Mobile X-ray ဂိတ်က ရဲတပ်ဖွဲ့ဝင် ၃ ဦးမှာ ကိုဗစ်ပိုးတွေ့

ဒီဇင်ဘာ ၁၉ -၂၀၂၀ သက်ထားခင်(VOM) ပြင်ဦးလွင်မြို့နယ်၊ ပြည်ချစ်ဘုရားအနီးက Mobile X-Ray စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ ရဲအရာရှိတစ်ဦးဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့က အနံ့ပျောက်လို့ သွားစစ်ရာကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ရဲအရာရှိနဲ့ထိစပ်သူတွေကို စစ်ဆေးလိုက်ချိန် ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာလည်း ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြင်ဦးလွင်ခရိုင်ကျန်းမားရေးဦးစီးဌာနကနေ သိရပါတယ်။ “သူက လွန်ခဲ့တဲ့ ၃ ရက်လောက်က ဖျားတယ်၊ မနေ့က အနံ့ပျောက်သွားလို့ စစ်ခိုင်းလိုက်တဲ့အချိန်မှာ ပိုးတွေ့ခဲ့ပါတယ်၊ သူနဲ့ထိစပ်တဲ့သူတွေကို စစ်ဆေးလိုက်တဲ့အချိန်မှာလည်း နှစ်ဦးမှာ ထပ်ပြီးပိုးတွေ့ခဲ့တယ် “လို့ ပြင်ဦးလွင်ခရိုင်ကျန်းမားရေးဦးစီးမှူးဒေါက်တာသန်းဝင်းက ပြောပါတယ်။ ပိုးတွေ့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ကျန်းမာရေးကောင်းမွန်နေပြီး လက်ရှိမှာ သူတို့နဲ့ ထိစပ်ခဲ့သူ ၇၀ ခန့်ကို ကွာရန်တင်းထားရှိကာ Mobile X-ray စစ်ဆေးရေးဂိတ်ကိုလည်း ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းအတွင်း ပြင်ဦးလွင်မြို့နယ်မှာ…

Read More

ရန်ကုန်က လူစည်တတ်တဲ့နေရာတွေကို ယာယီပိတ်မယ်

ဒီဇင်ဘာ ၁၉-၂၀၂၀ ယဉ်ပပထွန်း (VOM) ရန်ကုန်တိုင်းအတွင်းက ကန်တော်ကြီး ၊ အင်းယားကန်ဘောင်အပါအဝင် ပန်းခြံနဲ့ အားကစားကွင်းတွေအားလုံးကို လူစုလူဝေးမဖြစ်ပေါ်စေဖို့ ဒီဇင်ဘာ ၂၁ ရက်ကနေ ၃၁ ရက်အထိ ယာယီခေတ္တပိတ်ထားမယ်လို့ သိရပါတယ်။ ခရစ္စမတ်ကာလနဲ့ နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းအတွင်းမှာရှိနေတဲ့ အများပြည်သူ စုဝေးတတ်တဲ့နေရာအားလုံးကို အခုလို ခေတ္တပိတ်ဖို့ ညွှန်ကြားထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ “ ကန်တော်ကြီးက နောက်ဆုံးအပိုဒ်မှာ ရေးထားတာ ရှိပါတယ်။ ပန်းခြံနဲ့ကစားကွင်းအားလုံးကို ဆိုထားပါတယ်။ ညွှန်ကြားချက်အတိုင်းပဲ ကျွန်တော်တို့လုပ်ဆောင်သွားမှာပါ“လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နဲ့  အားကစားကွင်းများဌာနက ညွှန်ကြားရေးမှူး ဦးမင်းအောင်က VOMကိုပြောပါတယ်။ အဲ့ဒီလုပ်ဆောင်ခြင်းဟာ ရန်ကုန်တိုင်းအတွင်း Stay Home သတ်မှတ်ထားတဲ့ နေရာတွေမှာဆိုရင် ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာခြင်းမရှိဘဲ ပြင်ပကိုသွားလာနေကျတဲ့အတွက် လိုအပ်တဲ့ သတိပေး…

Read More

အမေရိကန်မှာ ဒုတိယမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးအဖြစ် Moderna ဆေးကိုအတည်ပြု

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၉-၂၀၂၀ မျိုးဆက်(VOM) အမေရိကန်မှာ ဒုတိယမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးအဖြစ် Moderna ကုမ္ပဏီထုတ် ကာကွယ်ဆေးကို အမေရိကန်အစိုးရက ခွင့်ပြုလိုက်ပြီး ကာကွယ်ဆေးသန်းပေါင်းများစွာ ထုတ်လုပ်ဖို့ လမ်းဖွင့်ပေးလိုက်ပါတယ်။ အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ (အက်ဖ်ဒီအေ)ဟာ Pfizer/BioNTech ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးကို အသုံးပြုဖို့ခွင့်ပြုပြီးနောက် တစ်ပတ်အကြားမှာ အမေရိကန်အခြေစိုက် Moderna ကုမ္ပဏီထုတ် ကာကွယ်ဆေးကို ထပ်မံခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ Moderna ကုမ္ပဏီထုတ် ကာကွယ်ဆေးသန်း ၂၀၀ ဝယ်ယူဖို့သဘောတူထားပြီး လက်ရှိမှာတော့ ကာကွယ်ဆေး ခြောက်သန်းလောက်အဆင်သင့်ရှိနေပြီဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းဟာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကူးစက်မှု ၁၇ ဒသမ ၅ သန်းရှိပြီး ၃၁၃၅၀၀ ဦးသေဆုံးခဲ့ပြီဖြစ်တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အမေရိကန်တာဝန်ရှိသူတွေက လက်ရှိခွင့်ပြုလိုက်တဲ့ Moderna ကုမ္ပဏီထုတ်ကာကွယ်ဆေးဟာ ဘေးကင်းလုံခြုံမှုရှိပြီး…

Read More

ပျဉ်းမနားက ကြံတောင်သူတွေ သူတို့အခက်အခဲကိုကူညီဖို့ အတိုင်ပင်ခံနဲ့ သက်ဆိုင်ရာဆီတင်ပြ

ပျဉ်းမနား-ဒီဇင်ဘာ-၁၉-၂၀၂၀ ကိုထွန်း(VOM)   ၂၀၂၁ -၂၀၂၂ ကြံရာသီအမီ ကြံသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေး ကူညီဖြေရှင်းပေးဖို့ ကြံတောင်သူတွေက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနတွေကို စာပို့ပြီးတော့ သတင်းစာရှင်းလင်းပွဲကိုလည်း ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းက ပျဥ်းမနားသကြားစက်အနီးက  ကြံတောင်သူ ဦးကျော်ဝင်းရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။   ၂၀၂၁ -၂၀၂၂ ခုနှစ်ကြံရာသီမှာ ပျဉ်းမနားသကြားစက် ပိတ်မှာဖြစ်လို့ ကြံမဝယ်တော့ဘူးလို့ အကြောင်းကြားလာတာမို့  ပျဥ်းမနားသကြားစက် ဆက်လက်လည်ပတ်နိုင်ရေးနဲ့ ကြံသီးနှံစိုက်ပျိုးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့  နေပြည်တော်ကောင်စီဥက္ကဋ္ဌဆီကိုအသနားခံစာပေးပို့တဲ့ကိစ္စ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။   ကြံစိုက်တောင်သူ ဦးသိန်းရွှေက ”ပျဥ်းမနားသကြားစက်ရှိ စက်ရုံ(၃)ရုံကို ယုဇနကုမ္ပဏီလီမိတက်က အစိုးရထံမှ နှစ်သုံးဆယ်စာချုပ်ဖြင့် (၃၀.၈.၂၀၁၁)ခုနှစ်မှ စတင်ငှားရမ်းလည်ပတ်ခဲ့ပါကြောင်း ၂၀၂၀ -၂၀၂၁ ကြံရာသီအထိ (၉)နှစ်လည်ပတ်ခဲ့ပြီး  ၂၀၂၁ -၂၀၂၂ လာမည့်နှစ်ကြံရာသီမှစ၍ ကြံဝယ်ယူခြင်းမပြုတော့ကြောင်း ကြံတောင်သူများကို…

Read More

လေကြောင်းနဲ့ ခရီးသွားမယ့်သူတွေကို COVID-19 ပိုး ရှိမရှိ စစ်ဆေးပေး

မန္တလေး၊ ဒီဇင်ဘာ ၁၉- ၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးမြို့ကနေ လေကြောင်းနဲ့ ခရီးသွားလာမယ့် သူတွေကို COVID-19 ပိုး ရှိမရှိ ကွာရန်တင်း ၁ ရက်ဝင်ခိုင်းကာ စစ်ဆေးပေးနေတယ်လို့ ချမ်းမြသာစည်မြို့နယ် ဒု-အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းက ပြောပါတယ်။ ” အခုကတော့ ပိုးရှိမရှိ စစ်ပေးတဲ့ အစီအစဉ်ကိုတော့ ပြောင်းထားတယ်၊ ဘာလို့လဲဆိုတော့ စစ်ဆေးမယ့်သူလာရင် PPE ဝတ်ရတယ်ဗျာ၊ နောက်တစ်ယောက်လာရင်လည်း ဝတ်ရတယ်ဗျာ၊ နောက်တစ်ခုက ဘာလို့လဲဆိုရင် အဲ့ဒီမှာစစ်လို့ မပြောကောင်း မဆိုကောင်း Positive ထွက်လို့ရှိရင် တွေ့တွေ့ချင်း ဆေးရုံကို ချက်ချင်းကြီး ပို့လို့ရပေမယ့် လေယာဉ်နဲ့သွားမယ့်သူတွေကို ကွာရန်တင်းစင်တာတွေမှာ စစ်ပါ့မယ်၊ တစ်ရက်ကြိုပြီး စာရင်းပေးရမယ်၊ ငွေသွင်းပေးရမယ်၊ နောက်တစ်နေ့ကြမှ သူတို့ရဲ့ သတ်မှတ်ထားတဲ့ ကွာရန်တင်းစင်တာ ၂ ခုမှာ လာစစ်ရမယ်၊ တကယ်လို့ ပိုးတွေ့ပြီဆိုလို့ရှိရင် ကွာရန်တင်းစင်တာထဲမှာ တစ်ခါထဲထိန်းထားပြီးတော့…

Read More

မန္တလေးလေဆိပ်မှာ ပြည်တွင်းလေကြောင်း ပြန်လည်ပြေးဆွဲ

မန္တလေး၊ ဒီဇင်ဘာ- ၁၉-၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မန္တလေး<>ရန်ကုန်၊ မန္တလေး<>မြစ်ကြီးနားခရီးစဉ် ပြည်တွင်းလေကြောင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ပါတယ်။ “အန်တီက ဒီနေ့လာမယ့်ခရီးမှာ မနေ့က Touris Burma မှာ ဆေးစစ်ရတယ် သူတို့ကနေ ကျန်းမာရေးက negative ဖြဝ်တယ်ဆိုတဲ့အကြောင်း ထုတ်ပေးတယ်၊ ကျန်းမာရေးဝန်ကြီးဌာနကတော့ Stay at Home to Stay at Home ဆိုရင် No Quarantine ပေါ့ Stay at Home ကနေ Non Stay at Home ဆို ကွာရန်တင်းဝင်ရမယ်လို့သိတယ်” လို့ ရန်ကုန်မြို့၊ သင်္ကန်းကျွန်းကလာတဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။ ဒီနေ့ ရန်ကုန်ကနေ လေကြောင်းခရီးစဉ်နဲ့ အမျိုးသား၊ ၇ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၄ ဦး…

Read More

တာဝေးပစ် ခရုဇ်ဒုံးပျံသစ် ထုတ်လုပ်ဖို့ ဂျပန်အစိုးရဆုံးဖြတ်

တိုကျို၊ ဒီဇင်ဘာ ၁၉-၂၀၂၀ မျိုးဆက် (VOM) ဂျပန်အစိုးရဟာ ပြင်ပကတိုက်ခိုက်လာတဲ့ ဒုံးပျံတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနိုင်တဲ့ တာဝေးပစ် ဒုံးပျံအမျိုးအစားသစ် ထုတ်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၈ ရက်ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဒုံးပျံကာကွယ်ရေး မူဝါဒသစ်ကို ဂျပန်အစိုးရက အတည်ပြုခဲ့တာဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ ရန်သူနယ်မြေအတွင်းရှိ ပဲ့ထိန်းဒုံးပျံတွေကို ဖျက်ဆီးဖို့နဲ့ ရန်သူ့စခန်းတွေကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ဒုံးပျံတွေပိုင်ဆိုင်ရေးနဲ့ တိုက်ရိုက်ပတ်သက်မှုမရှိပါဘူး။ ဂျပန်အစိုးရအနေနဲ့ နိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည် ပိုမိုခိုင်မာတောင့်တင်းဖို့အတွက်သာ ဒုံးပျံသစ်ထုတ်လုပ်ရေးကို ဆက်လက်လေ့လာမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဂျပန်အစိုးရဟာ လက်ရှိမြေပြင်မှတစ်ဆင့် သင်္ဘောတွေကိုပစ်ခတ်နိုင်တဲ့ ဒုံးပျံတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဖို့စီစဉ်နေပါတယ်။ အသစ်ထုတ်လုပ်မယ့် တာဝေးပစ်ခရုဇ်ဒုံးပျံတွေကတော့ စစ်သင်္ဘောနဲ့ လေယာဉ်တွေပေါ်ကနေလည်း ပစ်ခတ်နိုင်မှာဖြစ်ပါတယ်။ Rer: NHK Photo: Getty Images #voiceofmyanmar #VOM #တိုကျို

