လေကြောင်းနဲ့ ခရီးသွားမယ့်သူတွေကို COVID-19 ပိုး ရှိမရှိ စစ်ဆေးပေး

မန္တလေး၊ ဒီဇင်ဘာ ၁၉- ၂၀၂၀
ရှိုင်းအောင်(VOM)

မန္တလေးမြို့ကနေ လေကြောင်းနဲ့ ခရီးသွားလာမယ့် သူတွေကို COVID-19 ပိုး ရှိမရှိ ကွာရန်တင်း ၁ ရက်ဝင်ခိုင်းကာ စစ်ဆေးပေးနေတယ်လို့ ချမ်းမြသာစည်မြို့နယ် ဒု-အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းက ပြောပါတယ်။

” အခုကတော့ ပိုးရှိမရှိ စစ်ပေးတဲ့ အစီအစဉ်ကိုတော့ ပြောင်းထားတယ်၊ ဘာလို့လဲဆိုတော့ စစ်ဆေးမယ့်သူလာရင် PPE ဝတ်ရတယ်ဗျာ၊ နောက်တစ်ယောက်လာရင်လည်း ဝတ်ရတယ်ဗျာ၊ နောက်တစ်ခုက ဘာလို့လဲဆိုရင် အဲ့ဒီမှာစစ်လို့ မပြောကောင်း မဆိုကောင်း Positive ထွက်လို့ရှိရင် တွေ့တွေ့ချင်း ဆေးရုံကို ချက်ချင်းကြီး ပို့လို့ရပေမယ့် လေယာဉ်နဲ့သွားမယ့်သူတွေကို ကွာရန်တင်းစင်တာတွေမှာ စစ်ပါ့မယ်၊ တစ်ရက်ကြိုပြီး စာရင်းပေးရမယ်၊ ငွေသွင်းပေးရမယ်၊ နောက်တစ်နေ့ကြမှ သူတို့ရဲ့ သတ်မှတ်ထားတဲ့ ကွာရန်တင်းစင်တာ ၂ ခုမှာ လာစစ်ရမယ်၊ တကယ်လို့ ပိုးတွေ့ပြီဆိုလို့ရှိရင် ကွာရန်တင်းစင်တာထဲမှာ တစ်ခါထဲထိန်းထားပြီးတော့ သတ်မှတ်တဲ့ ဆေးရုံကို ပို့မှာပါ။ ကျန်းမာရေးကနေ ကွာရန်တင်းစင်တာတွေကို လှည့်ပတ်ပြီးစစ်ဆေးပေးရတာရှိတယ်၊ ကျန်တဲ့သီးခြားလုပ်ငန်းတွေရောဆိုတော့ သူတို့မှာလည်း လူအင်အားက မနိုင်တာတွေလည်းရှိတယ်”လို့ ဦးစိုးဇေယျာထွန်းက ပြောပါတယ်။

လေယာဉ်စီးမယ့် ခရီးသည်တွေကို သက်ဆိုင်ရာ ကွာရန်တင်းစင်တာတွေမှာ ဒီဇင်ဘာ ၁၈ ရက်နေ့က တစ်ဦးကို ၁၀၀၀၀ ကျပ်နှုန်းနဲ့ စတင်စစ်ဆေးပေးနေတာဖြစ်ပေမယ့် စစ်ဆေးမယ့်ပုံစံကို ဒီကနေ့ မနက်ပိုင်းမှာ ပြောင်းလဲပြီး COVID-19 ပိုး ရှိ၊မရှိ စစ်ဆေးပေးနေတာဖြစ်ပါတယ်။

ချမ်းမြသာစည်မြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၁၈ ရက်နေ့က လေယာဉ်စီးမယ့်ခရီးသည် ၁ ဦး၊ ဒီကနေ့မှာ ၆ ဦး စစ်ဆေးပေသွားမှာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #လေယာဉ် #COVID-19

Related posts

Leave a Comment

VOM News

FREE
VIEW