လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲဖို့ စာဖတ်ကြပါစို့

    မန္တလာ ဆရာမျိုး   “လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည့် အင်အားအကြီးဆုံး လက်နက်မှာ ပညာဖြစ်ပြီး၊ ပညာရရှိရန် အကောင်းဆုံးလမ်းကြောင်းမှာ စာဖတ်ခြင်းဖြစ်သည်” ဟု ဆိုလျှင် လွန်မည်မဟုတ်ပေ။ လူတစ်ယောက်၏ အသိပညာ၊ အတွေးအခေါ်၊ ကိုယ်ရည်ကိုယ်သွေးနှင့် ဘဝအမြင်တို့ကို တဖြည်းဖြည်း ပုံဖော်ပေးသည့် အရာမှာ စာအုပ်များဖြစ်သည်။ သို့သော် ယနေ့ခေတ်တွင် မိုဘိုင်းဖုန်း၊ လူမှုကွန်ရက် (Social Media) နှင့် ဗီဒီယိုတိုများ၏ ဆွဲဆောင်မှုကြောင့် စာဖတ်သည့် အလေ့အကျင့်သည် တဖြည်းဖြည်း လျော့နည်းလာသည်ကို စိုးရိမ်ဖွယ် တွေ့မြင်နေရသည်။ သတင်းအချက်အလက်များ ရယူရန် လွယ်ကူလာသော်လည်း နက်နက်ရှိုင်းရှိုင်း စဉ်းစားတွေးခေါ်နိုင်သည့် အလေ့အကျင့်ကတော့ လျော့နည်းလာ နေပါသည်။       စာဖတ်ခြင်းသည် စာမေးပွဲအောင်ရန်၊ ဘွဲ့ရရန် သို့မဟုတ် အလုပ်အကိုင်ကောင်းတစ်ခု ရရှိရန်အတွက်သာ မဟုတ်ပေ။ စာဖတ်ခြင်းသည်…

Read More

အခန်း (၁၉၇)

    ယူနန်၁၂ပွဲ ဈေးတန်း ————————       နန်းတော်ရှေ့ဆရာတင်က ‘အင်းလျားရေတစ်စည် လောက်တော့ လိုချင်ပါတယ်။ ဝယ်ချင်ပါတယ်။ ရွှေမန်းသူတွေ ရေခေါ်ချိုးတော့ တစ်မျိုးလှသနော်… မိုးပေါ်ကျသူလို့ ရေးစပ်ခဲ့သည်။ ညိုညိုခဲခဲ မန္တလေးသူလေးတွေ ရန်ကုန်သူတွေလို ဖြူမွတ် ဝင်းအိ လှစေချင်တာ ဆရာတင့်ခေတ် ကတည်းကဖြစ်သည်။ ကျွန်တော်တို့ ခေတ်မှာတော့ လမ်း၃၀နှင့် ၆၆လမ်းတဝိုက် “ယူနန်၁၂ပွဲ ဈေးတန်း” က ဖြူဖြူဖွေးဖွေး နောက်ပေါက် မန္တလေးသူလေးတွေကို ကြည့်ကြည့်ပြီး ခေါင်းတယမ်းယမ်း ဖြစ်နေရသည်။ မြန်မာမှာ ‘၁၂ ပွဲဈေးတန်း၊ ‘၁၂ ပွဲဈေးသည် ဆိုရင် နားလည်ပြီးသား ဖြစ်သည်။     အနယ်နယ်အရပ်ရပ် ဇာတိအသွယ်သွယ်က ကုန်အမျိုးမျိုးကို မြန်မာပြည်အနှံ့ လှည့်လည် ရောင်းချကြတာ။ ဘုရားပွဲဈေးတန်းဟာ သူ့တို့အိမ်၊ သူတို့ရွာပါ။ ကျောက်တော်ကြီးပွဲလို၊ ရွှေဘို…

Read More

ကုန်ကြမ်းပစ္စည်းတွေ ဈေးတက်လို့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်ဖို့ခက်နေ

ဩဂုတ် ၁၆ – ၂၀၂၆ SN (VOM) ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေ ဈေးကွက်အတွင်း ရှားပါးနေခြင်းနဲ့ ဈေးနှုန်း အဆမတန် မြင့်တက်နေခြင်းကြောင့် ရန်ကုန်နဲ့ အခြားမြို့ကြီးတွေရှိ ကန်ထရိုက်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်ဖို့ခက်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ‌ပြောပါတယ်။ သွင်းကုန်ကန့်သတ်ချက်၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေနဲ့ ငွေကြေး ဖောင်းပွမှုတွေကြောင့် ဘိလပ်မြေ၊ သံချောင်း အစရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေ ဈေးအဆမတန် မြင့်တက်နေတာဖြစ်ပြီး ကန်ထရိုက်တိုက် ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားထားရတာတွေရှိသလို အကြမ်းထည်အဆင့်မှာတင် ရပ်တန့်နေတဲ့ လုပ်ငန်းတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ “အစိုးရရဲ့ မူဝါဒ သတ်မှတ်ချက်တွေကြောင့် လိုအပ်တဲ့ ပစ္စည်းတွေကို လိုသလောက် မှာယူတင်သွင်းဖို့ ခက်တယ်။ ဆိုတော့ သုံးရမယ့်ပစ္စည်းက ဈေးကွက်မှာ အလွယ်တကူ ဝယ်လို့မရဘူး။ စောင့်ဆိုင်းရတာတွေရှိတယ်။ ဒါကြောင့် ဒီအချိန်မှာ လုပ်ငန်းတခု ကောင်းကောင်းလည်ပတ်နိုင်ဖို့ ဆိုတာက…

