC နဲ့ အခြေခံဥပဒေခုံရုံးကို လွတ်လပ်တဲ့ ခုံရုံးဖြစ်အောင်လုပ်ဖို့ ကျနော်အမြဲပြောတယ်၊ အစိုးရလက်အောက်ခံ ဖြစ်နေသ၍တော့ ဘယ်တော့မှ ဒီမိုကရေစီ ရှင်သန်မှာမဟုတ်ဘူးလို့။ဘယ်သူမှ နားမထောင်ဘူးလေ။ အဲ့ဒီတော့ ခံပေတော့ပေါ့။ ခုံရုံးက ဘာဖြစ်တယ် ညာဖြစ်တယ်သာပြောနေကြတာ ခုံရုံးကို သူ့အိတ်ကပ်ထဲထည့်မယ့်လူတွေကိုပဲ ပြီးရင် မဲပေးကြအုံးမှာ” လို့ VOM ကို ပြောပါတယ်။

 

လေ့လာသူတွေရဲ့အဆိုအရ ၂၀၁၅ရွေးကောက်ပွဲမှာ မဲမသမာမှု ၄၀ ကို နိုင်ငံရေးပါတီတွေက UEC ထံ တိုင်ကြားခဲ့ပေမယ့် ၃၆ မှုက စွပ်စွဲမှုအနေနဲ့သာ အဆုံးသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ UEC ထံကို တိုင်ကြားမှု တခုမှတရားဝင် ရောက်မလာသေးဘူးလို့ ကော်မရှင်ဥက္ကဌ ဦးလှသိန်းက နိုဝင်ဘာ ၁၇ရက်က MRTV ကို ပြောကြားခဲ့ပါတယ်။

 

 

လတ်တလောမှာတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီတို့က နေပြည်တော်အပါအဝင် မြို့အတော်များများမှာ ဆန္ဒပြပွဲတွေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြနေကြသလို အခြားတဖက်မှာ ဆန္ဒပြသူတွေကို သံပုံးတီးတောထုတ်တဲ့ ပုံစံမျိုး တန်ပြန် တုံ့ပြန်မှုတွေလည်းရှိနေပါတယ်။

 

အရုပ်ဆိုး အကျည်းတန်ဆုံးကတော့ ရှမ်းပြည်နယ် ကျောက်မဲခရိုင် အမျိုးသားလွှတ်တော် အမှတ် ၁ ကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရတဲ့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော် ကို အမည်မသိ လက်နက်ကိုင်တစုက သတ်ဖြတ်တဲ့ ဖြစ်စဉ်ကတော့ ရွေးကောက်ပွဲရလာဒ်ကို လက်မခံတဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံရေးပါတီအများစုက ကန့်ကွက်ရှုတ်ချ နေကြပါတယ်။

 

ကိုဗစ်ကပ်ရောဂါကြားက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ အဆင်ပြေမှုများတယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကဆိုကြပြီး ကော်မရှင်ကလည်း ရွေးကောက်ပွဲရလာဒ်ဟာ ပြည်သူတွေရဲ့ အောင်ပွဲပဲလို့ ဆိုပေမယ့် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီအချို့ကတော့ အငြင်းပွားမှုတွေကို ဥပဒေအရ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲအပြီး ၄၅ ရက်အတွင်းမှာ တိုင်ကြားဖို့ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တိုင်ကြားမှုတွေအများစုကို ၂၀၁၅ ကလိုပဲ စွပ်စွဲမှုတွေအနေနဲ့ အဆုံးသတ်မလား၊ ဒါမှမဟုတ် တိုင်ကြားသူတွေက မှန်ကန်တယ်ဆိုရင် အမှန်တိုင်းဆုံးဖြတ်ပြီး မဲရလာဒ်တွေကို ပယ်ဖျက်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

 

#voiceofmyanmar #VOM #ရွေးကောက်ပွဲ #ဆန္ဒပြပွဲ

zawgyi

အျငင္းပြားမႈ၊ ဆႏၵျပမႈေတြနဲ႔ အတိုင္အေတာထူတဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲရလာဒ္

ႏိုဝင္ဘာ ၂၄-၂၀၂၀

ေဆြလင္းထြန္း+ေနလင္း(VOM)

 

ေ႐ြးေကာက္ပြဲၿပီးတဲ့ ႏိုဝင္ဘာ ၈ ရက္ ညေနကတည္းက အျငင္းပြားမႈအသံေတြ တိုင္မယ္ေတာတယ္ဆိုတဲ့ အသံေတြက ဟိုကဒီက ထြက္လာခဲ့ပါတယ္။ အခုဆိုရင္

ေ႐ြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈေတြကို ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ရဲစခန္းေတြမွာ တိုင္တန္းတာေတြ လုပ္ေဆာင္ေနၾကၿပီးဆက္လက္လုပ္ေဆာင္ဖို႔လည္း ရွိေနပါေသးတယ္။

 

ခုအခ်ိန္ထိ ရရွိထားတဲ့ အခ်က္အလက္ေတြအရ ေ႐ြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈေတြကို တိုင္တန္းမႈေတြထဲမွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီက အမ်ားဆုံးျဖစ္တာကို ေတြ႕ရပါတယ္။ ႏိုဝင္ဘာ ၁၉ ရက္ေန႔က ျပည္ခိုင္ၿဖိဳးပါတီက သူတို႔ပါတီရဲ႕ ေဖ့ဘုတ္စာမ်က္ႏွာမွာ လႊင့္တင္ထားတဲ့ ပါတီဥကၠဌ ဦးသန္းေဌးရဲ႕ ျပည္သူမ်ားသို႔ ပန္ၾကားခ်က္ထဲမွာ ျပည္ခိုင္ၿဖိဳးက စုေထာင္းထားတဲ့ ေကာ္မရွင္နဲ႔ သက္ဆိုင္တဲ့ အမႈေပါင္း ၇၅၀ေက်ာ္နဲ႔ ရဲအေရးပိုင္တဲ့ အမႈေပါင္း ၁၁၀ ေက်ာ္ရွိတယ္လို႔ ဆိုပါတယ္။

 

ျဖစ္စဥ္အမ်ားစုက ႀကိဳတင္မဲေပးၿပီးသူေတြ ေ႐ြးေကာက္ပြဲေန႔မွာ ထပ္မံမဲေပးတာ၊ ကိုယ္စားမဲေပးတာ၊ မဲ႐ုံနဲ႔အနီးအနားေတြမွာNLD ပါတီအမွတ္တံဆိပ္ေတြ ထားရွိတာ၊ မဲဆြယ္စည္း႐ုံးတာေတြ လုပ္ခြင့္မရွိတဲ့ silent day မွာ မဲဆြယ္တာ၊ မဲေပးခြင့္မရွိတဲ့ကေလးသူငယ္ေတြ မဲလာေပးတာ စတဲ့ အျငင္းပြားမႈေတြကို အမ်ားဆုံးေတြ႕ရွိရတယ္လို႔ ျပည္ခိုင္ၿဖိဳးပါတီက ထုတ္ျပန္တဲ့သတင္းလႊာေတြမွာ ေရးသားထားပါတယ္။ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ စြပ္စြဲမႈအမ်ားစုမွာ NLD ပါတီနဲ႔ ပတ္သက္တဲ့ စြပ္စြဲမႈေတြကအမ်ားစု ျဖစ္တာကို ေတြ႕ရပါတယ္။

 

ေ႐ြးေကာက္ပြဲရလာဒ္ဟာ မမွ်တတဲ့အတြက္ တပ္မေတာ္နဲ႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္တို႔ ပူးေပါင္းၿပီး ေ႐ြးေကာက္ပြဲျပန္က်င္းပေပးဖို႔ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ အမ်ိဳးသားဒီမိုကေရစီပါတီသစ္တို႔က ႏိုဝင္ဘာ ၁၁ရက္ေန႔က သတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီး ေတာင္းဆိုခဲ့ပါေသးတယ္။ သတင္းစာရွင္းလင္းပြဲမွာ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲဟာ လြတ္လပ္ၿပီးတရားမွ်တမႈမရွိဘဲအာဏာရပါတီရဲ႕ မတရားျပဳက်င့္မႈေတြနဲ႔ မဲလိမ္လည္မႈေတြ၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဘက္လိုက္တဲ့အျပဳအမူေတြေၾကာင့္ NLD ရဲ႕ ၿပိဳင္ဘက္ပါတီေတြရႈံးနိမ့္ရၿပီး လြတ္လပ္တရားမွ်တတဲ့ေ႐ြးေကာက္ပြဲမဟုတ္တဲ့အတြက္ အတည္မျပဳဘဲကန႔္ကြက္ေၾကာင္း ရန္ကုန္တိုင္းျပည္ခိုင္ၿဖိဳးပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒၚေအးမင္းမိုးက ေျပာခဲ့ပါတယ္။

