Mobile X-ray ဂိတ်က ရဲတပ်ဖွဲ့ဝင် ၃ ဦးမှာ ကိုဗစ်ပိုးတွေ့

ဒီဇင်ဘာ ၁၉ -၂၀၂၀
သက်ထားခင်(VOM)

ပြင်ဦးလွင်မြို့နယ်၊ ပြည်ချစ်ဘုရားအနီးက Mobile X-Ray စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ ရဲအရာရှိတစ်ဦးဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့က အနံ့ပျောက်လို့ သွားစစ်ရာကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ရဲအရာရှိနဲ့ထိစပ်သူတွေကို စစ်ဆေးလိုက်ချိန် ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာလည်း ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြင်ဦးလွင်ခရိုင်ကျန်းမားရေးဦးစီးဌာနကနေ သိရပါတယ်။

“သူက လွန်ခဲ့တဲ့ ၃ ရက်လောက်က ဖျားတယ်၊ မနေ့က အနံ့ပျောက်သွားလို့ စစ်ခိုင်းလိုက်တဲ့အချိန်မှာ ပိုးတွေ့ခဲ့ပါတယ်၊ သူနဲ့ထိစပ်တဲ့သူတွေကို စစ်ဆေးလိုက်တဲ့အချိန်မှာလည်း နှစ်ဦးမှာ ထပ်ပြီးပိုးတွေ့ခဲ့တယ် “လို့ ပြင်ဦးလွင်ခရိုင်ကျန်းမားရေးဦးစီးမှူးဒေါက်တာသန်းဝင်းက ပြောပါတယ်။

ပိုးတွေ့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ကျန်းမာရေးကောင်းမွန်နေပြီး လက်ရှိမှာ သူတို့နဲ့ ထိစပ်ခဲ့သူ ၇၀ ခန့်ကို ကွာရန်တင်းထားရှိကာ Mobile X-ray စစ်ဆေးရေးဂိတ်ကိုလည်း ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း ပြင်ဦးလွင်မြို့နယ်မှာ အနံ့ပျောက်လူနာတွေများနေပြီး ဒီကနေ့အထိ ကိုဗစ်ပိုးတွေ့လူနာ (၁၁၀) ကျော်ရှိပြီဖြစ်တတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြင်ဦးလွင် #MobileX-Ray #ရဲတပ်ဖွဲ့ဝင်တွေ #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW