ဂျပန်နိုင်ငံက ပိုင်ဆိုင်တယ်လို့ဆိုထားတဲ့ကျွန်းပေါ်မှာ ရုရှားက ဒုံးပျံပစ်ခတ်လေ့ကျင့်

မော်စကို၊ ဒီဇင်ဘာ-၂-၂၀၂၀
မျိုးဆက် (VOM)

ရုရှားစစ်ဘက်ဟာ ဂျပန်နိုင်ငံကပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ ကျွန်းလေးကျွန်းအနက် ကျွန်းတစ်ကျွန်းပေါ်မှာ မြေပြင်မှဝေဟင်ပစ် ဒုံးပျံပစ်ခတ်မှုလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီကျွန်းပေါ်သို့အက်စ်-၃၀၀ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို နိုင်ငံအရှေ့ဖျားပိုင်းရှိ နေရာတစ်ခုကနေ ရွှေ့ပြောင်းခဲ့တယ်လို့ ရုရှားအရှေ့ပိုင်း စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံက ပိုင်ဆိုင်တယ်လို့ တောင်းဆိုထားပြီး ရုရှားကထိန်းချုပ်ထားတေဲ့ အီတိုရိုဖူကျွန်းစုပေါ်သို့ ဒုံးပျံတွေကို ရွှေ့ပြောင်းနေရာချထားပြီး ပစ်ခတ်စမ်းသပ်နေတဲ့မှတ်တမ်းတွေကို ရုရှားစစ်ဘက်က တရားဝင်ထုတ်ပြန်ထားပါတယ်။

အက်စ်-၃၀၀ ဒုံးပျံကာကွယ်ရေးစနစ်ဟာ ဂျက်တိုက်လေယာဉ်တွေနဲ့ ဒုံးပျံတွေကို ပစ်ခတ်နိုင်ဖို့ ဒီဇိုင်းဆွဲထားပြီး ကီလိုမီတာ ၄၀၀ အထိပျံသန်းပစ်ခတ်နိုင်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံက မြောက်ပိုင်းနယ်မြေအဖြစ်သတ်မှတ်ထားတဲ့ ကျွန်းစုတွေပေါ်မှာအက်စ်-၃၀၀ ဒုံးပျံတွေကို ရုရှားစစ်ဘက်က ပထမဆုံး ပစ်ခတ်လေ့ကျင့်တာလည်းဖြစ်ပါတယ်။

အဲ့ဒီကျွန်းတွေကို ပိုင်နက်အစိတ်အပိုင်းတစ်ရပ်အဖြစ် ဂျပန်အစိုးရက သတ်မှတ်ထားပြီး ဒုတိယကမ္ဘာစစ်ပြီးနောက် တရားမဝင်သိမ်းပိုက်ခံခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: NHK
Photo:TASS
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW