ဒီဇင်ဘာ ၉ . ၂၀၂၀ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ကိုဗစ်ရောဂါ ခံစားနေရပြီး သူနဲ့ ထိစပ်တဲ့ လူ ၁၀ယောက် ကျော်ကလည်း လက်ရှိမှာ ကွာရန်တင်းစင်တာ ဝင်နေရပါတယ်လို့ တောင်ဥက္ကပမြို့နယ် အမှတ် (၁) တိုင်းကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က VOM ကို အတည်ပြုပြောကြားပါတယ်။ ရန်ကုန်မြို့တော်ဝန်က ဒီဇင်ဘာ ၇ ရက် ညပိုင်းမှာ ကိုဗစ်ရောဂါ ကူးခံရတဲ့ အတွက် ရန်ကုန် တော်ဥက္ကလာပမြို့နယ် ဆေးရုံမှာ ဆေးကုသခံနေရတယ်လို့လဲ Covid – 19 ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံပြန်ရေးကော်မတီ ဒေါက်တာကျော်စွာဦးက ပြောဆိုထားပါတယ်။ ‘‘ကျန်းမာရေးနဲ့ပတ်သက်ပြီးအစုံလျှောက်သွားနေတာ ဈေးတွေဘာတွေလဲ ဆင်းသွားလာနေတော့ ကူးတာနေမှာပေါ့။ လောလောဆယ်တော့ သတင်းကတော့ ကျွန်မတို့ သေချာမသိ သေးဘူးပေါ့ ။ အောက်ခြေဆင်းနေရတဲ့ ဝန်ကြီးတွေဆိုတော့လေ ။ သူတို့ထဲက တစ်ယောက်ယောက်ထဲကူးမှာပေါ့ ။…
Read MoreYear: 2020
နှာခေါင်းစည်း Mask ကောင်းမကောင်းဘယ်လိုစစ်ကြမလဲ
ဒီဇင်ဘာ ၁-၂၀၂၀ ဈေးကွက်ထဲက နှာခေါင်းစည်း Mask တွေကို အလွယ်မဝယ်သင့်ပါဘူး၊ ဘယ်လိုအရည်အသွေးတွေရှိသင့်တယ်၊ ဘယ်လိုဟာမှ ကာကွယ်မှုအပြည့်ပေးနိုင်တယ်ဆိုတာတွေကို အလွယ်တကူသိဖို့ ဒါလေးခဏဖတ်ပေးပါ။ ပထမဆုံးပြင်ပ သွင်ပြင်လက္ခဏာအနေနဲ့ စစ်နိုင်တာက ပါးစပ်နဲ့နှာခေါင်းစည်းတစ်ခုဟာ အလွှာ ၃ ခုပါရှိရပါမယ်။ ၁ – အပြင်ဘက်အလွှာဟာ ရေမဝင်နိုင်တဲ့၊ ရက်တလုပ်ထားတာမဟုတ်တဲ့ (non-woven) အလွှာဖြစ်တဲ့ လူနဲ့ လူခန္ဓာကိုယ်ကနေထွက်တဲ့ အစက်အမှုန်တွေကို မဝင်ရောက်ဖို့ ကာကွယ်ပေးပါတယ်။ ၂ – အလယ်အလွှာဟာ လေစစ် (Melt Blown)အလွှာဖြစ်တယ်၊ ရောဂါပိုးမွှားဖြတ်သန်း ဝင်/ထွက်တာကို ကာကွယ်ပေးတယ်။ ၃ – အတွင်းဘက်အလွှာက ရေစုပ်ယူနိုင်တဲ့၊ ရက်လုပ်ထားတဲ့ (non-woven) အလွှာဖြစ်လို့ တပ်ဆင်သူရဲ့ ကိုယ်က ထွက်နေတဲ့ အရည်အစက်အမှုန်တွေကို စုပ်ယူပြီးတော့ ပြင်ပကိုမထွက်ဖို့ ကာကွယ်ပေးပါတယ်။ ၄ – နှာခေါင်းနေရာပေါ်မှာရှိတဲ့ သတ္ထုချောင်း(ကလစ်)က ဝတ်ဆင်သူနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ဖို့…
Read Moreရွာထဲကနေအထွက်မခံလို့ ရဲတပ်ဖွဲ့ဝင်တွေကို ဓားနှင့်လိုက်ခုတ်ခဲ့သူ သေနတ်နဲ့ပစ်ဖမ်းခဲ့ရ
ဒီဇင်ဘာ ၉-၂၀၂၀ သက်ထားခင်(VOM) မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ သလဲကုန်းကျေးရွာထိပ် ကိုဗစ်စစ်ဆေးရေးဂိတ်မှာ မနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နေ့လယ်ပိုင်းက ရွာထဲကနေ ရွာပြင်ကိုအထွက်မခံတဲ့ ကိစ္စနဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်ရာကနေ ရပ်မိရပ်ဖနှစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဓားနှင့်ခုတ်လို့ သေနတ်နဲ့ ပစ်ဖမ်းခဲ့ရတယ်လို့ သလဲကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “သူက ဂိတ်တဲကို ဆိုင်ကယ်နဲ့ ဝင်တိုက်ပြီးတော့ ဂိတ်စောင့်နေတဲ့ ရပ်မိရပ်ဖ နှစ်ယောက်ကို တဲနားမှာရှိတဲ့ ထိုင်ခုံနဲ့ရိုက်တယ်၊ ကျန်တဲ့သူတွေလည်း လိုက်ရိုက်တာပဲ၊ ကျန်တဲ့သူတွေလည်း ပြေးလို့၊ အဲ့ဒါနဲ့ ကျွန်တော်တို့က စခန်းမှာ အမှုဖွင့်သွားတာပေါ့၊ နောက်မဖြစ်ဖို့ရာ အဲ့ဒါလေးလုပ်ဖို့ရာ စခန်းသွားတာပေါ့၊ အဲ့ဒီအခါကျ စခန်းကလိုက်လာတယ်၊ စခန်းက လိုက်လာတဲအခါ သူ့အိမ်မှာရောက်တယ်၊ အဲ့ဒီမှာ သူ့အိမ်မှာ အဝင်မခံဘူး၊ သူ့အိမ်ထဲကနေ ခဲတွေနဲ့ ဘာတွေနဲ့ ထုတယ်ပေါ့၊ ကားတွေလည်း ခဲနဲ့ထုတာပဲ ရဲတွေလည်း အဝင်မခံဘူး၊ နောက်ဆုံး…
Read Moreအမြန်လမ်းပေါ်မှာ မော်တော်ယာဉ်တွေကို လုယက်နေသူတွေ ဖမ်းဆီးရမိ
ဒီဇင်ဘာ ၈-၂၀၂၀ ကိုထွန်း(VOM) ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ လမ်းဟောင်းပေါ်က မော်တော်ယာဉ်တွေဆီကနေ လုယက်နေသူတွေကို ဒီဇင်ဘာ ၇ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ပျဉ်းမနားမြို့မရဲစခန်းကနေ သိရပါတယ်။ ပျဉ်းမနားမြို့၊ ပုရွက်ဆိပ်ကုန်းရွာအနီး မြို့ရှောင်လမ်းဘေး ‘အောင်ငြိမ်းအေး’ဆီပန့်ဆိုင်ရှေ့မှာ ဒီဇင်ဘာ ၆ရက်နေ့ ညပိုင်းက သာစည်ကနေ ဘိလပ်မြေအိတ်တင်လာတဲ့ မော်တော်ယာဉ်ဟာ ခေတ္တရပ်နားပြီး ကားခေါင်းခန်းအတွင်း အိပ်ပျော်နေချိန် အမည်မသိ လူ(၅ )ဦးနဲ့ မော်တော်ယာဉ်ရှေ့ ဆိုင်ကယ်ပေါ်မှာ စောင့်နေသူနှစ်ဦးတို့က ကားခေါင်းခန်းကိုဖွင့် ယာဉ်မောင်းရဲ့ခါးကို ဓားနဲ့ထောက်ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။ ခြိမ်းခြောက်နေချိန် ကားခေါင်းအတွင်းက ခရီးဆောင်အိတ်တစ်လုံး၊ ဆင်းကဒ်နှစ်ကဒ်ပါ MI 5 ရွှေအိုရောင်ဟန်းဆက်(၁)လုံး၊ မြန်မာကျပ်ငွေ(၆၉၀၀၀၀)ကျပ်နဲ့ ကားဆီတိုင်ကီအတွင်းမှ ဒီဇယ်ဆီ ၁၀ ဂါလံခန့်တို့ကို လုယက်ယူဆောင်သွားတဲ့အတွက် ပျဉ်းမနားမြို့မရဲစခန်းကို ယာဉ်မောင်းဖြစ်သူက လာရောက်တိုင်တန်းခဲ့ပြီး ပျဉ်မနားမြို့မရဲစခန်းမှ (ပ)၅၁၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၉၅ နဲ့ အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ်။ ” တရားခံဖမ်းဆီးရမိရေးအတွက်…
Read Moreခင်ပွန်းဖြစ်သူကို လူငှားသတ်တဲ့ ဇနီး နဲ့ အပေါင်းပါတွေကို ဖမ်းမိ
ဒီဇင်ဘာ ၈-၂၀၂၀ ကောင်းလက်ျာ(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မေတ္တာလင်းမြိုင်ကျေးရွာမှာနေတဲ့ အမျိုးသားတစ်ဦးအသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာကနေ ချုပ်ချယ်တဲ့ ခင်ပွန်းကို လူငှားသတ်ခိုင်းသူ ဇနီးဖြစ်သူနဲ့ ကျူးလွန်သူအပေါင်းပါတွေကို မနေ့ ဒီဇင်ဘာ ၇ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့မြဝတီမြို့မရဲစခန်းမှူး ဒု-ရဲမှူး အောင်ကျော်ဦးက ပြောပါတယ်။ ” မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးနေတာပါ။ မနေ့ညက ဝန်ခံထွက်ဆိုခဲ့ပြီး ဆွေမျိုးတွေဆီတောင် ဝင်ထွက်သွားလာခွင့်မပြုဘဲ ချုပ်ချယ်လွန်းတာ စိတ်ပျက်ပြီး လူငှားသတ်ခိုင်းခဲ့တာပါ။ ငွေပေးထားတာတောင် ကျပ်တစ်သိန်းပဲ ရှိပါသေးတယ်”လို့ ရဲမှူး အောင်ကျော်ဦးကပြောပါတယ်။ မေတ္တာလင်းမြိုင်ကျေးရွာမှာနေတဲ့ ဦးမျိုးအေး (၄၅နှစ်)ဆိုသူဟာ နိုဝင်ဘာလ၂၉ ရက် မနက်ပိုင်းက နေအိမ်ရှေ့ခန်းမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူမှ အဲ့ဒီနေ့မတိုင်မီ ည ၉ နာရီခန့်ကတည်းက အိပ်ခန်းထဲဝင်အိပ်နေတာဖြစ်တယ်လို့ စစ်ဆေးထွက်ဆိုခဲ့တာကြောင့် နယ်မြေခံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုစစ်ဆေးရာက ဒီဇင်ဘာ ၇ ရက်နေ့ညပိုင်းမှာ ဇနီးဖြစ်သူ…
Read Moreဗစ်တိုးရီးယားအမှုမှာ မှားယွင်းဖမ်းဆီးခံခဲ့ရတဲ့ ကိုအောင်ကြီးက သူ့နစ်နာမှုအတွက် သိန်းငါးထောင်ရလိုမှု တရားစွဲ
နေပြည်တော်-ဒီဇင်ဘာ-၈-၂၀၂၀ ကိုထွန်း (VOM) နေပြည်တော် သပြေကုန်း Wisdom Hill မူကြိုကျောင်းမှာ အသက် သုံးနှစ် မပြည့်သေးတဲ့ ဗစ်တိုးရီးယားလို့ အမည်ပေးထားတဲ့ မူကြိုကျောင်းသူလေးကို အဓမ္မပြုကျင့်ခဲ့တဲ့ ကိစ္စမှာ ဖမ်းဆီးခံရပြီး လွတ်မြောက်ခဲ့တဲ့ ကိုအောင်ကျော်မျိုး(ခ)ကိုအောင်ကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆီကနေ သိန်းငါးထောင်ရလိုကြောင်း တရားမ နစ်နာမှုနဲ့ ဒက္ခိဏခရိုင်တရားရုံးမှာ တရားစွဲလိုက်ပါတယ်။ “မမှန်မကန်တရားစွဲဆိုချုပ်နှောင်ခံရသည့်အတွက် လျော်ကြေးနှင့်နစ်နာကြေး ငွေ ၅၀၀,၀၀၀,၀၀၀ိ/-(ကျပ်သိန်းငါးထောင်တိတိ) ရလိုမှု” ဆိုပြီးစွဲဆိုတဲ့ အကြောင်း ဒီအမှုကိုလိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ပြောပြတာက “ကိုအောင်ကျော်မျိုး ခေါ် အောင်ကြီးပေါ့နော် သူကနေပြီးတော့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားမနစ်နာမှုနဲ့တရားစွဲထားပါတယ်ဗျ။ ဒီကနေ့ပဲ ဒက္ခိဏခရိုင်တရားရုံးမှာ တင်ပါတယ်။ အမှုရဲ့အမည်ကတော့ မမှန်မကန်တရားစွဲဆိုချုပ်နှောင်ခံရသည့်အတွက် လျော်ကြေးနဲ့နစ်နာကြေးငွေ ကျပ် သိန်း ၅၀၀၀ ရလိုမှုပါဗျ။ ဗစ်တိုးရီးယားလို့ လူတွေသိကြတဲ့အမှုမှာ သူ့ကို မှားဖမ်းမိတဲ့အခါကြတော့လူသိရှင်ကြားလည်း သိက္ခာတွေချ၊ အချုပ်ထဲမှာလည်း လအများကြီးနေခဲ့ရတယ်။ အဲ့ဒီဟာတွေအတွက်ပေါ့ဗျာ။ လျော်ကြေးနဲ့နစ်နာကြေးပေါင်းပြီးတော့ သိန်း…
Read Moreအဂတိမကင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ခုံသမာဓိကောင်စီကို အလုပ်သမားတွေ ဆန္ဒပြ
ဒီဇင်ဘာ ၈၊၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ခုံသမာဓိကောင်စီရုံးကို အဂတိမကင်းတဲ့ ဆုံးဖြတ်ချက်တွေကို လက်မခံဘူးဆိုကာ အလုပ်သမားတွေက ဒီကနေ့မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။ ခုံသမာဓိမှာ အနိူင်ရရှိပြီး ခုံသမာဓိကောင်စီမှာ ရှုံးနိမ့်ခဲ့ရတဲ့အမှုတွေနဲ့ပတ်သက်ပြီး အဂတိမကင်းတဲ့ ဆုံးဖြတ်ချက်တွေကို လက်မခံတဲ့အတွက် သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)နဲ့ မြန်မာနိူင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)တို့မှ ပူးပေါင်းကာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ” အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြစ်စဉ်တွေမှာ ခုံသမာဓိအဖွဲ့ကိုရောက်ရှိတဲ့အမှုတွေဟာ အနိုင်ရရှိမှုများပြားပြီး ခုံသမာဓိကောင်စီကိုရောက်တဲ့အချိန်မှသာ ရှုံးနိမ့်နေရတဲ့အတွက် ခုံကောင်စီရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်”လို့ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်သူ ဦးဘိုဘိုငြိမ်းကပြောပါတယ်။ ဆန္ဒဖော်ထုတ်ရာမှာ ဦးဆောင်သူဒေါ်လှရီစန်းနဲ့ အလုပ်သမားတွေက ခုံကောင်စီအလိုမရှိ၊ခုံကောင်စီနှုတ်ထွက်ပေးရေး၊ ခုံကောင်စီဆုံးဖြတ်ချက်များအား ပြန်လည်သုံးသပ်ပေးရေးစတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။ ဆန္ဒပြတာကို လာရောက်ဝန်းရံသူ မြန်မာနိူင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)မှ ယာယီတာဝန်ခံ ဒေါ်မိုးစန္ဒာမြင့်ကလည်း “ကျွန်မတို့ဒီနေ့ဆန္ဒပြရတဲ့ ရည်ရွယ်ချက်က ခုံသမာဓိရဲ့ကောင်စီရဲ့ ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်ကြောင့် နစ်နာသွားတဲ့အလုပ်သမားတွေအနေနဲ့ ကောင်စီရဲ့လူကြီးတွေအပေါ် သူတို့တောင်းဆိုချင်တဲ့ အချက်လေးတွေကို လာရောက်ကြွေးကြော်ရင်း…