Read More

၁၀၅ မိုင် မော်တောင်းရွာအနီးက ခိုတိန်ရွာမှာ အွန်လိုင်းငွေလိမ် ကျားဖြန့် စခန်း တခု စီးနင်း ဖမ်းဆီးခံရ

ဩဂုတ် ၁၆၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းက MNDAA ထိန်းချုပ်ရာ နယ်မြေဘက်ခြမ်း ၁၀၅ မိုင် မော်တောင်းရွာအနီးက ခိုတိန်ရွာမှာ ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း အွန်လိုင်းငွေလိမ် ကျားဖြန့် အလုပ်ဆိုဒ် တခု စီးနင်းဖမ်းဆီးခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ ခိုတိမ်ရွာ ရှမ်းရွာမှာ။ ကျားဖြန့်ကို ဝင်ဖမ်းတာ ပြေးကုန်ပြီ။ မူဆယ်မြို့နယ် မော်တောင်းရွာနဲ့ နီးတယ်။ မော်တောင်းရွာ ကနေ ဆိုင်ကယ်နဲ့ ဆင်းသွားရင် မိနစ် ၂၀ လောက် ဆိုရောက်ပြီ။ တရက်နှစ်ရက်ဆို သတင်းထွက်တော့မယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်တွေ အလုပ်လုပ် အခြေချခဲ့တဲ့ အဆောက်အဦး အိမ်ခြံဝင်းအတွင်းက သူတို့ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို…

Read More

YBS ယာဉ်စီးခတွေ တိုးမြှင့်မယ့် ကြေညာချက်ကို ပယ်ဖျက်

ဩဂုတ် ၁၆ – ၂၀၂၆ SN (VOM) ရန်ကုန့်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေ တိုးမြှင့်ကောက်ခံဖို့ ကြေညာခြင်းကို ဒီကနေ့ ဩဂုတ် ၁၆ ရက်နေ့ကစပြီး ပယ်ဖျက်လိုက်တယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။ “YBS ယာဉ်စီးခ ကျပ် ၂၀၀ ခရီးစဉ်ကို ၃၀၀ ကျပ်၊ ကျပ် ၄၀၀ ခရီးစဉ်ကို ၆၀၀ ကျပ်အဖြစ် စက်တင်ဘာလ ၁ ရက်နေ့ကနေစပြီး ပြောင်းလဲကောက်ခံမယ့် အစီအစဉ်ကို ပယ်ဖျက်ထားပါတယ်။ ပယ်ဖျက်ရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေ အခက်အခဲမဖြစ်အောင်လို့ပါ” လို့ ဦးလျန်ကျင့်မန်က ပြောပါတယ်။ ယာဉ်အပိုပစ္စည်း၊ ယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူမှုတန်ဖိုး ကြီးမြင့်တာ၊ ယာဉ်ပြင်ဆင်စရိတ်တွေ မြင့်တက်လာတာကြောင့် ယာဉ်စီးခတွေကို တိုးမြှင့်ကောက်ခံမယ်လို့ YRTC…

Read More

ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေကို ထောက်ပံ့ပေးတဲ့ MCCT အစီအစဉ်အမည်နဲ့ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုတွေ ရှိနေ

ဩဂုတ် ၁၆ – ၂၀၂၆ SS (VOM) ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် နှစ်နှစ်အောက် ကလေးငယ်တွေကို ငွေကြေးထောက်ပံ့ခြင်း (Maternal and Child Cash Transfer – MCCT) အစီအစဉ်ရဲ့ နာမည်ကို အလွဲသုံးစားပြုကာ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုတွေ ရှိနေတာကြောင့် အထူးသတိပြုကြဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထားပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ MCCT အစီအစဉ်မှာ အကျုံးဝင်သူတွေရဲ့ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် (ဒါမှမဟုတ်) ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကတဆင့်သာ ကောက်ယူနေတာဖြစ်ပြီး အွန်လိုင်းကနေ စာရင်းကောက်ယူခြင်း လုံးဝ (လုံးဝ) မပြုလုပ်ဘူးလို့ ဆိုပါတယ်။ ဒါအပြင် အကျိုးခံစားသူ စာရင်းသွင်းဖို့ လျှောက်ထားပုံစံနဲ့ ပတ်သက်လို့လည်း ငွေကြေးတစုံတစ်ရာ ကောက်ခံတာမရှိသလို အခု ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အကျိုးခံစားခွင့်…

Read More
VOM News

FREE
VIEW