ရန်ကုန်မြို့တော်ဝန်နဲ့ ထိစပ်သူ ၁၀ယောက်ကျော် ကွာရန်တင်းစင်တာ ဝင်နေရ

ဒီဇင်ဘာ ၉ . ၂၀၂၀
ယဉ်ပပထွန်း(VOM)

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ကိုဗစ်ရောဂါ ခံစားနေရပြီး သူနဲ့ ထိစပ်တဲ့ လူ ၁၀ယောက် ကျော်ကလည်း လက်ရှိမှာ ကွာရန်တင်းစင်တာ ဝင်နေရပါတယ်လို့ တောင်ဥက္ကပမြို့နယ် အမှတ် (၁) တိုင်းကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က VOM ကို အတည်ပြုပြောကြားပါတယ်။

ရန်ကုန်မြို့တော်ဝန်က ဒီဇင်ဘာ ၇ ရက် ညပိုင်းမှာ ကိုဗစ်ရောဂါ ကူးခံရတဲ့ အတွက် ရန်ကုန် တော်ဥက္ကလာပမြို့နယ် ဆေးရုံမှာ ဆေးကုသခံနေရတယ်လို့လဲ Covid – 19 ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံပြန်ရေးကော်မတီ ဒေါက်တာကျော်စွာဦးက ပြောဆိုထားပါတယ်။

‘‘ကျန်းမာရေးနဲ့ပတ်သက်ပြီးအစုံလျှောက်သွားနေတာ ဈေးတွေဘာတွေလဲ ဆင်းသွားလာနေတော့ ကူးတာနေမှာပေါ့။ လောလောဆယ်တော့ သတင်းကတော့ ကျွန်မတို့ သေချာမသိ သေးဘူးပေါ့ ။ အောက်ခြေဆင်းနေရတဲ့ ဝန်ကြီးတွေဆိုတော့လေ ။ သူတို့ထဲက တစ်ယောက်ယောက်ထဲကူးမှာပေါ့ ။ မာစ်ခ်ကန်ပိန်းတွေကလည်း လုပ်နေကျတာလေ ။ သူနဲ့အတူတူ ကား ဒါရိုင်ဘာနှစ်ယောက်ပါတယ် ။ ပြီးရင် ပီအက်အို တစ်ယောက်ပါတယ်။ သူနဲ့ ဆက်စပ်စပ်လူ ၁၀ ယောက်ကျော်ပေါ့ ကွာရန်တင်းစင်တာဝင်နေပါပြီ “ လို့ ဒေါ်သစ်သစ်မြင့်ကပြောပါတယ်။

ကိုဗစ်ပထမလှိုင်းတုန်းက ပထမဆုံး ရန်ကုန်တိုင်း လူမူရေးဝန်ကြီး ဦးနိုင်ငံလင်းက ကိုဗစ်ရောဂါ သံသယရှိမှုကြောင့်အိမ်မှာ ၁၄ ရက်တာနေခဲ့ရဘူးပါတယ်။ အခု လက်ရှိမှာတော့ ရန်ကုန်တိုင်းအစိုးရထဲမှာ ရန်ကုန်မြို့တော်ဝန်က ကိုဗစ်ရောဂါ အနေနဲ့ တောင်ဥက္ကပမြို့နယ် ဆေးရုံမှာ တက်ရောက်ကုသနေရပြီး ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်မြို့တော်ဝန် #ကိုဗစ်

ဓါတ်ပုံ ရန်ကုန်တိုင်းအစိုးရ

zawgyi

ရန္ကုန္ၿမိဳ႕ေတာ္ဝန္နဲ႔ ထိစပ္သူ ၁၀ေယာက္ေက်ာ္ ကြာရန္တင္းစင္တာ ဝင္ေနရ

ဒီဇင္ဘာ ၉ . ၂၀၂၀
ယဥ္ပပထြန္း(VOM)

ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ကိုဗစ္ေရာဂါ ခံစားေနရၿပီး သူနဲ႔ ထိစပ္တဲ့ လူ ၁၀ေယာက္ ေက်ာ္ကလည္း လက္ရွိမွာ ကြာရန္တင္းစင္တာ ဝင္ေနရပါတယ္လို႔ ေတာင္ဥကၠပၿမိဳ႕နယ္ အမွတ္ (၁) တိုင္းကိုယ္စားလွယ္ ေဒၚသစ္သစ္ျမင့္က VOM ကို အတည္ျပဳေျပာၾကားပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ဒီဇင္ဘာ ၇ ရက္ ညပိုင္းမွာ ကိုဗစ္ေရာဂါ ကူးခံရတဲ့ အတြက္ ရန္ကုန္ ေတာ္ဥကၠလာပၿမိဳ႕နယ္ ေဆး႐ုံမွာ ေဆးကုသခံေနရတယ္လို႔လဲ Covid – 19 ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံျပန္ေရးေကာ္မတီ ေဒါက္တာေက်ာ္စြာဦးက ေျပာဆိုထားပါတယ္။

‘‘က်န္းမာေရးနဲ႔ပတ္သက္ၿပီးအစုံေလွ်ာက္သြားေနတာ ေဈးေတြဘာေတြလဲ ဆင္းသြားလာေနေတာ့ ကူးတာေနမွာေပါ့။ ေလာေလာဆယ္ေတာ့ သတင္းကေတာ့ ကြၽန္မတို႔ ေသခ်ာမသိ ေသးဘူးေပါ့ ။ ေအာက္ေျခဆင္းေနရတဲ့ ဝန္ႀကီးေတြဆိုေတာ့ေလ ။ သူတို႔ထဲက တစ္ေယာက္ေယာက္ထဲကူးမွာေပါ့ ။ မာစ္ခ္ကန္ပိန္းေတြကလည္း လုပ္ေနက်တာေလ ။ သူနဲ႔အတူတူ ကား ဒါ႐ိုင္ဘာႏွစ္ေယာက္ပါတယ္ ။ ၿပီးရင္ ပီအက္အို တစ္ေယာက္ပါတယ္။ သူနဲ႔ ဆက္စပ္စပ္လူ ၁၀ ေယာက္ေက်ာ္ေပါ့ ကြာရန္တင္းစင္တာဝင္ေနပါၿပီ “ လို႔ ေဒၚသစ္သစ္ျမင့္ကေျပာပါတယ္။

ကိုဗစ္ပထမလႈိင္းတုန္းက ပထမဆုံး ရန္ကုန္တိုင္း လူမူေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ကိုဗစ္ေရာဂါ သံသယရွိမႈေၾကာင့္အိမ္မွာ ၁၄ ရက္တာေနခဲ့ရဘူးပါတယ္။ အခု လက္ရွိမွာေတာ့ ရန္ကုန္တိုင္းအစိုးရထဲမွာ ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ကိုဗစ္ေရာဂါ အေနနဲ႔ ေတာင္ဥကၠပၿမိဳ႕နယ္ ေဆး႐ုံမွာ တက္ေရာက္ကုသေနရၿပီး က်န္းမာေရးေကာင္းမြန္ေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ၿမိဳ႕ေတာ္ဝန္ #ကိုဗစ္

ဓါတ္ပုံ – ရန္ကုန္တိုင္းအစိုးရ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW