Pfizer/BioNTech ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဗြိတိန်မှာ စတင်အသုံးပြုတော့မယ်

လန်ဒန်၊ ဒီဇင်ဘာ-၂-၂၀၂၀ မျိုးဆက် (VOM) ဗြိတိန်နိုင်ငံဟာ Pfizer/BioNTech ကုမ္ပဏီတို့ကထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့အတွက် ခွင့်ပြုချက်ပေးလိုက်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။ ကိုဗစ်-၁၉ ရောဂါကို ၉၅ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်တဲ့ အဲဒီကာကွယ်ဆေးဟာ လာမည့်သီတင်းပတ်မှာဖြန့်ချီဖို့အတွက် ဘေးကင်းလုံခြုံမှုရှိတယ်လို့ ဗြိတိန်ကျန်းမာရေးတာဝန်ရှိသူတွေက ဆိုပါတယ်။ စောင့်ရှောက်ရေးဂေဟာတွေမှာရှိတဲ့ သက်ကြီးရွယ်အိုတွေလိုမျိုး အထိခိုက်မခံသူတွေအတွက် လာမယ့်ရက်အနည်းငယ်အတွင်း ကာကွယ်ဆေးထိုးနိုင်တော့မှာဖြစ်ပါတယ်။ ဗြိတိန်ဟာ အဲ့ဒီကာကွယ်ဆေးကို အလုံးရေ သန်း ၄၀ ကြိုတင်မှာယူထားပြီး လူသန်း ၂၀ စာအတွက် ကာကွယ်ဆေးထိုးဖို့ လုံလောက်မှာဖြစ်ပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်း ကာကွယ်ဆေးပထမအသုတ် အလုံးရေ ရှစ်သိန်းနဲ့အတူ မကြာခင်မှာ ဆေးအလုံးရေ ၁၀ ဗြိတိန်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ကာကွယ်ဆေးတစ်မျိုး အောင်မြင်စွာထုတ်လုပ်နိုင်ဖို့မှာ ယခင်ကာလတွေမှာ ပုံမှန်အားဖြင့် ဆယ်စုနှစ်ကြာ ဖန်တီးခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို စမ်းသပ်အဆင့်ကနေ လက်တွေ့အသုံးပြုနိုင်ဖို့ အချိန် ၁၀…

Read More

ကျောက်တွင်း လုပ်ကွက်ဟောင်းမှာ အောက်စီဂျင်ပြတ်ပြီး လူ ၁ ယောက်သေဆုံး

ဒီဇင်ဘာ ၂-၂၀၂၀ ကိုတိုးကြီး (VOM) မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ သဖန်းပင် ကျောက်မိုး ကျောက်မျက်လုပ်ကွက်ဟောင်းထဲမှာ ဒီကနေ့ ဒီဇင်ဘာ ၂ ရက် နေ့လယ်ပိုင်းက ကျောက်မျက်တူးဖော်နေတဲ့ တွင်းထဲမှာ အောက်စီဂျင်ပြတ်တောက်သွားတာကြောင့် လူ ၁ ယောက်သေဆုံးသွားခဲ့ပြီး လူ ၁ ယောက်ကိုတော့ အသက်ရှင်လျက် ကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့ မိုးကုတ်မြို့ မြတ်စေတနာ လူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။ ” တွင်းထဲ လေပြတ်သွားတာပါ၊ အနီးက လူတွေက အသင်းရုံးကိုဖုန်းဆက်ပြီး အကူအညီတောင်းတာကြောင့် ချက်ချင်းသွားပြီး ကူညီပေးခဲ့တယ်၊ သေဆုံးသူက ရွှေဂူ ၁၉ ရပ်ကွက်က ကိုရန်လင်းအောင် ဆိုသူဖြစ်တယ်၊ အသက်ကတော့ ၂၅ နှစ် ဝန်းကျင်လောက်ဖြစ်တယ် “လို့ ကိုယ်တိုင်သွားရောက် ကူညီပေးခဲ့တဲ့ မြတ်စေတနာ လူမှုကူညီရေးအဖွဲ့ဝင် ကိုဖိုးလပြည့်က VOM ကိုပြောပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို မိုးကုတ် ပြည်သူ့ဆေးရုံကို…

Read More

ကိုဗစ်ကြောင့် ရွှေတိဂုံဘုရားလာဖူးတဲ့ နိုင်ငံခြားသားဝင်ငွေ တစ်ရက်ကို သိန်း ၂၅၀ခန့် နစ်နာနေရ 