 

သူတို႔ပါတီက ကိုယ္စားလွယ္ေလာင္းေတြအေနနဲ႔ မႏၲေလးတိုင္းအတြင္းက ၿမိဳ႕နယ္ ၄ ခုမွာသာ ေ႐ြးေကာက္ပြဲအႏိုင္အရႈံးရလာဒ္ပုံစံ ၁၉ကို လက္မွတ္ထိုးထားတဲ့အေၾကာင္း ႏိုဝင္ဘာ ၁၇ ရက္ေန႔က ျပဳလုပ္တဲ့ မႏၲေလးတိုင္းျပည္ခိုင္ၿဖိဳးပါတီရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။ မႏၲေလးသတင္းစာရွင္းလင္းပြဲမွာေတာ့ ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ တပ္မေတာ္နဲ႔ UEC ေပါင္းၿပီးေ႐ြးေကာက္ပြဲျပန္က်င္းပဖို႔ကို ထပ္မံေတာင္းဆိုတာမ်ိဳး မေတြ႕ရွိရေတာ့ပါဘူး။

 

ဘာသာေရးအေၾကာင္းျပ မဲဆြယ္တယ္ဆိုၿပီး မိတၳီလာၿမိဳ႕နယ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ျပည္ခိုင္ၿဖိဳးပါတီက ကိုယ္စားလွယ္ေလာင္းေလးဦးကို ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒပုဒ္မ ၅၈(ဂ)နဲ႔ မိတၳီလာၿမိဳ႕ခံတဦးက ႏိုဝင္ဘာ ၂၂ရက္က ရဲစခန္းမွာ အမႈဖြင့္ခဲ့တဲ့ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ပါတယ္။

 

 

 

ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(SNLD)ပါတီ ကလည္း မူဆယ္ခ႐ိုင္ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္အပါအဝင္မဲဆႏၵနယ္ ၂ခု ၃ခုမွာ ေ႐ြးေကာက္ပြဲအျငင္းပြားမႈေတြအေၾကာင္း UEC နဲ႔ ရဲစခန္းကို တိုင္တန္းရတာေတြ ရွိတယ္လို႔ ပါတီအေထြေထြအတြင္းေရးမႉး စိုင္းလိတ္က VOM ကေျပာပါတယ္။

 

“အသက္မျပည့္ဘဲနဲ႔ မဲေပးတာမ်ိဳး လူစားထိုးၿပီးေတာ့ ႏွစ္ခါသုံးခါအထိ မဲေပးတာမ်ိဳးေပါ့ေနာ္။ ဒါလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းကိုယ္တိုင္ သက္ေသသကၠာယနဲ႔ ေတြ႕ရွိခဲ့တာပါ။ ေနာက္ မဲေပးခြင့္ရွိတဲ့လူနဲ႔ မဲလာေပးတဲ့ ရာခိုင္ႏႈန္းက အားႀကီး ျမင့္မားေနတာေပါ့ဗ်ာ။ ႏိုင္ငံတကာစံခ်ိန္ကိုေတာင္ ခ်ိဳးၿပီးေတာ့မွ တရာရာႏႈန္းမကတဲ့ မဲ႐ုံေတြရွိတယ္။ ေတာ္ေတာ္ေလးကို ထူးဆန္းပါတယ္” လို႔ ေျပာပါတယ္။

 

ရွမ္းျပည္နယ္က မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းလႈပ္ရွားေနတဲ့ ျပည္သူ႔စစ္အဖြဲ႕က မဲဆႏၵရွင္ေတြကို ကားနဲ႔အႀကိဳအပို႔လုပ္ေပးေၾကာင္း မီဒီယာကို ေျပာၾကားခဲ့တဲ့ SNLD ပါတီက ကိုယ္စားလွယ္ေလာင္း ဦးက်ေဖ့ကို အဆိုပါျပည္သူ႔စစ္အဖြဲ႕ေခါင္းေဆာင္ရဲ႕ သားမက္ျဖစ္သူက ရဲစခန္းမွာ ၆၆(ဃ)နဲ႔ အမႉဖြင့္ခဲ့တဲ့ ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ပါေသးတယ္။

 

ျပည္သူ႔ပါတီက အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတစ္ဦးျဖစ္တဲ့ ဦးမ်ိဳးသီဟထြန္းကလည္း ေ႐ြးေကာက္ပြဲမွာအျငင္းပြားမႈပုံစံအမ်ိဳးမ်ိဳးကိုျမင္ေတြ႕ရၿပီး လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္/မျဖစ္ လိုအပ္တဲ့စစ္ေဆးစုံစမ္းမႈေတြျပဳလုပ္ဖို႔အတြက္ အခ်ိန္မွီ ထိန္းသိမ္းတားဆီးေပးဖို႔ ကာကြယ္ေရးဦးစီးခ်ဳပ္ကို စာေရးသားေတာင္းဆိုခဲ့ပါေသးတယ္။ ျပည္သူ႔ပါတီဥကၠဌ ဦးကိုကိုႀကီးကေတာ့ အဆိုပါ ေတာင္းဆိုမႈဟာ ကိုယ္စားလွယ္ေလာင္းတဦးထဲရဲ႕ ေတာင္းဆိုခ်က္သာျဖစ္ၿပီး ပါတီရဲ႕သေဘာထားမပါဘူးလို႔ VOM ကို ေျပာခဲ့ပါတယ္။

 

လက္ရွိအာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)အေနနဲ႔လည္း ေ႐ြးေကာက္ပြဲအျငင္းပြားမႈေတြကို တိုင္တန္းဖို႔ရွိတဲ့အေၾကာင္း ပါတီေျပာခြင့္ရသူ ဦးမ်ိဳးၫြန႔္က မီဒီယာေတြကို ေျပာၾကားခဲ့တာကို ေတြ႕ရပါတယ္။ NLD အေနနဲ႔ ေ႐ြးေကာက္ပြဲအျငင္းပြားမႈေပါင္း ၄၀ ၅၀ ခန႔္ကို တိုင္တန္းဖို႔ရွိၿပီး ၂၀၁၅ ခုႏွစ္ကထက္ အေရအတြက္မ်ားေၾကာင္းလည္း ဆိုပါတယ္။

 

ေ႐ြးေကာက္ပြဲဝင္ အျခားပါတီေတြျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီပါတီသစ္ပါတီ၊ အမ်ိဳးသားတိုးတက္ေရးပါတီ၊ ေခတ္သစ္ျပည္သူ႔ပါတီ၊ ရခိုင္ျပည္နယ္အမ်ိဳးသားအင္အားစုပါတီ၊ ေခတ္သစ္ျပည္ေထာင္စုပါတီ၊ ျမန္မာႏိုင္ငံေတာင္သူလယ္သမားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ ျပည္သူ႔အလုပ္သမားပါတီ၊ ျပည္သူ႔အင္အားပါတီ၊ အေျခခံလူတန္းစားဘဝျမင့္မားေရးပါတီ၊ ဒီမိုကေရစီႏွင့္ၿငိမ္းခ်မ္းေရးပါတီ၊ ဒီမိုကရက္တစ္ပါတီ(ျမန္မာ)၊ ၿမိဳတိုင္းရင္းသားဖြံ႕ၿဖိဳးေရးပါတီ၊ အမ်ိဳးသားႏိုင္ငံေရးမဟာမိတ္မ်ားအဖြဲ႕ခ်ဳပ္ပါတီ၊အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ၊ ျပည္သူ႔အက်ိဳးျပဳေက်ာင္းသားမ်ားပါတီတို႔ကလည္း ေ႐ြးေကာက္ပြဲရလာဒ္ေတြဟာ ဥပေဒအရ တရားဝင္မႈမရွိေၾကာင္းနဲ႔ ေ႐ြးေကာက္ပြဲျပန္က်င္းပေပးဖို႔ ႏိုဝင္ဘာ ၁၁ရက္ေန႔က ျပည္ခိုင္ၿဖိဳးပါတီနဲ႔အတူ ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

 

ကိုဗစ္စည္းကမ္းခ်က္ေတြေၾကာင့္ မဲဆြယ္စည္း႐ုံးရာမွာ အခက္အခဲေတြရွိခဲ့တဲ့အတြက္ အႏိုင္မရတာလို႔ ပါတီအခ်ိဳ႕ရဲ႕ ေျပာဆိုမႈေတြလည္း ေပၚေပါက္ခဲ့တာကို ေတြ႕ရပါတယ္။ အဲဒီလို ေျပာၾကားခ်က္ေတြအေပၚမွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠဌ ဦးလွသိန္းက  MRTV နဲ႔ သီးသန႔္အင္တာဗ်ဴးျပဳလုပ္စဥ္ သူ႔အျမင္ကို ခုလိုေျပာပါတယ္။