Read Moreဘာရှန်ချာကျွန်းပေါ်ပြောင်းတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို အရင်ဆုံးပြန်နိုင်ဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ဆို
ဒါကာ၊ ဒီဇင်ဘာ-၈-၂၀၂၀ မျိုးဆက် (VOM) ကော့ဘဇားဒေသရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို ပင်လယ်အတွင်းရှိ ဘာရှန်ချာကျွန်းသို့ ပြောင်းရွှေ့ထားတာဟာ ယာယီအစီအစဉ်သာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန်ပို့တဲ့လုပ်ငန်းစဉ် စတင်ရင် ဒီကျွန်းပေါ်ကလူတွေဟာ ပထမသုတ်အဖြစ် အရင်ပြန်ရဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူမိုမန်က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ စစ်တကောင်းဆိပ်ကမ်းကနေ ၅၂ ကီလိုမီတာကွာဝေးတဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဘာရှန်ချာကျွန်းပေါ်ကို ကော့ဘဇားဒေသက စခန်းတွေမှာနေထိုင်ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၆၀၀ ကျော်ကို မကြာသေးမီက ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ဘယ်လိုပြောင်းရွှေ့မှုမျိုးမဆို ဆန္ဒအလျောက်ဖြစ်ရမယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတဲ့ ရပ်တည်ချက်ဟာ အလွန်ရှင်းလင်းပြီး ပွင့်လင်းမြင်သာမှုရှိတယ်လို့ ရိုဟင်ဂျာတွေ ပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ ကုလသမဂ္ဂအနေနဲ့ ဘင်္ဂလားဒေ့ရှ် ဘယ်နေရာမှာမဆို ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတိုင်းကို လုပ်ပိုင်ခွင့်အရ ကူညီပေးသင့်တယ်လို့ ဒေါက်တာအေကေအဗ္ဗဒူမိုမန်က ပြောပါတယ်။ Ref: bssnews Photo: AFP #voiceofmyanmar #VOM #ရိုဟင်ဂျာ…
Read Moreရေကြည်မြို့မှာ မိသားစုဝင် သုံးဦးကို လုပ်သေနတ်နဲ့ ဝင်ပစ်ခံရ
ဒီဇင်ဘာ ၈-၂၀၂၀ ကောင်းလက်ျာ(VOM) ဧရာဝတီတိုင်း၊ ရေကြည်မြို့ နယ်၊ ဖန်းကပင်ကျေးရွာအုပ်စု၊ ဂရက်အနောက်ကျေးရွာရှိ နေအိမ် တစ်အိမ်မှာ မနေ့ ဒီဇင်ဘာ ၇ ရက်နေ့ ည ၈ နာရီခန့်က မိသားစုဝင် ၃ ဦးကို လုပ်သေနတ်နဲ့ ဝင်ပစ်ခံခဲ့ရတာကြောင့် တစ်ဦးသေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပု သိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။ ” ပြစ်မှုကျူးလွန်သူရဲ့နောက်ကြောင်းရာဇဝင်ကို အခုချိန် အသေးစိတ် ပြောလို့မရသေးပါဘူး။ အခုပဲ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးဖို့ ကွင်းဆင်းနေပါပြီ။ အိမ်ထောင်ဦးစီးက အခင်းဖြစ်နေရာမှာ ဆုံးပါးသွားပါတယ်”လို့ ရဲအရာရှိကပြောပါတယ်။ ဂရက်အနောက်ကျေးရွာမှာနေတဲ့ အသက် ၅၇နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့နေအိမ်ကို ဦးလှစန်း အသက်(၄၇ နှစ်) ရောက်ရှိလာပြီး ဘောစိနဲ့ ပစ်ရတဲ့ လက်လုပ်လေသေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်ခံရတဲ့ အသက် ၅၇နှစ်အရွယ် အမျိုးသားဟာ ဒူးအထက် ဖောက်ဝင်ဒဏ်ရာ၊…
Read Moreတရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ နေ့စဉ်ကြုံနေရတယ်လို့ ထိုင်ဝမ်သမ္မတပြော
တိုင်ပေ၊ ဒီဇင်ဘာ-၈-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံကပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ ထိုင်ဝမ်ကျွန်းကို ယခုနှစ်အတွင်း ခြောက်ကြိမ်မြောက် လက်နက်ရောင်းချမှုအဖြစ် ဒေါ်လာ သန်း ၂၈၀ တန်ဖိုးရှိလက်နက်ရောင်းချဖို့ သဘောတူညီချက်သစ်တစ်ရပ်ကို အမေရိကန်က ကြေညာလိုက်ပြီးနောက် ထိုင်ဝမ်စစ်ဘက်ဟာ စစ်ရေးခြိမ်းခြောက်မှုတွေနဲ့ နေ့စဉ်ကြုံတွေ့နေရတယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ ထိုင်ဝမ်ကို လက်နက် ၁၁ မျိုးနဲ့ သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာသစ်တစ်ခုကို ရောင်းချဖို့ အမေရိကန်အစိုးရက ကွန်ဂရက်ကို အကြောင်းကြားခဲ့ပြီး သမ္မတထရန့်ရဲ့ အမေရိကန်အစိုးရဟာ ထိုင်ဝမ်အပေါ် ထောက်ပံ့မှုများ တိုးမြင့်ခဲ့ပါတယ်။ ဒီလိုလက်နက်ရောင်းချတာတွေကြောင့် တရုတ်နိုင်ငံကအမျက်ဒေါသထွက်နေပြီး အမေရိကန်နဲ့ တင်းမာတွေမြင့်တက်နေပါတယ်။ တရုတ်နိုင်ငံဟာ လက်နက်ရောင်းချမှုမှာ ပါဝင်တဲ့ အမေရိကန်ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့မှုတွေချမှတ်ခဲ့ပြီး ထိုင်ဝမ်ကျွန်းအနီး လေကြောင်းပျံသန်းမှုပုံမှန်ပြုလုပ်တာတွေအပါအဝင် ကျွန်းအနီးမှာ စစ်ရေးလှုပ်ရှားမှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံက လေတပ်နဲ့ ရေတပ်အဆောက်အအုံများအပါအဝင် ကျွန်းတုတွေတည်ဆောက်နေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ…
Read More