ဒီဇင်ဘာ ၂-၂၀၂၀ ယဉ်ပပထွန်း ( VOM ) ရန်ကုန်မြို့မှာရှိနေတဲ့ ရွှေတိဂုံဘုရားကို ကိုဗစ်ရောဂါကြောင့် ပိတ်ထားရာတဲ့အတွက် ဘုရားလားဖူးတဲ့ နိုင်ငံခြားသားဝင်ငွေ သိန်း ၂၅၀နီးပါး နစ်နာနေတယ်လို့ ဦးသန်းဇော် ရွှေတိဂုံဘုရားဂေါပကအဖွဲ့ဝင်၊ ပြန်ကြားရေးတာဝန်ခံ ဦးသန်းဇော်က VOMကိုပြောပါတယ်။ “ နိုင်ငံခြားသားဝင်ရင် တစ်ယောက်ကို မြန်မာငွေ တစ်သောင်းပေးရတယ် ။ ဘုရားဝင်ကြေးပေးရတယ်။  တနေ့ တနေ့ကို  နိုင်ငံခြားသား ၂၀၀၀ ကနေ ၄၀၀၀ အထိဝင်တယ် အချိန်ပေါ်မှာ မူတည်ပြီးတော့ ။တိုးရစ်ရာသီဆိုရင် ၄၀၀၀ အထိဝင်တယ် ။ တစ်ရက်ကို လူဦးရေ ၂၅၀၀ နဲ့ တွက်ရင် သိန်း ၂၅၀ လောက်နစ်နာနေပြီပေါ့ “ လို့ ဦးသန်းဇော်က ပြောပါတယ်။ ဒါ့အပြင် ဘုရားကြီးရဲ့ဝင်ငွေဟာ ကားဝင်ကြေး ၊ ဓာတ်ပုံကန်ထရိုက် ၊ ဆိုင်ခန်းခ ၊…

Read More

၂၀၂၀ ရွေးကောက်ပွဲ အတိုင်းအတာတခုထိ လွတ်လပ်ပေမယ့် အငြင်းပွားမှုနဲ့ အကြမ်းဖက်မှုတွေ များပြား

ဒီဇင်ဘာ ၂ -၂၀၂၀ ဆွေလင်းထွန်း ( VOM)   ၂၀၂၀ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း New Myanmar Foundation(NMF) ရဲ့ လေ့လာစောင့်ကြည့်မှုတွေအရရွေးကောက်ပွဲဟာ ၉၀ရာခိုင်နှုန်းကျော်အဆင်ပြေခဲ့ပေမယ့် အကြမ်းဖက်မှုတွေတော့ များပြားခဲ့တယ်လို့ သူတို့စစ်တမ်းမှာဖေါ်ပြထားပါတယ်။ အကြမ်းဖက်မှုတွေထဲမှာ ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ် ၁၆ မှုနဲ့ အများဆုံးဖြစ်ခဲ့ပြီး ကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ်ပိုစတာတွေ ဖျက်စီးခံရတာ၊ တိုက်ပွဲဖြစ်ပွားတာ၊ လက်နက်နဲ့တိုက်ခိုက်တာ၊ ဗုံးလန့်တာ၊ ဖမ်းဆီးခံရတာ စတဲ့ ဖြစ်စဉ်တွေဖြစ်ဖွားခဲ့တယ်လို့ ပါရှိပါတယ်။ နိုင်ငံရေးပါတီဝန်းရံသူတွေချင်း လူမှုကွန်ယက်ကနေ အပြန်အလှန်တိုက်ခိုက်တာနဲ့ ပါတီကြီးတွေကနေ နုတ်ထွက်ပြီး တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပါတီဝန်းရံသူတွေက တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေလည်း အများအပြားဖြစ်ခဲ့တယ်လို့ NMF ရဲ့ ရွေးကောက်ပွဲဆိုင်ရာအကြံပေး မမြနန္ဒာသင်းက ပြောပါတယ်။ မမြနန္ဒာသင်းက “ကျမတို့ သုံးသပ်ချက်အရဆိုရင် အကြမ်းဖက်မှုတွေက ပိုများလာတယ်။ ဒါတောင်မှ ကျမတို့ကဒါ ကိုဗစ်ဖြစ်လိုက်တော့လေ…

Read More

ဂျပန်နိုင်ငံက ပိုင်ဆိုင်တယ်လို့ဆိုထားတဲ့ကျွန်းပေါ်မှာ ရုရှားက ဒုံးပျံပစ်ခတ်လေ့ကျင့်