 

“၂၀၁၅တုန္းက ဒီကပ္ေရာဂါေဘးမရွိပါဘူး။ လြတ္လြတ္လပ္လပ္နဲ႔ မဲေပးႏိုင္တဲ့အေျခအေနပါ။ အဲ့တုန္းက ၉၁ ပါတီၿပိဳင္ပါတယ္။၂၂ ပါတီ ႏိုင္ပါတယ္။ ၆၉ ပါတီက ကိုယ္စားလွယ္ေလာင္း အေ႐ြးမခံရပါဘူး။ အခုလည္း ၆၈ ပါတီ အဲ့တုန္းကလည္း ၆၉ ပါတီပါပဲ။ ဒါက ကိုဗစ္ေရာဂါေၾကာင့္ျဖစ္ခဲ့တဲ့ ျပႆနာမဟုတ္ပါဘူး။ ႏိုင္ငံေရးပါတီေတြရဲ႕ စည္း႐ုံးမႈအားက မေကာင္းလို႔သာျဖစ္တယ္လို႔ က်ေနာ္ယုံၾကည္ပါတယ္။”

 

ႏိုင္ငံေရးပါတီအခ်ိဳ႕က UEC ကို အယုံအၾကည္မရွိဘူးလို႔ ေဝဖန္တဲ့အေပၚမွာလည္း လြတ္လပ္စြာေျပာၾကားခြင့္ကို လက္ခံေပမယ့္ မိမိတို႔ပါတီအႏိုင္ရဖို႔အတြက္ ျပည္သူေတြယုံၾကည္ေအာင္လည္း လုပ္သင့္ေၾကာင္း ေမတၱာနဲ႔ တိုက္တြန္းခဲ့တယ္လို႔ MRTV ကို ဆက္ေျပာပါတယ္။

 

ေ႐ြးေကာက္ပြဲတင္ေျမႇာက္ျခင္းဆိုင္ရာ လုပ္ငန္းေတြ၊ ေ႐ြးေကာက္ပြဲခုံအဖြဲ႕ေတြရဲ႕ ဆုံးျဖတ္ခ်က္ေတြ၊ အမိန႔္ေတြနဲ႔ စပ္လ်ဥ္းတဲ့အယူခံမႈေတြနဲ႔ ျပင္ဆင္မႈေတြ၊ ႏိုင္ငံေရးပါတီဆိုင္ရာ ဥပေဒအရ ေဆာင္႐ြက္ေသာ ကိစၥရပ္ေတြနဲ႔ ပတ္သက္ရင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ေဆာင္႐ြက္ခ်က္ေတြဟာ အၿပီးအျပတ္အတည္ျဖစ္ေစရမယ္လို႔ ၂၀၀၈ အေျခခံဥပေဒအခန္း ၉ ပုဒ္မ ၄၀၂ မွာ ျပ႒ာန္းထားတာကို ေတြ႕ရပါတယ္။

 

ေ႐ြးေကာက္ပြဲေကာ္မရွင္ တာဝန္ရွိသူေတြက ေကာ္မရွင္ဟာ လြတ္လပ္ၿပီး ဘက္မလိုက္ဘူးလို႔ အခိုင္အမာဆိုၾကေပမယ့္ ပညာရွင္အခ်ိဳ႕ကေတာ့ ေကာ္မရွင္အေနနဲ႔ ဒီ့ထက္ပိုလြတ္လပ္ဖို႔ လိုေသးတယ္လို႔ ျမင္ၾကပါတယ္။

 

အေျခခံဥပေဒပညာရွင္တဦးျဖစ္တဲ့ ေဒါက္တာအင္ဒ႐ူးငုံက်ဳံးလ်န္က “UEC နဲ႔ အေျခခံဥပေဒခုံ႐ုံးကို လြတ္လပ္တဲ့ ခုံ႐ုံးျဖစ္ေအာင္လုပ္ဖို႔ က်ေနာ္အၿမဲေျပာတယ္၊ အစိုးရလက္ေအာက္ခံ ျဖစ္ေနသ၍ေတာ့ ဘယ္ေတာ့မွ ဒီမိုကေရစီ ရွင္သန္မွာမဟုတ္ဘူးလို႔။ဘယ္သူမွ နားမေထာင္ဘူးေလ။ အဲ့ဒီေတာ့ ခံေပေတာ့ေပါ့။ ခုံ႐ုံးက ဘာျဖစ္တယ္ ညာျဖစ္တယ္သာေျပာေနၾကတာ ခုံ႐ုံးကို သူ႔အိတ္ကပ္ထဲထည့္မယ့္လူေတြကိုပဲ ၿပီးရင္ မဲေပးၾကအုံးမွာ” လို႔ VOM ကို ေျပာပါတယ္။

 

ေလ့လာသူေတြရဲ႕အဆိုအရ ၂၀၁၅ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈ ၄၀ ကို ႏိုင္ငံေရးပါတီေတြက UEC ထံ တိုင္ၾကားခဲ့ေပမယ့္ ၃၆ မႈက စြပ္စြဲမႈအေနနဲ႔သာ အဆုံးသတ္ခဲ့ရတယ္လို႔ ဆိုပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာေတာ့ UEC ထံကို တိုင္ၾကားမႈ တခုမွတရားဝင္ ေရာက္မလာေသးဘူးလို႔ ေကာ္မရွင္ဥကၠဌ ဦးလွသိန္းက ႏိုဝင္ဘာ ၁၇ရက္က MRTV ကို ေျပာၾကားခဲ့ပါတယ္။

 

 

လတ္တေလာမွာေတာ့ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီတို႔က ေနျပည္ေတာ္အပါအဝင္ ၿမိဳ႕အေတာ္မ်ားမ်ားမွာ ဆႏၵျပပြဲေတြနဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဆႏၵျပေနၾကသလို အျခားတဖက္မွာ ဆႏၵျပသူေတြကို သံပုံးတီးေတာထုတ္တဲ့ ပုံစံမ်ိဳး တန္ျပန္ တုံ႔ျပန္မႈေတြလည္းရွိေနပါတယ္။

 

အ႐ုပ္ဆိုး အက်ည္းတန္ဆုံးကေတာ့ ရွမ္းျပည္နယ္ ေက်ာက္မဲခ႐ိုင္ အမ်ိဳးသားလႊတ္ေတာ္ အမွတ္ ၁ ကေန ဝင္ေရာက္ယွဥ္ၿပိဳင္အႏိုင္ရတဲ့ NLD ပါတီရဲ႕ ကိုယ္စားလွယ္ေလာင္း ဦးထိုက္ေဇာ္ ကို အမည္မသိ လက္နက္ကိုင္တစုက သတ္ျဖတ္တဲ့ ျဖစ္စဥ္ကေတာ့ ေ႐ြးေကာက္ပြဲရလာဒ္ကို လက္မခံတဲ့ လုပ္ရပ္ျဖစ္ၿပီး ႏိုင္ငံေရးပါတီအမ်ားစုက ကန႔္ကြက္ရႈတ္ခ် ေနၾကပါတယ္။

 

ကိုဗစ္ကပ္ေရာဂါၾကားက က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲဟာ အဆင္ေျပမႈမ်ားတယ္လို႔ ေ႐ြးေကာက္ပြဲေလ့လာေစာင့္ၾကည့္သူေတြကဆိုၾကၿပီး ေကာ္မရွင္ကလည္း ေ႐ြးေကာက္ပြဲရလာဒ္ဟာ ျပည္သူေတြရဲ႕ ေအာင္ပြဲပဲလို႔ ဆိုေပမယ့္ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ ႏိုင္ငံေရးပါတီအခ်ိဳ႕ကေတာ့ အျငင္းပြားမႈေတြကို ဥပေဒအရ သတ္မွတ္ထားတဲ့ ေ႐ြးေကာက္ပြဲအၿပီး ၄၅ ရက္အတြင္းမွာ တိုင္ၾကားဖို႔ လုပ္ေဆာင္ေနၾကၿပီျဖစ္ပါတယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ တိုင္ၾကားမႈေတြအမ်ားစုကို ၂၀၁၅ ကလိုပဲ စြပ္စြဲမႈေတြအေနနဲ႔ အဆုံးသတ္မလား၊ ဒါမွမဟုတ္ တိုင္ၾကားသူေတြက မွန္ကန္တယ္ဆိုရင္ အမွန္တိုင္းဆုံးျဖတ္ၿပီး မဲရလာဒ္ေတြကို ပယ္ဖ်က္မလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

 

 

#voiceofmyanmar #VOM #ေ႐ြးေကာက္ပြဲ #ဆႏၵျပပြဲ

 

Related posts

Leave a Comment

VOM News

FREE
VIEW