Read More

အသည်းနုတဲ့လူကြမ်းကြီး အောင်ခိုင်နဲ့ ဇနီးချောဝါဝါအောင်တို့ ကိုဗစ်ကာလမှာ ဘာလုပ်နေသလဲ

မျက်ပြေ(VOM)   ကိုလူချော အဖွဲ့ဝင်မဟုတ်ပေမယ့် လူကြမ်းရယ်လို့ သတ်သတ်မှတ်မှတ် လုပ်နေသူတွေကို အဖွဲ့စည်းမျဉ်းလေးတွေအတိုင်း လူကြမ်းတွေအကုန်လံုး ကိုလူချောအဖွဲ့ဝင်ဖြစ်အောင် လုပ်ပေးဖို့ရှိတယ်ဆိုတဲ့ ဦးအောင်ခိုင် နဲ့ မမများအဖွဲ့ဖွဲ့စည်းထားတာ ၁၈နှစ်လောက်ရှိပြီ  အဖွဲ့ထဲမှာလည်း အရမ်းအဆင်မပြေတဲ့သူတွေ ရှိတယ်ဆိုတဲ့ ဝါဝါအောင် တို့ရဲ့ ရင်ဖွင့်သံများ   #voiceofmyanmar #VOM  #အောင်ခိုင် #ဝါဝါအောင်

Read More

တရုတ်အစိုးရက နှစ်ရှည်ဖမ်းဆီးထားတဲ့ မြန်မာနိူင်ငံသား ၁၄၀ကျော်ကို ပြန်လွှတ်ပေး

ဒီဇင်ဘာ ၁၉-၂၀၂၀ အေးချမ်းသူ(VOM) တရုတ်ပြည်မှာ နှစ်ရှည်ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာနိူင်ငံသား ၁၄၆ ဦးကို မနေ့ ဒီဇင်ဘာ ၁၈ရက် နေ့လယ်ပိုင်းက ပြန်လည်လွှတ်ပေးခဲ့တယ်လို့ မူဆယ်တရုတ်ကျောင်း ထောင်လွဲ ကွာရန်တင်းစင်တာ တာဝန်ခံ ဦးမန်းမျိုးမြင့်က VOMကိုပြောပါတယ်။ “တရုတ်ပြည်မှာ အလုပ်သွားလုပ်နေတဲ့ မြန်မာတွေ အကြောင်းအမျိုးမျိုးကြောင့် ထောင်ကျနေတဲ့သူတွေပေါ့၊ နှစ်ရှည်ထောင်ကျနေတဲ့သူတွေ ပါသလို၊ လပိုင်းလောက်ပဲ ထောင်ကျနေတဲ့သူတွေလည်း ပါတယ်”လို့ ဦးမန်းမျိုးမြင့်က VOMကိုပြောပါတယ်။ တရုတ်နိူင်ငံရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းကျနေသူ မြန်မာနိူင်ငံသား ကျား ၇၉ ၊ မ ၆၇ဦး စုစုပေါင်း ၁၄၆ဦးကို တရုတ်အစိုးရက ပြန်လည်လွှတ်ပေးခဲ့တာဖြစ်ပြီး ပြစ်ဒဏ်ကျခံရသူတွေအထဲမှာ ထောင်ဒဏ် လေးလ ကနေ အနှစ် ၂၀အထိပါဝင်ကြောင်း ဦးမန်းမျိုးမြင့်က ရှင်းပြပါတယ်။ ဒါ့အပြင် ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာလူမျိုးတွေကို ဒီကနေ့မနက်မှာ ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးပြီး ရောဂါပိုးမရှိတဲ့သူတွေကို နေရပ်ပြန်နိူင်ရေးအတွက်…

Read More
VOM News

FREE
VIEW