မန္တလေးလေဆိပ်မှာ ပြည်တွင်းလေကြောင်း ပြန်လည်ပြေးဆွဲ

မန္တလေး၊ ဒီဇင်ဘာ- ၁၉-၂၀၂၀
ရှိုင်းအောင်(VOM)

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မန္တလေး<>ရန်ကုန်၊ မန္တလေး<>မြစ်ကြီးနားခရီးစဉ် ပြည်တွင်းလေကြောင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ပါတယ်။

“အန်တီက ဒီနေ့လာမယ့်ခရီးမှာ မနေ့က Touris Burma မှာ ဆေးစစ်ရတယ် သူတို့ကနေ ကျန်းမာရေးက negative ဖြဝ်တယ်ဆိုတဲ့အကြောင်း ထုတ်ပေးတယ်၊ ကျန်းမာရေးဝန်ကြီးဌာနကတော့ Stay at Home to Stay at Home ဆိုရင် No Quarantine ပေါ့ Stay at Home ကနေ Non Stay at Home ဆို ကွာရန်တင်းဝင်ရမယ်လို့သိတယ်” လို့ ရန်ကုန်မြို့၊ သင်္ကန်းကျွန်းကလာတဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။

ဒီနေ့ ရန်ကုန်ကနေ လေကြောင်းခရီးစဉ်နဲ့ အမျိုးသား၊ ၇ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၄ ဦး လိုက်ပါလာတယ်လို့ သိရပါတယ်။

မန္တလေးကနေ လေကြောင်းနဲ့ ခရီးသွားမယ့်သူတွေကိုတော့ သက်ဆိုင်ရာ ကွာရန်တင်းစင်တာတွေမှာ ဒီဇင်ဘာ ၁၈ ရက်နေ့ကစတင်ပြီး တစ်ဦးကို ၁၀၀၀၀ ကျပ်နှုန်းနဲ့ စတင်စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေကြောင်းတွေ ပြန်လည်ပြေးဆွဲနိုင်ဖို့အတွက် လေဆိပ်ကဝန်ထမ်းတွေကို ဒီဇင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းက ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးခဲ့ချိန် ဝန်ထမ်းတစ်ဦးမှာ ပိုးတွေ့ခဲ့တယ်လို့ တံတားဦးမြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #လေကြောင်းခရီးစဉ် #မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်

Related posts

Leave a Comment

VOM News

FREE
VIEW