အမေရိကန်မှာ ဒုတိယမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးအဖြစ် Moderna ဆေးကိုအတည်ပြု

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၉-၂၀၂၀
မျိုးဆက်(VOM)

အမေရိကန်မှာ ဒုတိယမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးအဖြစ် Moderna ကုမ္ပဏီထုတ် ကာကွယ်ဆေးကို အမေရိကန်အစိုးရက ခွင့်ပြုလိုက်ပြီး ကာကွယ်ဆေးသန်းပေါင်းများစွာ ထုတ်လုပ်ဖို့ လမ်းဖွင့်ပေးလိုက်ပါတယ်။

အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ (အက်ဖ်ဒီအေ)ဟာ Pfizer/BioNTech ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးကို အသုံးပြုဖို့ခွင့်ပြုပြီးနောက် တစ်ပတ်အကြားမှာ အမေရိကန်အခြေစိုက် Moderna ကုမ္ပဏီထုတ် ကာကွယ်ဆေးကို ထပ်မံခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ Moderna ကုမ္ပဏီထုတ် ကာကွယ်ဆေးသန်း ၂၀၀ ဝယ်ယူဖို့သဘောတူထားပြီး လက်ရှိမှာတော့ ကာကွယ်ဆေး ခြောက်သန်းလောက်အဆင်သင့်ရှိနေပြီဖြစ်ပါတယ်။

အမေရိကန်ရဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းဟာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကူးစက်မှု ၁၇ ဒသမ ၅ သန်းရှိပြီး ၃၁၃၅၀၀ ဦးသေဆုံးခဲ့ပြီဖြစ်တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်တာဝန်ရှိသူတွေက လက်ရှိခွင့်ပြုလိုက်တဲ့ Moderna ကုမ္ပဏီထုတ်ကာကွယ်ဆေးဟာ ဘေးကင်းလုံခြုံမှုရှိပြီး ၉၄ ရာခိုင်နှုန်းထိရောက်မှုရှိတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက အခုသီတင်းပတ်အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Ref : BBC
Photo: Moderna
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW