ဒီဇင်ဘာ ၇-၂၀၂၀
ကောင်းလက်ျာ(VOM)
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ မနေ့ ဒီဇင်ဘာ ၆ ရက်နေ့က ပရဟိတ အဖွဲ့ဝင် ၂ ဦး ပထမဆုံးအကြိမ် Covid-19 ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းက ပြောပါတယ်။
” ပဲခူးမှာ ကားtသစ် သွားယူပြီး အပြန် စစ်ဆေးရာက ရောဂါပိုးတွေ့တာပါ။ ကားနဲ့အတူပြန်လာသူတွေ စုစုပေါင်း ၅ ဦးပဲရှိလို့ ၅ ဦးကို ကွာရန်တင်းတန်းပို့ စစ်ဆေးရာကတွေ့တာပါ။လက်ပံတန်းမှာ ဒီဖြစ်စဉ်က ပထမဦးဆုံးပြောရမယ်”လို့ ဒေါက်တာရဲဝင်းကပြောပါတယ်။
ကိုဗစ်ပိုးတွေ့တဲ့ အမျိုးသား ၂ ဦးဟာ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျှက်ရှိတဲ့ ခမုံဆိပ်လူငယ်လူမှုကယ်ဆယ်ရေးအသင်းက အသင်းသားတွေဖြစ်တယ်လို့ လက်ပံတန်းပြည်သူ့ ဆေးရုံအုပ်ကြီးဒေါက်တာရဲဝင်းပြောပြချက်အရ သိရပါတယ်။
အဲ့ဒီလူမှုကူညီရေးအဖွဲ့ကို အလှူရှင်တစ်ဦးက လှူဒါန်းပေးခဲ့တဲ့ လူနာတင်ကားကို ပဲခူးမြို့နယ်ကို ဒီဇင်ဘာ ၅ရက်နေ့က သွားရောက်ယူဆောင်ခဲ့ကြပြီးအပြန်မှာ လက်ပံမြို့ နယ် GTI CBFQကို ပို့ဆောင်ပြီး RDTစနစ်နဲ့ စစ်ဆေးတဲ့အခါ ရောဂါပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ရောဂါပိုးကူးစက်ခံထားရတဲ့ ပရဟိတအဖွဲ့ဝင်နှစ်ဦးဟာ ပြင်ပလူတွေနဲ့ ထိတွေ့မှုမရှိပေမယ့်လည်း ပရဟိတသမားတွေထဲ ပထမဦးဆုံးအကြိမ်ဖြစ်နေတာကြောင့် ဒေသတွင်း ပရဟိတအဖွဲ့ ၁၉ ဖွဲ့က စေတနာဝန်ထမ်းတွေကို နေ့အလိုက် RDT စနစ်နဲ့ စစ်ဆေးမှုများပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
ကိုဗစ်ဒုတိယလှိုင်းကာလမှာ လက်ပံတန်းမြို့နယ်တစ်ခုထဲမှာပဲ ရန်ကုန်ကပြန်လာသူတွေထဲက Covid-19 ပိုးတွေ့လူနာ ၃၀၀ ကျော်ရှိတဲ့အနက် ဒီဇင်ဘာ ၇ရက်နေ့အထိ ၂၁ ဦးကို ကြပ်မတ်ကုသပေးနေရတယ်လို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
Photo – သက်ခိုင်(BW)
#voiceofmyanmar #VOM #လက်ပံတန်း #လူမှုကယ်ဆယ်ရေးအသင်းသား #ပထမဆုံး #ကိုဗစ်ပိုးတွေ့