မော်စကို၊ ဒီဇင်ဘာ-၂-၂၀၂၀ မျိုးဆက် (VOM) ရုရှားစစ်ဘက်ဟာ ဂျပန်နိုင်ငံကပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ ကျွန်းလေးကျွန်းအနက် ကျွန်းတစ်ကျွန်းပေါ်မှာ မြေပြင်မှဝေဟင်ပစ် ဒုံးပျံပစ်ခတ်မှုလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီကျွန်းပေါ်သို့အက်စ်-၃၀၀ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို နိုင်ငံအရှေ့ဖျားပိုင်းရှိ နေရာတစ်ခုကနေ ရွှေ့ပြောင်းခဲ့တယ်လို့ ရုရှားအရှေ့ပိုင်း စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံက ပိုင်ဆိုင်တယ်လို့ တောင်းဆိုထားပြီး ရုရှားကထိန်းချုပ်ထားတေဲ့ အီတိုရိုဖူကျွန်းစုပေါ်သို့ ဒုံးပျံတွေကို ရွှေ့ပြောင်းနေရာချထားပြီး ပစ်ခတ်စမ်းသပ်နေတဲ့မှတ်တမ်းတွေကို ရုရှားစစ်ဘက်က တရားဝင်ထုတ်ပြန်ထားပါတယ်။ အက်စ်-၃၀၀ ဒုံးပျံကာကွယ်ရေးစနစ်ဟာ ဂျက်တိုက်လေယာဉ်တွေနဲ့ ဒုံးပျံတွေကို ပစ်ခတ်နိုင်ဖို့ ဒီဇိုင်းဆွဲထားပြီး ကီလိုမီတာ ၄၀၀ အထိပျံသန်းပစ်ခတ်နိုင်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံက မြောက်ပိုင်းနယ်မြေအဖြစ်သတ်မှတ်ထားတဲ့ ကျွန်းစုတွေပေါ်မှာအက်စ်-၃၀၀ ဒုံးပျံတွေကို ရုရှားစစ်ဘက်က ပထမဆုံး ပစ်ခတ်လေ့ကျင့်တာလည်းဖြစ်ပါတယ်။ အဲ့ဒီကျွန်းတွေကို ပိုင်နက်အစိတ်အပိုင်းတစ်ရပ်အဖြစ် ဂျပန်အစိုးရက သတ်မှတ်ထားပြီး ဒုတိယကမ္ဘာစစ်ပြီးနောက် တရားမဝင်သိမ်းပိုက်ခံခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: NHK Photo:TASS #voiceofmyanmar #VOM #မော်စကို

Read More

ဇနီးဖြစ်သူ အိမ်ကဆင်းသွားတာကို မကျေနပ်လို့ ဖခင်နဲ့ အစ်ကိုဖြစ်သူကို ညီဖြစ်သူက ဓားနဲ့ထိုးသတ်

ဒီဇင်ဘာ ၂-၂၀၂၀ ကိုတိုးကြီး(VOM) ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်-၄ရပ်ကွက်၊ ကွမ်းခြံ (၆)လမ်း ၊တိုက်အမှတ် (၆) ၊ ၄ လွှာ၊ အခန်းအမှတ်(၃၀၁)မှာ မနေ့ ဒီဇင်ဘာ ၁ ရက် ညပိုင်းက ဇနီးဖြစ်သူ အိမ်ကနေဆင်းသွားတာကို မကျေနပ်လို့ ဖခင်နဲ့ အစ်ကိုဖြစ်သူကို ညီဖြစ်သူကိုယ်တိုင်က ဓားနဲ့ထိုးသတ်ခဲ့တဲ့အတွက်၂ လောင်းပြိုင် လူသတ်မှုဖြစ်စဉ် ပေါ်ပေါက်ခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။ “ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ဖုန်းဆက်အကြောင်းကြားလို့ အစ်ကို ဦးလှတိုးရဲ့ အိမ်ကိုသွားခဲ့တယ်၊ အစ်ကို ဦးလှတိုးရဲ့ ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာရထားတယ် ၊နောက်ပြီး ဦးလှတိုးရဲ့ သားအကြီးဖြစ်သူ တူတော်မောင် မင်းမင်းဦး (ခ)မင်းမင်း ရဲ့ ဝမ်းဗိုက်မှာလည်း ထိုးသွင်းဒဏ်ရာရပြီး အူတွေထွက်ပြီး သေဆုံးနေတယ်၊ အဲ့ဒါကြောင့် လူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်”လို့ သေဆုံးသူ ဦးလှတိုးရဲ့ ညီဖြစ်သူ ဦးသန်းဝင်းက…

Read More
VOM News

FREE
VIEW